AD
AD
AD
play

 

တချို့နေရာတွေမှာ သားစားကြူးတဲ့ ငါးမန်းတွေနဲ့ အခြားလှပတဲ့ငါးမျိုးစိတ်ပေါင်းများစွာကို ဖန်လှောင်ကန်ထဲမှာ အတူထည့်ပြီး ပင်လယ်သမုဒ္ဒရာကြီးတွေထဲက သဘာဝအလှကို ဖန်တီးပုံဖော်ထားကြတာဆိုရင် သိပ်ကို စိတ်ဝင်စားစရာပါပဲ။ ဒိထက် ပိုစိတ်ဝင်စားစရာကောင်းတာက အဲဒီမှာ အတူထားရှိတဲ့ ငါးမန်းလို အသားစားကြူးတဲ့ သတ္တဝါကြီးတွေက ပုံမှန်အားဖြင့် သူတို့ရဲ့အစာဖြစ်လေ့ရှိတဲ့ ငါးလေးတွေကို အန္တရာယ် မပြုကြတာပဲဗျ။

play

 

အမှန်ဆိုရင် အငမ်းမရ လိုက်လံတိုက်ခိုက်ပြီး ဖမ်းဆီးစားသောက်နေရမှာ မဟုတ်လား။ ဒါဆို ဒီငါးမန်းတွေက နည်းပညာနဲ့ဖန်တီးထားတဲ့ ဖိမ့်တွေပဲလား။ ဒါမှမဟုတ် အခြားသော ဆင်တွေ၊ မြင်းတွေ၊ ခွေးတွေလိုများ ယဉ်ပါးအောင် သင်ကြားပြုပြင်ပေးထားတာလားဆိုတာ စိတ်ဝင်စားစရာ အကောင်းသားဗျ။ တကယ်တော့ ဒါတွေအားလုံးက အစစ်တွေပါ။ ဒီလိုဘာကြောင့်ဖြစ်လဲဆိုတော့ သူတို့ရဲ့ရင်ထဲမှာ အစွဲလေးတစ်ခု ရိုက်သွင်းပေးထားလို့ဆိုပဲ။ ဒါကို အဏ္ဏဝါဇီဝဗေဒ ပညာရှင်တစ်ဦးရဲ့ စိတ်ဝင်စားစရာ လက်တွေ့သုတေသနပြုပုံ ဇာတ်လမ်းလေးတစ်ခု ရှိနေတယ်။

play

 

တစ်ရက်မှာပေါ့၊ အဏ္ဏဝါဇီဝပညာရှင်တစ်ဦးဟာ သူ့ရဲ့လက်တွေ့စမ်းသပ်ခန်းထဲကို သုတေသနပြု ငါးမန်းတစ်ကောင်ကို ယူဆောင်လာပြီး ဖန်လှောင်ကန်ကြီးထဲမှာ ထည့်ထားလိုက်တယ်။ ပြီးတော့ ငါးအသေးလေးတွေကို ထပ်ထည့်ပေးလိုက်တယ်။ ဒီငါးအသေးလေးတွေကတော့ ငါးစာပေါ့ဗျာ။ အဲဒီမှာ ငါးမန်းကြီးကလည်း အငမ်းမရ လိုက်လံဖမ်းဆီးစားသောက်တော့တာပေါ့။

play

 

ခဏနေတော့ အဏ္ဏဝါဇီဝဗေဒပညာရှင်က ကန်ကို နှစ်ပိုင်းဖြစ်သွားအောင် ခိုင်ခံ့ကြည်လင်နေတဲ့ ဖန်ပြားတစ်ပြားကိုထည့်ပြီး ကန့်ပစ်လိုက်တယ်။ ပြီးတော့ ငါးမန်းကြီးကို ကန်ရဲ့ သန့်ရှင်းကြည်လင်နေတဲ့ အကန့်တစ်ဖက်ထဲမှာ ထားလိုက်တယ်။ နောက်ထပ် ငါးစာငါးကလေးတွေကို ကျန်တစ်ဖက်အကန့်ထဲမှာ ထည့်ထားလိုက်တယ်။

play

 

