မကြာခင်မှာ Justice League ရုပ်ရှင်ကားကို ရုံတင်တော့မှာပါ။ Justice League of America လို့လည်း ခေါ်ဝေါ်ကြတဲ့ အဖွဲ့ဟာ DC Comics က ထုတ်ဝေတဲ့ comic book တွေထဲက စိတ်ကူးယဉ် စူပါဟီးရိုးအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ Justice League ထဲမှာ အားလုံးသိထားကြပြီးတဲ့ Batman တို့၊ Superman တို့ အဓိကပါဝင်ပြီး Justice League ကို စတင်တည်ထောင်ခဲ့တဲ့ မူလပထမ အဖွဲ့ဝင်တွေကတော့ Superman, Batman, Aquaman, Flash, Green Lantern, Martian Manhunter နဲ့ Wonder Woman တို့ပဲ ဖြစ်ပါတယ်။

play

 

နောက်ပိုင်းမှာတော့ Cyborg, Green Arrow, Shazam, Black Canary တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ပါတယ်။ မကြာခင်မှာ ရုံတင်ပြသမယ့် Justice League (2017) ကတော့ DCEU (DC Extended Universe) လို့ခေါ်တဲ့ ရုပ်ရှင်ကားတွေထဲကဖြစ်ပြီး comic book နဲ့တော့ အတိအကျ တူညီမှာမဟုတ်ပါဘူး။ Justice League (2017) ရုပ်ရှင်ကားထဲမှာ Batman, Wonder Woman, Flash, Aquaman, Cyborg တို့ အဓိကပါဝင်ထားပြီး BVS (2016) ထဲမှာ သေဆုံးသွားတဲ့ Superman ပါဝင်နိုင်ခြေမှာလည်း (၉၉) ရာခိုင်နှုန်းလောက် သေချာနေပါတယ်လို့ ဖန်တွေက မှန်းဆနေကြပါတယ်။

ဒါဆိုရင် Justice League ရုပ်ရှင်ကို မခံစားခင် ရုပ်ရှင်ထဲမှာ ပါဝင်ဖို့ သေချာနေတဲ့ Justice League အဖွဲ့ဝင်တွေရဲ့ စွမ်းအားနဲ့ နောက်ခံဇာတ်ကြောင်းလေးတွေကို သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Batman

play
 

ငယ်စဉ်ဘဝက ကျွန်တော်တို့တွေ လင်းနို့လူသားလို့ သိထားတဲ့ Batman ကတော့ Justice League မှာ ဘာစူပါ ပါဝါမှမရှိဘဲ ခေါင်းဆောင်သဘောမျိုး ရပ်တည်နေတဲ့ စူပါဟီးရိုးပါ။ DCEU timeline အရဆိုရင် Batman ဟာ Justice League ရယ်လို့ ဖြစ်လာအောင် အဖွဲ့ဝင်တွေကို စုစည်းပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးမြတ်ဆုံးစုံထောက်လို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ ဂိုသမ်မြို့ရဲ့အစောင့်အရှောက် အနက်ရောင်သူရဲကောင်းကြီးဟာ အမှောင်ထဲကနေ တရားမျှတမှုကို အလင်းပြနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ Batman ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူတွေကတော့... Lewis Wilson, Robert Lowery, Adam West, Michael Keaton, Val Kilmer, George Clooney, Christian Bale နဲ့ Ben Affleck တို့ပဲ ဖြစ်ပါတယ်။

Batman ရဲ့နာမည်ရင်းကတော့ ဘရု့စ်ဝိန်း (Bruce Wayne) ဖြစ်ပြီး မိဘနှစ်ပါးဖြစ်သူ လုပ်ကြံခံရပြီးနောက်မှာ တရားမျှတမှုကို ပြန်လည်ရှာဖွေမယ်လို့ သစ္စာဆိုပြီး သူရဲကောင်းဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ လင်းနို့တွေကို ကြောက်ရွံ့တဲ့စိတ်ကို ကျော်လွှားနိုင်ခဲ့ပြီးနောက် Batman ဆိုတာ အကြောက်တရားရဲ့ လက္ခဏာတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားတွေကတော့ နည်းပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ စုံထောက်စွမ်းရည်နဲ့ ကိုယ်ခံပညာမျိုးစုံ ကျွမ်းကျင်မှုတို့ပဲ ဖြစ်ပါတယ်။

နောက်ပြီး JL trailer ထဲမှာ Ben Affleck ပြောခဲ့သလိုပေါ့..."Because I'm rich" ဆိုတဲ့အတိုင်း သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေက သူလိုအပ်တဲ့ နည်းပညာပစ္စည်းတွေ၊ ခေတ်လွန်လက်နက်တွေကို တပ်ဆင်နိုင်စေခဲ့ပါတယ်။ DC Universe တစ်ခုလုံးမှာ ကိုယ်ခံပညာအကောင်းဆုံး သူတစ်ဦးဖြစ်သလို ဉာဏ်အကောင်းဆုံးသူ တစ်ဦးလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ရန်သူတွေကို သေချာအကွက်ချ စီစဉ်ပြီးမှ တိုက်ခိုက်တတ်ပါတယ်။

Batman မှာသာ ပြင်ဆင်ချိန်ရရင် ဘယ်လိုဟီးရိုးမျိုးကိုမဆို အနိုင်တိုက်နိုင်တယ်ဆိုတာ BVS ထဲမှာ Superman တောင် သေမလိုဖြစ်သွားတာကို ကြည့်ပြီးသိနိုင်ပါတယ်။ ဘာပဲပြောပြော Batman ဟာ DC မှာ လူကြိုက်အများဆုံး စူပါဟီးရိုးတစ်ယောက် ဖြစ်တယ်ဆိုတာကတော့ ငြင်းဖွယ်မရှိပါဘူး။

၂။ Wonder Woman

play
 

နာမည်ရင်း Diana Prince ဖြစ်တဲ့ Wonder Woman ဟာ နတ်ဘုရားမအဆင့်ရှိတဲ့ စူပါဟီးရိုးမတစ်ဦး ဖြစ်သလို အမေဇုန် စစ်သည်တော် တစ်ဦးလည်းဖြစ်ပါတယ်။ Wonder Woman ကို သရုပ်ဆောင် အမျိုးမျိုး ပြောင်းပြီး သရုပ်ဆောင်ခဲ့ကြပေမယ့် Wonder Woman (2017) ထဲက Gal Gadlot ကတော့ နာမည်အကြီးဆုံးပါပဲ။ Wonder Woman ကို ရွံ့စေးကနေ ဖန်ဆင်းပြုလုပ်ထားပြီး ဂရိနတ်ဘုရားတွေက အသက်နဲ့ စွမ်းအင်တွေကို ပေးသနားထားတယ်လို့ အဆိုရှိကြပါတယ်။

သူမရဲ့လက်စွဲတော်လက်နက်တွေကတော့ Lasso of Truth (အမှန်ပြော ကျော့ကွင်း)၊ ဖျက်ဆီးလို့မရအောင် မာကျောတဲ့ လက်ကောက်နှစ်ခု၊ ဓားနဲ့ ဒိုင်းတို့ ဖြစ်ကြပါတယ်။ နတ်ဘုရားမတစ်ပါးလို စွမ်းအားတွေရှိတဲ့အတွက် wonder woman ဟာ JL မှာတော့ အစွမ်းအထက်ဆုံး အဖွဲ့ဝင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အတိအကျပြောရရင် Wonder Woman ဟာ DC မှာ အသန်မာဆုံး ဇာတ်ကောင်တစ်ဦးဖြစ်သလို အလှပဆုံး အမျိုးသမီးဇာတ်ကောင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

၃။ Aquaman

play
 

Aquaman ကတော့ လူသားနဲ့ အတ္တလန်တာလူမျိုး သွေးနှောတစ်ဦးဖြစ်ပြီး နတ်ဘုရားသွေးတစ်ဝက် ပါတယ်လို့လည်း ဆိုနိုင်ပါတယ်။ နာမည်ရင်း Arthur Curry ဖြစ်ပြီး စူပါလူသား ခွန်အား၊ စူပါလူသား အမြန်နှုန်း နဲ့ ခံနိုင်ရည်စွမ်းတို့ကို ပိုင်ဆိုင်ပါတယ်။ အထူးစွမ်းအားကတော့ ရေနေသတ္တဝါတွေနဲ့ ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။

သူဟာ အတ္တလန်တာနိုင်ငံတော်ရဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။ သူဟာ ရေနေသတ္တဝါတွေနဲ့ စကားပြောနိုင်တယ်လို့ လူသိများပါတယ်။ သူ့ရဲ့လက်နက်ကတော့ ဂရိနတ်ဘုရား Poseidon ပေးသနားထားတဲ့ သုံးခွချွန်လှံကြီး (Trident) ဖြစ်ပြီး အဲဒီလှံကြီးဟာ မှော်စွမ်းအင်တွေကို ထုတ်လွှတ်နိုင်တဲ့ မှော်လက်နက်တစ်မျိုးလည်း ဖြစ်ပါတယ်။ Justice League (2017) ထဲမှာတော့ Game of Thrones တီဗီစီးရီးထဲမှာ လူအများက Khal Drogo လို့သိထားကြတဲ့ သရုပ်ဆောင် Jason Momoa က ပါဝင်သရုပ်ဆောင် ထားပါတယ်။

၎။ Flash

play
 

င်္ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးလူသားလို့ ခေါ်ဝေါ်ခြင်းခံရတဲ့ Flash အကြောင်းကိုတော့ CW ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ The Flash စီးရီးထဲမှာ သိထားပြီးဖြစ်မှာပါ။ CW စီးရီးထဲမှာတော့ Grant Gustin က သရုပ်ဆောင်ထားပြီး DCEU ရဲ့ Flash အဖြစ်ကတော့ Ezra Miller က သရုပ်ဆောင်ထားပါတယ်။ Flash မှာတော့ သတ်သတ်မှတ်မှတ် ကိုင်တွယ်တဲ့ လက်နက်ရယ်လို့ မရှိပါဘူး။ သူ့ရဲ့အမြန်နှုန်းကိုပဲ အသုံးပြုပြီး တိုက်ခိုက်လေ့ရှိပါတယ်။

