အဆိုတော်ခြောက်ဦး ပါဝင်ဖျော်မှာဖြစ်ပါတယ်။
 

ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ နိုဝင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားမယ့် Juniors’ Festival 2017 မှာ အဆိုတော် ဂရေဟမ်၊ ဖြိုးပြည်စုံ၊ ကျော်ဇင်လွင်၊ ချာလီ၊ မေလသံစဉ်နဲ့ ပန်းရောင်ခြယ်တို့က ပါဝင်ဖျော်ဖြေကြမယ်လို့ သိရပါတယ်။

ဒီပွဲတော်ကို လာရောက်သူတိုင်း ပျော်ရွှင်စရာနဲ့ ဗဟုသုတရဖွယ်ရာ အစီအစဉ်တွေအဖြစ် အနုပညာရှင်မေမေတွေ ပါဝင်ဆွေးနွေးမယ့် Mommy Talk , The Whole Myanmar Top 10 တွေနဲ့ အရမ်းထူးချွန်တဲ့ ဂျူနီယာလေးတွေက အောင်မြင်မှုတွေရဖို့ သူတို့ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ပြောပြပေးမယ့် Champion’s Talk , Junior Chef Contest , Junior Fashion Walk အစရှိတဲ့ အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကလေးတွေရဲ့ရှေ့ရေး အနာဂတ်ပညာရေးအတွက် မိဘတွေကိုယ်တိုင် လေ့လာပြီး ယုံကြည်စွာအပ်နှံနိုင်မယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက အခြေခံပညာကျောင်းတွေရဲ့ပြခန်းတွေ၊ Fashion လှလှလေးတွေအတွက် အပြည့်အဝတာဝန်ယူပေးမယ့် Junior Fashion Brand တွေကို ရောင်းချမယ့် ဆိုင်ခန်းတွေလည်း ပါရှိပါတယ်။

ဆရာကြီးမင်းသိင်္ခရဲ့တပည့်ရင်းဖြစ်တဲ့ ဆရာဇော်ရဲနောင်က ဗေဒင်ဝါသနာအိုးတွေ မေးမြန်းမယ့် မေးခွန်း ၃ ခုကို ဆရာဇော်ရဲနောင်က ဟောပြောပေးသွားမှာပါ။ ဗေဒင်မေးမြန်းချင်ရင်တော့ ပွဲကျင်းပမယ့် နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ပွဲကိုလာရောက်ပြီး စာရင်းသွင်းပေးထားရုံပါပဲ။

 

Share

Loading Next Article...
က္က