ငါးမန်းကြီးက ထပ်ပြီးတော့ လိုက်တိုက်ခိုက်တာပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါမန်းကြီးဟာ ကာထားတဲ့ ဖန်ပြားကြီးကိုပဲ တိုက်မိနေပြီး ပြန်ပြန်ကန်ထွက်လာတယ်။ ဒါပေမဲ့ ငါမန်းကြီးက မဖြုံဘူးဗျ။ အခွင့်အရေး မရှိနိုင်တာတောင် မိနစ်အတော်ကြာအောင်အထိ ဆက်ကြိုးစားနေသေးတယ်။ အဲဒီအချိန်မှာပဲ ငါးစာငါးလေးတွေဟာ သူတို့ကိုထည့်ထားတဲ့ အပိုင်းထဲကနေ အန္တရာယ်ကင်းစွာပဲ ကူးပြခတ်ပြေးလွှားပြ နေကြတော့ ငါးမန်းကြီးလည်း မခံချည့်မခံသာနဲ့ ကြိုးစားရင်း ကြိုးစားရင်း စမ်းသပ်ချိန်လည်း တစ်နာရီ ဝန်းကျင်လောက် ကြာသွားရော။ နောက်ဆုံးတော့ ငါးမန်းကြီးလည်း လက်မြှောက် အရှုံးပေးသွားတာပေါ့ဗျာ။

play

 

အဏ္ဏဝါဇီဝဗေဒပညာရှင်က ဒီစမ်းသပ်မှုကို တစ်ပတ်နှစ်ပတ်လောက်ခြားပြီး အကြိမ်ကြိမ်ပြုလုပ်ကြည့်ခဲ့တယ်။ တစ်ကြိမ်ပြီးတိုင်းပြီးတိုင်းမှာ ငါးမန်းကြီးဟာလည်း ရက်စက်ကြမ်းကြုတ်မှုတွေ တစ်ဖြည်းဖြည်းလျော့နည်းလာပြီး ငါးစာငါးလေးတွေကို လိုက်လံတိုက်ခိုက်ရာမှာလည်း ကြိုးစားအားထုတ်မှု တစ်ဖြည်းဖြည်း နည်းလာတယ်ဗျ။ နောက်ဆုံး ငါးမန်းကြီးလည်း ဖန်ပြားကြီးကို တွန်းတိုက်နေရတာ ပင်ပန်းငြီးငွေ့လာတာပေါ့ဗျာ။ ဒါကြောင့် ငါးမန်းကြီးဟာ တိုက်ခိုက်မှုကိုလည်း ရပ်တန့်လိုက်ပြီး သူ့ဘာသာပဲ ဘာသိဘာသာလေး နေလာတော့တယ်။

play

 

အဲဒီနောက်မှာတော့ အဏ္ဏဝါဇီဝဗေဒပညာရှင်က ဖန်ပြားကြီးကို ဖယ်ပေးလိုက်ပေမဲ့လည်း ငါးမန်းကြီးဟာ တိုက်ခိုက်မှု အလျင်းမရှိတော့ဘူးဗျ။ ဒီလိုဘာကြောင့် ဖြစ်သွားရလဲဆိုရင် ငါးမန်းကြီးရဲ့အသိမှာ သူနဲ့ ငါးစာငါးလေးတွေ အကြား အဆီးအတားကြီးရှိပါလားဆိုပြီးစွဲထင်ယုံကြည်သွားလို့ ဆိုပဲဗျ ။ ဒါကြောင့် အဲဒီငါးစာငါးလေးတွေလည်း ဘယ်နေရာကိုပဲသွားသွား အန္တရာယ်မရှိ လွတ်လပ်သွားတယ်ပေါ့ဗျာ။

တကယ်လည်းကောင်းတဲ့ သုတေသနပြုဇာတ်လမ်းလေးပါပဲ။ စိတ်ဝင်စားစရာကောင်းသလို ဘဝအတွက်လည်း သင်ခန်းစာလေးတစ်ခုပဲဗျ။ ကျနော်တို့တွေလည်း ဘဝအတွက် ရုန်းကန်လှုပ်ရှားကြတဲ့အခါ အခု ဒီစမ်းသပ်မှုထဲမှာပါတဲ့ ငါးမန်းကြီးလို ထင်မှတ်မမှားစေဖို့ သိပ်ကိုအရေးကြီးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD