play

 

စင်္ကာပူနိုင်ငံက LASALLE အနုပညာတက္ကသိုလ်မှာ ဒီဇိုင်းဘာသာရပ် သင်ကြားချင်သူတွေအတွက် STUDY ABROAD Information Centre မှာ တစ်ဦးချင်း သီးသန့်ဆွေးနွေးပေးသွားမယ်လို့ သိရပါတယ်။

LASALLE မှာ Diploma အတွက် (၃) နှစ် တက်ရောက်ရမှာဖြစ်ပြီး ကျောင်းသူ ၊ ကျောင်းသားတွေအနေနဲ့ စင်ကာပူအစိုးရကပေးတဲ့ Tution Grant တွေကို မိမိတို့ ကိုယ်တိုင် ဖန်တီးထားတဲ့ Portfolioတွေနဲ့ ပြသရယူနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - စာအုပ်ချစ်သူတွေရဲ့ ဒုက္ခ (၇) ခု)

play

 

Fashion ၊ Audio Music  ၊ Dance & Theatre  ၊ Interior Design ၊ Mass Communication တွေနဲ့ ပတ်သတ်တဲ့ ဘာသာရပ်များစွာကို ရွေးချယ်ပြီး မိမိတို့နှစ်သက်ရာ ဘာသာရပ်တွေကို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ၊ IGCSE ရရှိထားသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။  ဘွဲ့ရရှိထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်း တက်ရောက်နိုင်မှာဖြစ်ပြီး  အင်္ဂလိပ်စာဝင်ခွင့် လိုအပ်ချက် အနေနဲ့ IELTS (5.5) ရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဆွေးနွေးမှုကို STUDY ABROAD Information Centre Office မှာ မတ်လ ၃၁ ရက်  နံနက် ၁၀ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စာရင်းပေးဆွေးနွေးလိုတဲ့ ကျောင်းသားတွေအနေနဲ့  STUDY ABROAD Information Centre ၊ ဒိုင်းမွန်းကွန်ဒို ၊ တိုက်(ဘီ) ၊ (၁၅)လွှာ ၊ အခန်းနံပါတ် (၁၅-၀၂) ၊ (မေတ္တာဦးမျက်စိဆေးခန်း အနီး) ၊ ပြည်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ သို့ ဆက်သွယ်နိုင်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉-၅၁၅၁၀၀၈ ၊ ၀၉-၇၃၂၄၂၄၀၄ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -သင့်ဘေးနားက လူတွေရဲ့ တွေးခေါ်ပုံ အဆင့် (၄) ဆင့် )

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video