ပညာရေးနဲ့ပတ်သက်ပြီး ထူးချွန်တဲ့လူငယ်တွေက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
 

Duwun မီဒီယာကနေ စီစဉ်ပြုလုပ်မယ့် Juniors' Festival 2017 ပွဲတော်မှာ ပညာရေးနဲ့ပတ်သက်ပြီး ထူးချွန်တဲ့လူငယ်တွေ ပါဝင်ဆွေးနွေးမယ့် စကားဝိုင်းတစ်ခုကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ့စကားဝိုင်းမှာ ထူးချွန်လူငယ်ဘဝရရှိဖို့ သူတို့ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်းတွေကို Champions Talk ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမျှဝေသွားကြမှာဖြစ်ပါတယ်။

 

ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ နိုဝင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ဂျူနီယာလေးတွေရဲ့ပွဲတော် Juniors’ Festival 2017 မှာ ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မှာဖြစ်ပြီး ဂျူနီယာလေးတွေအတွက် အဓိကရည်ရွယ်တဲ့ အာဟာရပြည့် စားသောက်ကုန်ဆိုင်ရာ ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြုဆိုင်ခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

လာရောက်သူတိုင်း ပျော်ရွှင်စေဖို့နဲ့ ဗဟုသုတရဖွယ်ရာ အစီအစဉ်တွေထည့်သွင်းထားတဲ့  Juniors’ Festival 2017 ကို မျိုးဆက်သစ်တို့ရဲ့ မီဒီယာ Duwun ကနေ စီစဉ်ပြီး Media Partner အနေနဲ့ KALAY က ကူညီပံ့ပိုးပေးထားပါတယ်။ Juniors’ Festival 2017 မှာ ဆိုင်ခန်းအနေနဲ့ ပါဝင်ရောင်းချလိုရင်ပဲဖြစ်ဖြစ် ၊ Sponsor အနေနဲ့ ပါဝင် ကူညီပံ့ပိုးပါချင်ရင်ပဲဖြစ်ဖြစ် Hotline 09444825400 , 09444825300 တို့ကိုဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

 

Share

Loading Next Article...
က္က