Juniors' Festival 2017 ပွဲကို Myanmar Plaza ၊ Promotion Area မှာ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ပြုလုပ်သွားမှာပါ။

ဗေဒင်ဝါသနာအိုးတွေ စိတ်ဝင်စားမယ့် ပွဲလေးတစ်ခု ရှိပါတယ်။ ဒီပွဲလေးကို မကြာခင်မှာပဲ ပြုလုပ်တော့မှာပါ။ ဒီပွဲမှာ ကိုယ်သိလိုတဲ့ မေးခွန်းတွေကို နာမည်ကျော် ဗေဒင်ဆရာတစ်ဦးက ဖြေကြားဟောပြောပေးသွားမှာဖြစ်ပြီး ဒီအတွက် အခကြေးငွေလည်း ပေးစရာမလိုပါဘူး။


 

လာမယ့် နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ပြုလုပ်မယ့် Juniors' Festival ပွဲမှာ ဆရာကြီးမင်းသိင်္ခရဲ့တပည့်ရင်းဖြစ်တဲ့ ဆရာဇော်ရဲနောင်က ဟောပြောပေးသွားမှာဖြစ်ပါတယ်။ ဗေဒင်ဝါသနာအိုးတွေ မေးမြန်းမယ့် မေးခွန်း ၃ ခုကို ဆရာဇော်ရဲနောင်က ဟောပြောပေးသွားမှာပါ။ အခုလိုမျိုး ဗေဒင်မေးမြန်းချင်ရင်တော့ ပွဲကျင်းပမယ့် နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ပွဲကိုလာရောက်ပြီး စာရင်းသွင်းပေးထားရုံပါပဲ။ စာရင်းကြိုပေးထားမှ မေးလို့ရမှာနော်။

see also 

Juniors' Festival 2017 ပွဲကို Myanmar Plaza ၊ Promotion Area မှာ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ပြုလုပ်သွားမှာပါ။ ဒီပွဲလေးကို အခမဲ့ တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

 

ဒီပွဲကို Duwun က ကြီးမှူးကျင်းပတာဖြစ်ပြီး ပွဲမှာ ကလေးတွေကိုယ်တိုင် ဟင်းချက်ပြိုင်ရမယ့်အစီအစဉ်၊ မိခင်တွေရဲ့စကားဝိုင်း၊ Champions' Talk ၊ Science Corner တို့လို စိတ်ဝင်စားစရာ ပြခန်းတွေ ပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဆုတွေလည်း ပေးဦးမှာတဲ့။ Juniors’ Festival 2017 မှာ ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မှာဖြစ်ပြီး ဂျူနီယာလေးတွေအတွက် အဓိကရည်ရွယ်တဲ့ အာဟာရပြည့် စားသောက်ကုန်ဆိုင်ရာ ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြုဆိုင်ခန်းတွေလည်း ပါဝင်ဦးမှာပါ။

 

ဒါ့အပြင် ကလေးတွေရဲ့ရှေ့ရေး အနာဂတ်ပညာရေးအတွက် မိဘတွေကိုယ်တိုင် လေ့လာပြီး ယုံကြည်စွာအပ်နှံနိုင်မယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက အခြေခံပညာကျောင်းတွေရဲ့ပြခန်းတွေ၊ Fashion လှလှလေးတွေအတွက် အပြည့်အဝတာဝန်ယူပေးမယ့် Junior Fashion Brand တွေကို ရောင်းချမယ့် ဆိုင်ခန်းတွေလည်း ပါရှိပါတယ်။ Juniors' Festival ရဲ့ Gold Sponsored အဖြစ်ကိုတော့ ကလေးတွေအတွက်အဆင်ပြေဆုံး Diaper Plume Small Baby က တာဝန်ယူပေးထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က