Juniors: Juniors' Festival မှာ သားသားမီးမီးတို့ စိတ်ဝင်စားမယ့်အရာတွေ

ပညာရေး၊အာဟာရ၊ကျန်းမာရေးနဲ့သိပ္ပံပညာဆိုတဲ့ အဓိကကဏ္ဍကြီးလေးခုပါဝင်မှာပါ။

မကြာခင်ပြုလုပ်တော့မယ့် Juniors' Festival ပွဲလေးဟာ သားသားမီးမီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ မိဘတွေအတွက် အသိပညာဗဟုသုတနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ ရန်ကုန်မြို့ မြန်မာပလာဇာ ပရိုမိုးရှင်းဧရိယာမှာ ပြုလုပ်မှာဖြစ်ပြီး  ဒီပွဲမှာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ပစ္စည်းအစုံအလင်ဝယ်ယူနိုင်မယ့် ဆိုင်ခန်းပေါင်း (၄၀)ကျော်ပါဝင်ပီး ဗဟုသုတဖြစ်ဖွယ် ပျော်ရွှင်ဖွယ်အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

play

 

ဒီပွဲမှာပညာရေး၊အာဟာရ၊ကျန်းမာရေးနဲ့သိပ္ပံပညာဆိုတဲ့အဓိကကဏ္ဍကြီးလေးခုပါဝင်မှာဖြစ်ပြီးကဏ္ဍအလိုက်ဆိုင်ခန်းတွေ ဖွင့်လှစ်ပြသရောင်းချသွားဖြစ်လို့ ဖေဖေ၊မေမေတို့နဲ့ သားသား၊မီးမီးတို့ပါ စိတ်တိုင်းကျလေ့လာခွင့်၊ ဝယ်ယူခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။ သားသားမီးမီးတို့ စိတ်ဝင်စားမယ့်အရာတွေက ဘာတွေဖြစ်မလဲ။

play

 

ကလေးပီပီ မုန့်ကြိုက်တာဆိုတော့ မုန့်တွေအကြောင်း အရင်ပြောမယ်နော်။ အီတလီနဲ့ပိုလန်တို့မှာ အဓိကထုတ်လုပ်တဲ့ Kinder Bueno ချောကလက်ချောင်းလေးတွေက နို့နဲ့ချောကလက်ကို ပေါင်းစပ်ထားတာမို့ ကလေးရောလူကြီးပါကြိုက်တယ်ဟုတ်။ Juniors' Festival ပွဲမှာဆိုရင် Kinder Bueno ချောကလက်ချောင်းလေးတွေကို မြည်းစမ်းရင်း စိတ်ကြိုက်ဝယ်ယူနိုင်မှာပါ။

 

နောက်တစ်မျိုးကတော့ ကမ္ဘာအရပ်ရပ်မှာပါ နာမည်ကျော်လူကြိုက်များတဲ့ Nutella အာဟာရယိုလည်း ဒီပွဲကို ဝင်နွှဲဦးမှာပါတဲ့။ Nutella ကဘယ်လိုတွေအရသာရှိပြီး ဘယ်လောက်ထိအာဟာရနဲ့ပြည့်စုံတယ်ဆိုတာကို သေသေချာချာလေးသိရဖို့ အတွက် Juniors' Festival ပွဲတော်ကြီးက Nutella ဆိုင်ခန်းကို သားသား၊မီးမီးတွေနဲ့အတူတစ်ခါတည်းလာရောက်လေ့ လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

play

 

Lego ရုပ်လေးတွေဆက်ပြီး ကစားရတာဟာ ဉာဏ်ရည်မြင့်မားစေပြီး အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ ဒီပွဲလေးမှာတော့ Lego အရုပ်လေးတွေကို သားသား၊မီးမီးတွေနဲ့အတူ စမ်းသပ်ဆော့ကစားကြည့်နိုင်ဖို့နဲ့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ဦးမယ်လို့ သိရပါတယ်။

မေမေတို့အတွက်ရော၊ ရင်သွေးငယ်လေးတွေအတွက်ပါ Spa ဝန်ဆောင်မှုကိုတစ်နေရာတည်းမှာ One-Stop ဝန်ဆောင်မှု ပေးနိုင်တဲ့ Spa တစ်ခုမြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ဖွင့်လှစ်လိုက်ပါပြီ။ အဲဒါကတော့ Babies' Barbers Spa House ပါပဲ။ Babies' Barbers Spa House ရဲ့ဝန်ဆောင်မှုတွေအကြောင်းနဲ့ အသုံးပြုတဲ့ပစ္စည်းတွေကို စမ်းသပ်လေ့လာချင်တယ်၊ ပစ္စည်းတွေစမ်းသုံးကြည့်ချင်တယ်ဆိုရင်လည်း Juniors' Festival 2017 ကို အရောက်သွားလိုက်ပါနော်။

ကလေးတွေအကြိုက် Ceres Junior ဖျော်ရည်ကလည်း ဒီပွဲမှာ ပါဝင်တာမို့ အာဟာရရှိ အရသာကောင်းတဲ့ ဖျော်ရည်ကို မြည်းစမ်းကြည့်လို့ရသေးတယ်။ ကလေးတွေကတော့ သောက်ပြီးရင် အကြိုက်တွေ့မှာ အသေအချာပါပဲ။

Juniors' Festival ဆိုတဲ့နာမည်အတိုင်း ကလေးတွေပါဝင်ယှဉ်ပြိုင်နိုင်မယ့် Choose 2 Cook , Science Corner တို့လို အစီအစဉ်တွေ၊ မေမေတို့အတွက်ဗဟုသုတတိုးပွားစေမယ့် The Mommies' Talk စကားဝိုင်းဆွေးနွေးပွဲ၊ မြန်မာနိုင်ငံရဲ့ အမှတ်အများဆုံး ၁၀ ဦးစာရင်းဝင်ကျောင်းသားတွေ၊ ထူးချွန်ကျောင်းသားတွေပါဝင်ဆွေးနွေးမယ့် The Champion's Talks စကားဝိုင်းဆွေးနွေးပွဲတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Postby

 

ဒါ့အပြင် ပွဲမှာ ပါဝင်မယ့် Science Corner ၊ Fun Corner ၊ Game Programm တို့လိုအစီအစဉ်တွေကတော့ ကလေးတွေ ဥာဏ်ရည်ဖွံ့ဖြိုးဖို့၊ ဗဟုသုတတိုးပွားဖို့ ကူညီပေးမှာဖြစ်ပြီး အခမဲ့ဗေဒင်မေးမြန်းနိုင်မယ့် ဗေဒင် Corner လည်းပါဝင်မှာဖြစ်ပါတယ်။

Juniors' Festival 2017 ကို Myanmar Plaza က Location Sponsor အဖြစ်ပူးပေါင်းပါဝင်ထားပြီး ၊ Gold Sponsor အဖြစ် Plume Smallbaby နှင့် Ceelin ၊ Silver Sponsor အဖြစ် Samsung နဲ့ Education Partner အဖြစ် Smart Brain Kids Development Center ၊ Media Partner အဖြစ် KALAY နဲ့ Skynet Up-to-Date Channel တို့ကပူးပေါင်းပါဝင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး