Lifestyle: အမေရိကား ဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ တရုတ်ရဲ့ K50 sport ကား

ကားရဲ့ပုံစံကလည်း အမေရိကားမှာ ဝင်တိုးရလောက်အောင် အမိုက်စားဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံရဲ့ အကြီးဆုံး စက်ပစ္စည်းကုမ္ပဏီကြီး CH-Auto Technology ဟာ ကားတည်ဆောက်မှုဘက်ကိုပါ ဖြန့်ကျက်လာပါတယ်။ သူတို့ရဲ့ ပထမဆုံးကားကို အမေရိကားဈေးကွက်ဆီ ပို့ဖို့ ရည်ရွယ်ထားပြီး ကားရဲ့ပုံစံကလည်း အမေရိကားမှာ ဝင်တိုးရလောက်အောင် အမိုက်စားဖြစ်ပါတယ်။

play

 

လျှပ်စစ်ပြိုင်ကားဖြစ်ပေမဲ့  Tesla Motors ထုတ်ကားတွေနဲ့ လုံးဝမတူတဲ့ ဒီကားကို K50 လို့ အမည်ပေးထားပါတယ်။ အဆိုပါကားကို ၂၀၁၆ ဘေဂျင်းကားပြပွဲမှာလည်း အမိုးဖွင့် ပုံစံနဲ့ပါ နှစ်မျိုးနဲ့ ပြသခဲ့ပါသေးတယ်။

play

 

K50 ကို အမေရိကား ဈေးကွက်မှာ ခန့်မှန်းခြေအားဖြင့် ၁၀၄၇၉၅ ဒေါ်လာလောက်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

play

 

မြင်းကောင်ရေအား ၄၀၀ နဲ့ ၄.၆ စက္ကန့်အတွင်း တစ်နာရီမိုင်နှုန်း ၆၂ မိုင်နဲ့ သွားနိုင်ပြီး အမြင့်ဆုံးဆိုရင် တစ်နာရီ ၁၂၄ မိုင်နှုန်းထိ သွားမှာ ဖြစ်ပါတယ်။

Photos & Source: Motor Authority

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