Duwun မီဒီယာကနေ စီစဉ်ပြုလုပ်မယ့် Juniors' Festival 2017 ပွဲတော်မှာ ပါဝင်မယ့် Mommies' Talk ဟာ မိခင်တွေအတွက် စိတ်ဝင်စားမယ့် အစီအစဉ်တစ်ခုပါ။ Juniors' Festival 2017 ဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် အသိပညာ ဗဟုသုတတွေ၊ ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေအပြင် ဖျော်ဖြေရေးတွေလည်း ပါဝင်မယ့် ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ လာမယ့် နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ ပြုလုပ်တော့မှာပါ။

play

 

Juniors' Festival 2017 မှာ ပါဝင်တဲ့ Mommies' Talk မှာတော့ သရုပ်ဆောင် ဆုပန်ထွာ၊ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်နဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်း မပိုးသဇင်မြင့်ဌေးတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။ မေမေတို့ရဲ့ စကားဝိုင်းမှာတော့ အနုပညာရှင်တွေရဲ့ မိခင်ဘဝကို စိတ်ဝင်စားဖွယ် သိရှိရမှာပါ။

 

ပါဝင်မယ့် မိခင်တွေက သူတို့ရဲ့ ရင်သွေးတွေကို ဘယ်လိုမျိုး ပြုစုပျိုးထောင်သလဲဆိုတာတွေနဲ့ ခံစားချက်တွေကိုလည်း မျှဝေမှာပါ။ ဒါ့အပြင် အနုပညာအလုပ်နဲ့ ရင်သွေးကို ထိန်းကျောင်းပျိုးထောင်ရတဲ့အပေါ် ဘယ်လိုတွေ ကွာခြားသလဲဆိုတာကိုလည်း ပြောပြကြမယ်လို့ သိရပါတယ်။

play

ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ နိုဝင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ဂျူနီယာလေးတွေရဲ့ပွဲတော် Juniors’ Festival 2017 မှာ ဆိုင်ခန်းပေါင်း ၅၀ ကျော်ပါဝင်မှာဖြစ်ပြီး ဂျူနီယာလေးတွေအတွက် အဓိကရည်ရွယ်တဲ့ အာဟာရပြည့် စားသောက်ကုန်ဆိုင်ရာ ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြုဆိုင်ခန်းတွေ ပါဝင်မှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video