AD
AD
AD
play

 

အရင်ပြောခဲ့တာက ရေခဲနဲ့ပါ။ အခုပြောမှာက ရေကိုအသုံးပြုပြီး မီးဘယ်လိုမွှေးလို့ရလဲ ဆိုတာပါ။ အများစုကတော့ မဖြစ်နိုင်ဘူးလို့ ထင်လေမလားပဲဗျ။ ရေခဲကတော့ ထားပါတော့လေ အခဲမို့လို့ပေါ့။ အခုဟာက မီးရဲ့ ရန်သူတော်ကြီး ရေဆိုတော့ စိတ်ဝင်စားစရာအကောင်းသားဗျ။ တကယ်တော့ ကျနော်တို့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုအားလုံးနီးပါးက မီးမွှေးလို့ရတယ်ဆိုပဲဗျ။ ဒါကြောင့် အခုနည်းလမ်းလေးကို စိတ်ဝင်စားလို့ ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ချင်တယ် ဆိုရင်လည်း  ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူနည်းလေးပဲဗျ။

play

 

မီးလုံး (သို့) မီးသီးအဟောင်းတစ်လုံးကို အသုံးပြုပြီး မီးမွှေးတဲ့နည်းလေးပါ။ တော်တော်များများအသုံးပြုနေတဲ့ 110 W လို မီးသီးမျိုးပေါ့ဗျာ။ တကယ်တော့ ဒါဟာ ရေထည့်ဖို့ အကူသဘောမျိုးလောက်ပါပဲ။ အကယ်၍ ကျနော်တို့အနီးအနားမှာ မီးလုံးဟောင်း အလွယ်တကူ မရှိဘူးဆိုရင်လည်း ဖန်ခွက်တို့၊ ဖန်ပန်းကန်တို့ ကိုလည်း အသုံးပြုလို့ရပါတယ်။ အခုတော့ မီးလုံးနဲ့ပဲ ပြောပြသွားပါမယ်။

play

 

အရင်ဆုံး မီးလုံးကို သန့်စင်ကြည်လင်သွားအောင် ရေနဲ့ကျင်းပစ်ပါ။ ပြီးရင် ရေသန့်သန့်လေးကို အပြည့် ဖြည့်ပေးလိုက်ပါ။ ဒီနေရာမှာ သတိပြုရမှာက လေလုံးလေးတွေမကျန်အောင် အပြည့်ဖြည့်ပေးရမယ်ဗျ။ ပြီးရင် ရေပြန်ထွက်ပြီး လေခိုတာမျိုး မဖြစ်အောင် တစ်ခုခုနဲ့ သေချာပိတ်ပေးပါ။ ဥပမာ ပလတ်စတစ်အုပ်ပြီး ကြက်ပေါင်ကွင်းနဲ့ စည်းပေးတာ မျိုးပေါ့ဗျာ။

play

အဲဒီအခါမှာ ရေအပြည့်ဖြည့်ထားတဲ့မီးသီးက မှန်ဘီးလူးလိုဖြစ်သွားတဲ့အတွက် နေရောင်ကို အကူအညီခေါ်ပြီး မီးမွှေးလို့ရပြီပေါ့ဗျာ။ သူကမှန်ဘီလူးလိုဖြစ်နေတော့ အလင်းဖြတ်သန်းလိုက်တဲ့အခါ အလင်းယိုင်သွားပြီး တစ်နေရာမှာ အလင်းစုဆုံသွားမယ်မဟုတ်လား။ အဲဒီအလင်းဆုံချက်နေရာလေးမှာ စက္ကူလို မီးလောင်လွယ်စေမယ့် လောင်စာလေးတွေထားပြီး မီးခိုးအူလာတော့မှ ညင်ညင်သာသာနဲ့ လေလေး နဲနဲမှုတ်ပေးလိုက်ရင် ရပြီဗျ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
More From

Lifestyle


AD