AD
AD
AD

တကယ်လို့ ကိုယ့်ရဲ့ သားသားမီးမီး၊ တူတူမလေးတွေမှာ အသက် ၂ နှစ်ကနေ မြီးကောင်ပေါက်အရွယ်တွေ ပါဝင်နေတယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ပွဲလေးတစ်ခုအကြောင်း လက်တို့လိုက်ပါတယ်။ အဲ့တာကတော့ Junior's Festival 2017 ဖြစ်ပါတယ်။ ပါဝင်မယ့် အစီအစဉ်တွေကလည်း တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။

play

 

ကလေးတွေကိုယ်တိုင် ဟင်းချက်ပြိုင်ရမယ့်အစီအစဉ်၊ မိခင်တွေရဲ့စကားဝိုင်း၊ Champions' Talk ၊ Science Corner တို့လို စိတ်ဝင်စားစရာ ပြခန်းတွေ ပြိုင်ပွဲတွေ ပါဝင်မယ်လို့ သတင်းရတယ်။ ဆုတွေလည်း ပေးဦးမှာတဲ့။ Juniors’ Festival 2017 မှာ ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မှာဖြစ်ပြီး ဂျူနီယာလေးတွေအတွက် အဓိကရည်ရွယ်တဲ့ အာဟာရပြည့် စားသောက်ကုန်ဆိုင်ရာ ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြုဆိုင်ခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးတွေရဲ့ရှေ့ရေး အနာဂတ်ပညာရေးအတွက် မိဘတွေကိုယ်တိုင် လေ့လာပြီး ယုံကြည်စွာအပ်နှံနိုင်မယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက အခြေခံပညာကျောင်းတွေရဲ့ပြခန်းတွေ၊ Fashion လှလှလေးတွေအတွက် အပြည့်အဝတာဝန်ယူပေးမယ့် Junior Fashion Brand တွေကို ရောင်းချမယ့် ဆိုင်ခန်းတွေလည်း ပါရှိပါတယ်။

 

ပွဲရဲ့အစီအစဉ်တွေက အများကြီးကျန်သေးတယ်။ မေမေတို့စိတ်ဝင်စားမှာ သေချာတဲ့ အစီအစဉ်တစ်ခုကတော့ ပွဲတက်လာသူတွေအနေနဲ့ စာရင်းသွင်းပြီးရင် ကလေးအမည်ပေးကို နာမည်ကျော် ဗေဒင်ဆရာတစ်ဦးက အမည်ရွေးပေးဦးမှာတဲ့။ မျက်လှည့်ပြပွဲလည်း ပါဦးမယ်။ မိသားစုလိုက် ဆင်နွှဲရမယ့် Puzzle Corner ၊ သားသားမီးမီးတို့ရဲ့ ဖက်ရှင်ရှိုးတို့အပြင် နာမည်ကြီး အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ထည့်သွင်းတင်ဆက်ဦးမယ်လို့ သိရတယ်။

Juniors' Festival 2017 ပွဲကို Myanmar Plaza ၊ Promotion Area မှာ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ပြုလုပ်သွားမှာပါ။ ဒီပွဲလေးကို အခမဲ့ တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

Postby

 

Juniors’ Festival 2017 ကို မျိုးဆက်သစ်တို့ရဲ့ မီဒီယာ Duwun ကနေ စီစဉ်ပြီး Media Partner အနေနဲ့ KALAY က ကူညီပံ့ပိုးပေးထားပါတယ်။ Juniors’ Festival 2017 မှာ ဆိုင်ခန်းအနေနဲ့ ပါဝင်ရောင်းချလိုရင်ပဲဖြစ်ဖြစ် ၊ Sponsor အနေနဲ့ ပါဝင် ကူညီပံ့ပိုးပါချင်ရင်ပဲဖြစ်ဖြစ် Hotline 09444825400 , 09444825300 တို့ကိုဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD