မူကြိုတက်တဲ့အရွယ်ထိလည်း မဖျောက်နိုင်သေးဘူးဆိုရင်တော့ ကလေးအရွယ်ရောက်လာတာနဲ့အမျှ ပြဿနာတစ်ခု ဖြစ်လာပါတော့တယ်။

ငယ်စဉ်ကလေးဘဝတုန်းက လက်စုပ်တတ်တဲ့အကျင့် ရှိခဲ့ဖူးတာကို မှတ်မိမယ်ဆိုရင် ဒီအကျင့်ဟာ ဘယ်လောက်ထိ ဖြတ်ရခက်တယ်ဆိုတာ သိကြမှာပါနော်။ ကလေးပိစိကွေးအရွယ်မှာ လက်စုပ်တာက ပြဿနာတစ်ခုမဟုတ်ပေမဲ့ ဒီအကျင့်ဟာ လမ်းလျှောက်တတ်တဲ့အရွယ်ထိလည်းမပျောက်၊ မူကြိုတက်တဲ့အရွယ်ထိလည်း မဖျောက်နိုင်သေးဘူးဆိုရင်တော့ ကလေးအရွယ်ရောက်လာတာနဲ့အမျှ ပြဿနာတစ်ခု ဖြစ်လာပါတော့တယ်။ လက်စုပ်တဲ့အကျင့်ကြီးကို ဘယ်လိုဖျောက်ပေးကြမလဲ။

 

၁။ ပြောပြပါ

ကလေးတွေရဲ့ နားလည်နိုင်စွမ်းကို လျှော့မတွက်ပါနဲ့။ လက်စုပ်တဲ့အကျင့်ဟာ ဘယ်လိုတွေ ဆိုးတယ်ဆိုတာကို သူတို့ကို ပြောပြပါ။ ဆူတာ၊ မာန်မဲတာ မပါဘဲနဲ့ နားဝင်အောင်ပြောကြည့်ပါ။

see also 

၂။ အပြုသဘောဆန်တဲ့ ဆုပေးဒဏ်ပေးစနစ်

ဒီနေ့တစ်နေ့လုံး လက်မစုပ်ဘဲ နေနိုင်ရင် ကာတွန်းကားလိုက်ပြမယ်တို့၊ လိုချင်တဲ့အရုပ် ဝယ်ပေးမယ်တို့ စတဲ့နည်းလမ်းတွေနဲ့ ကလေးတွေကို သိမ်းသွင်းကြည့်ရင် အဆင်ပြေနိုင်ပါတယ်။ ကိုယ့်ဘက်ကလည်း တကယ်လိုက်လျောပေးဖို့ လိုတာပေါ့။ တစ်နေ့ ဒါမှမဟုတ် နာရီသတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်းမှာ လက်မစုပ်အောင် သူတို့ကိုလည်း သတိပေးနေရမှာဖြစ်သလို ကိုယ်ကလည်း စောင့်ကြည့်ပေးနေရပါမယ်။

 

၃။ ဗီဒီယို

လက်စုပ်တဲ့အကျင့်ကြောင့် လက်လေးတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို YouTube မှာ ဗီဒီယိုလေးတွေ ရှိပါတယ်။ အဲ့တာလေးတွေကို သူတို့ကို ပြပေးလိုက်ပါဦး။

 

၄။ ဖုံးအုပ်ပေးထားပါ

ညအိပ်ချိန်ဆိုရင်တော့ သူတို့လေးတွေကို လက်မစုပ်အောင် တားမြစ်ဖို့က အတော်ခက်တယ်။ လက်လေးစုပ်ပြီး အိပ်ရာဝင်ကြတာကိုး။ သူတို့ကို မအိပ်ခင်မှာ လက်အိတ်လေးတွေ စွပ်ပေးဖို့ ကြိုးစားကြည့်သင့်ပါတယ်။

 

၅။ လက်မအကာ

လက်မ စုပ်တတ်တဲ့ ကလေးတွေအတွက် လက်မကို ကာကွယ်ထားမယ့် thumb guard လေးတွေ စွပ်ပေးထားလိုက်ပါ။ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်တွေမှာ ရနိုင်ပါတယ်။

Source : Mama's Life

သားသားမီးမီးတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲရမယ့် Juniors' Festival ပွဲတော်ကို လာမယ့် နိုဝင်ဘာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တို့မှာ ပြုလုပ်မှာဖြစ်လို့ မေမေတို့ ဖေဖေတို့လည်း သားသားမီးမီးတို့နဲ့အတူ လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်တယ်နော်။ Myanmar Plaza Promotion Area မှာ ပြုလုပ်မှာဖြစ်ပြီး စိတ်ဝင်စား ပျော်ရွှင်ရမယ့် အစီအစဉ်တွေ အများကြီးပါဝင်မှာဖြစ်လို့ လာဖြစ်အောင်လာဖို့ ဖိတ်လိုက်ပါတယ်နော်။

 

Share

Loading Next Article...
က္က