AD
AD
AD
play

 

Duwun မီဒီယာကနေ စီစဉ်ပြုလုပ်မယ့် Juniors' Festival 2017 ပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဗဟုသုတနဲ့ ပညာရေးကိုစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူလူငယ်တွေနဲ့ မိဘတွေအားလုံးတက်ရောက်သင့်တဲ့ The Champions' Talk အစီအစဉ်ကို ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

The Champions' Talk အစီအစဉ်မှာ Speaker အဖြစ် ITPEC စာမေးပွဲမှာ အသက်အငယ်ဆုံးနဲ့ အောင်မြင်ခဲ့တဲ့ မောင်ဝေယံမြင့်မိုရ်၊ မြန်မာတစ်နိုင်ငံလုံးတက္ကသိုလ်ဝင်တန်း ပထမဆုရှင် မောင်သုတရဲမိုး၊ ၂၀၁၃ Miss Grand International ထားထက်ထက် (ကျွမ်းဘား Champion)တို့က ပါဝင်ဆွေးနွေးသွားကြမှာပါ။

ဒီဆွေးနွေးပွဲတွေကို နိုဝင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေကျရင် မြန်မာပလာဇာပရိုမိုးရှင်း ဧရိယာမှာ နေ့လည် ၁၂ နာရီကနေ ည ၈ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီ့စကားဝိုင်းမှာ ထူးချွန်လူငယ်ဘ၀ရရှိဖို့ သူတို့ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်းတွေကို Champions Talk ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမျှဝေသွားကြမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ နိုဝင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ဂျူနီယာလေးတွေရဲ့ပွဲတော် Juniors’ Festival 2017 မှာ ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မှာဖြစ်ပြီး ဂျူနီယာလေးတွေအတွက် အဓိကရည်ရွယ်တဲ့ အာဟာရပြည့် စားသောက်ကုန်ဆိုင်ရာ ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြုဆိုင်ခန်းတွေ ပါဝင်မှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD