Knowledge: မျဉ်းပြိုင်အတိုင်းသွားနေတဲ့ သင်္ဘောကြီးနှစ်စင်းဟာ ဘာကြောင့်ဝင်တိုက်မိနိုင်တာလဲ

အပြိုင်ဆွဲထားတဲ့ မျဉ်းနှစ်ကြောင်းဟာ ဘယ်နေရာမှ ဆုံမှတ်မရှိဘူးမဟုတ်လား။ အခုဟာက အပြိုင်သွားနေတဲ့ သင်္ဘောနှစ်စင်း တိုက်မိနိုင်တယ်ဆိုတော့ ထူးဆန်းနေတယ်ဗျ။ ခက်တာက ဒီအဖြစ်အပျက်ကလည်း အမှန်တကယ်ရှိခဲ့တယ်လေ။

play

 

ဒါဟာ နည်းနည်းတော့ စဉ်းစားစရာပဲဗျ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ကျုပ်တို့သိတဲ့အတိုင်းပဲလေ။ အပြိုင်ဆွဲထားတဲ့ မျဉ်းနှစ်ကြောင်းဟာ ဘယ်နေရာမှ ဆုံမှတ်မရှိဘူးမဟုတ်လား။ အခုဟာက အပြိုင်သွားနေတဲ့ သင်္ဘောနှစ်စင်း တိုက်မိနိုင်တယ်ဆိုတော့ ထူးဆန်းနေတယ်ဗျ။ ခက်တာက ဒီအဖြစ်အပျက်ကလည်း အမှန်တကယ်ရှိခဲ့တယ်လေ။ ဒီဘက်ခေတ်ရောက်လာမှသာ အဖြစ်နည်းလာတာဆိုပဲ။

play

 

လွန်ခဲ့တဲ့ ၁၉၁၂-ခုနှစ်၊ ဆောင်းဦးရာသီပိုင်းလောက်မှာ “အိုလံပစ်” လို့ခေါ်တဲ့ သင်္ဘောကြီးဟာ ဒီလိုအဖြစ်အပျက်မျိုးနဲ့ သမိုင်းတွင်လောက်အောင် ကြုံတွေ့ခဲ့ရဖူးတယ်ဆိုပဲဗျ။ အဲဒီခေတ်အဲဒီအခါကတော့ သူက ကမ္ဘာပေါ်မှာ အကြီးဆုံးပေါ့ဗျာ။ ဒါပေမဲ့ တစ်ရက်မှာတော့ သူနဲ့ မီတာ ၁၀၀ အကွာကနေ မျဉ်းပြိုင်အတိုင်း မောင်းနှင်လာတဲ့ ကင်းထောက်သင်္ဘောတစ်စင်းနဲ့ ဝင်တိုက်မိပြီး အပေါက်ကြီးပေါက်ကာ ပျက်စီးခဲ့ရတယ်ဆိုပဲဗျ။ ကိုင်းဗျာ၊ စဉ်းစားကြည့်ပါဦး။ ကွာတာတောင် နည်းနည်းမဟုတ်ဘူး။ မီတာတစ်ရာတောင် ဆိုပဲ။ ဒါဆို ဘာလို့တိုက်ရတာလဲ။ မာလိန်မှူးကြောင့်လား။ ဒါတော့မဖြစ်နိုင်ဘူးဗျ။ ကင်ထောက်သင်္ဘောရဲ့ မာလိန်တစ်ယောက်အနေနဲ့ သူ့တာဝန်ကိုတော့ ကျေအောင်ထမ်းဆောင်မှာပဲလေ။

play

 

တကယ်တော့ ဒါဟာ စီးဆင်းနေတဲ့အရာဝတ္ထုရဲ့ သဘာဝကြောင့် ဖြစ်ရတာဗျ။ “ဘာနျူရီ” ရဲ့ နိယာမအရဆိုရင် အရည်ရဲ့ဖိအားအရေအတွက် (intensity of pressure) ဟာ သူ့ရဲ့စီးနှုန်းနဲ့ သက်ဆိုင်နေတယ်။ သူ့စီးဆင်းနှုန်းက ကြီးလေ၊ ဖိအားက သေးလေပဲလို့ ဆိုထားတယ်ဗျ။ ဒါဆိုရင် အပြိုင်သွားနေတဲ့ သင်္ဘောနှစ်စင်း တိုက်မိကြတဲ့ပြဿနာက ရှင်းနေပြီပေါ့ဗျာ။

play

ပိုရှင်းသွားအောင် စဉ်းစားကြည့်ကြမယ်ဗျာ။ သင်္ဘောနှစ်စင်းက အပြိုင်မောင်နှင်နေမယ်။ အဲဒီအခါမှာ ဒီသင်္ဘောနှစ်စင်းကြားမှာရှိတဲ့ ရေထုဟာ အပြင်ဘက်ပိုင်းကရေထက် စီးဆင်းနှုန်း ပိုမြန်လာမယ်။ “ဘာနျူရီ” ရဲ့ နိယာမအရ သင်္ဘောနှစ်စင်းအကြားမှာ သက်ရောက်နေတဲ့ ရေထုဖိအားက အပြင်ဘက်ပိုင်းမှာ သက်ရောက်နေတဲ့ ဖိအားထက် သေးလာမယ်။ အဲဒီတော့ အပြင်ဘက်ပိုင်းက ကြီးမာတဲ့ဖိအားကြောင့် သင်္ဘောနှစ်စင်းဟာ အပြန်အလှန်နီးကပ်လာမယ်ပေါ့ဗျာ။ နောက်ဆုံးတော့ တစ်စင်းက ကျန်တစ်စင်းကို ဝင်တိုက်မိတော့တာပဲ။ အိုလံပစ် သင်္ဘောကြီးကို ကင်းထောက်သင်္ဘော ဝင်တိုက်မိရခြင်းရဲ့သဘောကလည်း ဒီအတိုင်းပဲဗျ။ 

Reference: Wikipedia, အဘယ်ကြောင့်တစ်သိန်း(ကြည်ကြည်မာ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