Flash ဆိုတဲ့ နာမကို အသုံးစွဲသူ speedster အများကြီးရှိပြီး နာမည်အကျော်ကြားဆုံးကတော့ Barry Allen ပဲ ဖြစ်ပါတယ်။ Justice League (2017) ထဲမှာလည်း Ezra Miller က Barry Allen အဖြစ်ပဲ သရုပ်ဆောင်ထားပါတယ်။ Berry Allen ဟာ StarLab ဓာတ်ခွဲခန်း ပေါက်ကွဲရာမှ မိုးကြိုးအပစ်ခံရပြီး အမြန်နှုန်းကို ရရှိခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားတွေကတော့ အလင်းထက်မြန်အောင် ပြေးနိုင်တဲ့အစွမ်း၊ ခန္ဓာကိုယ်မှ လျှပ်စီးထုတ်လုပ်နိုင်တဲ့အစွမ်း၊ လျင်မြန်စွာ တွေးနိုင်တဲ့အစွမ်းတို့အပြင် အချိန်ခရီးသွားနိုင်တဲ့ အစွမ်းပါ ပါပါတယ်။

နာမည်ကျော် comic တစ်ခုဖြစ်တဲ့ Flashpoint paradox က သူအချိန်ခရီးသွား လိုက်တာကြောင့် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ CW ရုပ်သံစီးရီးထဲမှာတော့ Flash ဟာ Time Remnant လို့ခေါ်တဲ့ အချိန်ကိုယ်ပွားတွေကိုပါ ဖန်တီးနိုင်စွမ်းရှိပါတယ်။ Flash ရဲ့ အစွမ်းအထက်ဆုံး လက်နက်တစ်ခုကတော့ Infinite Mass Punch ဖြစ်ပါတယ်။ အဲဒီလက်နက် (တိုက်ကွက်) ကတော့ Flash ဟာ အလင်းအလျင်နဲ့ပြေးပြီး ရန်သူကို စွမ်းအားပြင်းလက်သီးနဲ့ ထိုးချလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီး Comic ထဲမှာတော့ Flash ဟာ အလင်းအလျင်ထက် အဆသန်းပေါင်းများစွာ ပိုမြန်အောင်ပြေးနိုင်ပြီး အဲဒီအလျင်နဲ့ဆို Flash ဟာ စကြဝဋ္ဌာတွေကိုတောင် မျက်စိတမှိတ် အချိန်အတွင်း ကူးသန်းသွားလာနိုင်ပါတယ်။

၅။ Cyborg

play
 

အမည်ရင်း Victor Stone ဖြစ်တဲ့ Cyborg ကတော့ သိပ္ပံပညာရှင် မိဘနှစ်ပါးရဲ့ သားတစ်ဦးဖြစ်ပါတယ်။ သူ့အဖေနဲ့ စကားများရင်း Mother Box လို့ခေါ်တဲ့ ဂြိုဟ်သား ကွန်ပျူတာစနစ်တစ်လုံး ပေါက်ကွဲသွားရာမှ Victor ဟာ သက်ရှိကွန်ပျူတာတစ်လုံး ဖြစ်လာခဲ့ပါတယ်။ သူ့အဖေဟာ သူ့ကိုကယ်တင်ဖို့ အမျိုးမျိုးစမ်းသပ် ကြိုးစားရင်း Victor ဟာ လူတစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်း Cyborg ဖြစ်လာခဲ့ပါတယ်။

Cyborg ဟာ Justice League (2017) ထဲမှာတော့ အဓိကနေရာက ပါဝင်မှာပါ။ ဘာလို့လဲဆိုတော့ Justice League (2017) ဟာ Mother Box ရဲ့ မူလပိုင်ရှင် Stephen Wolf နဲ့ Parademon ဂြိုဟ်သားတွေ ကမ္ဘာဂြိုဟ်ပေါ်က mother box တွေကို ပြန်လာရှာတာကို Justice League က ကာကွယ်ရတဲ့ အကြောင်းကို ရိုက်ကူးထားလို့ပါပဲ။

သူ့မှာ စူပါလူသားခွန်အား၊ အမြန်နှုန်း၊ သက်လုံနဲ့ ပျံသန်းနိုင်စွမ်းတွေ ရှိပါတယ်။ Cyborg ဟာ ကမ္ဘာပေါ်က မည်သည့်ကွန်ပျူတာ ကိုမဆို hack နိုင်စွမ်းရှိတယ်လို့လည်း ဆိုကြပါတယ်။ သူဟာ ရန်သူတွေကို တိုက်ခိုက်ရာမှာ လေဆာလက်နက်၊ အသံလှိုင်းလက်နက်၊ EMP လက်နက်တို့နဲ့ တိုက်ခိုက်လေ့ရှိပါတယ်။

Source: Wikipedia

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video