Lifestyle: Leica နဲ့ ပူးပေါင်းထားတဲ့ Huawei P9 ကင်မရာ နဲ့ iPhone 6s ကင်မရာ ဘယ်လိုကွာသလဲ

Huawei ရဲ့ အသစ်ထွက်ဖုန်း P9 မှာပါဝင်လာတဲ့ Leica ဆိုတဲ့တံဆိပ်ကြောင့် P9 ရဲ့ကင်မရာစွမ်းဆောင်ရည်နဲ့ပတ်သက် လို့ မိုဘိုင်းဖုန်းအသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ပါတယ်။ Leica ဆိုတာက အစဉ်အလာကြီးမားတဲ့ ဂျာမနီကင်မရာကုမ္ပဏီကြီးဖြစ်နေပြီး P9 ရဲ့ကင်မရာပိုင်းကို Leica နဲ့ နည်းပညာပိုင်းပူးပေါင်းတည်ဆောက်ထားတဲ့အတွက် အဲဒီလို စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

Huawei ရဲ့ အသစ်ထွက်ဖုန်း P9 မှာပါဝင်လာတဲ့ Leica ဆိုတဲ့တံဆိပ်ကြောင့် P9 ရဲ့ကင်မရာစွမ်းဆောင်ရည်နဲ့ပတ်သက် လို့ မိုဘိုင်းဖုန်းအသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှုတွေမြင့်တက်ခဲ့ပါတယ်။ Leica ဆိုတာက အစဉ်အလာကြီးမားတဲ့ ဂျာမနီကင်မရာကုမ္ပဏီကြီးဖြစ်နေပြီး P9 ရဲ့ကင်မရာပိုင်းကို Leica နဲ့ နည်းပညာပိုင်းပူးပေါင်းတည်ဆောက်ထားတဲ့အတွက် အဲဒီလို စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တမ်းထွက်ရှိလာတဲ့အချိန်မှာလည်း P9 ရဲ့ကင်မရာဟာ သုံးစွဲသူတွေအကြား စိတ်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ P9 ရဲ့ အဓိကနောက်ကင်မရာကို 12 MP dual- lens နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့် 12MP မှန်ဘီလူးနှစ်ခုရဲ့ အစွမ်းနဲ့ ပုံရိပ်တွေကို ပိုမိုအသေးစိတ်ပြတ်သားစွာ ဖမ်းယူနိုင်ပါတယ်။ အလင်းအမှောင်ပိုင်းမှာ ချိန်ညှိမှု ပိုမိုအားကောင်းလာသလို၊ အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ရိုက်ကူးရာမှာလည်း ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေဖမ်းယူနိုင်လာပါတယ်။ ဒါ့အပြင် classic ဆန်တဲ့ အဖြူ၊ အမည်းဓာတ်ပုံတွေကို အရည်အသွေးမြင့်မြင့်မားမား ဖမ်းယူနိုင်တာကြောင့် ဓာတ်ပုံဝါသနာရှင်တွေ၊ ပညာရှင်တွေ အကြိုက်တွေ့စရာပါ။

play

 

P9 ရဲ့ ရှေ့ကင်မရာလို့ခေါ်တဲ့ selfie ကင်မရာက 8MP ဖြစ်ပြီး အပါချာ f/2.4 ဆိုတာက အထင်ကြီးစရာပါ။ ဒါကြောင့် P9 ရဲ့ ရှေ့ကင်မရာဟာလည်း အလင်းရောင်အားနည်းတဲ့နေရာတွေမှာပါ အကောင်းဆုံး Selfie ပုံတွေကို ဖမ်းယူပေးနိုင်စွမ်းရှိပါတယ်။

Apple ကုမ္ပဏီဟာ iPhone 6s မှာသူတို့ရဲ့ ကင်မရာကို အထူးဂရုပြုပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ iPhone 6s ရဲ့ အဓိကနောက်ကင်မရာကလည်း 12MP ပဲဖြစ်ပါတယ်။ ဒါပေမဲ့ P9 လို မှန်ဘီလူးနှစ်ခု (dual – lens) တော့မဟုတ်ပါဘူး။ Live Photo လို့ခေါ်တဲ့ စက္ကန့်ပိုင်းစာလှုပ်ရှားနေတဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်နဲ့ true-tone flash တို့ပါဝင်ပေမဲ့ optical image stabilization တော့မပါဝင်ပါဘူး။ အဲဒီလုပ်ဆောင်ချက်က ဈေးနှုန်းရော၊ အရွယ်အစားပါ ပိုကြီးမားတဲ့ iPhone 6s plus မှာသာပါဝင်ခဲ့ပါတယ်။

play

 

iPhone 6s ရဲ့ ရှေ့ဘက်ကင်မရာက 5MP ဖြစ်ပြီး အပါချာ f/2.2 သာရှိပါတယ်။ ဒါကြောင့် selfie ပုံတွေရိုက်ကူးရာမှာ iPhone 6s နဲ့ Huawei P9 တို့ဟာ 1080p အရည်အသွေးရှိ HD ပုံရိပ်တွေရိုက်ကူးနိုင်တာချင်းတူညီပေမဲ့ P9 ရဲ့ ပုံရိပ်ဖမ်းယူနိုင်စွမ်းကပိုမိုသာလွန်နိုင်တယ်လို့ သုံးသပ်လို့ရပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ သုံးသပ်ရရင် ဒီနေ့ခေတ် စမတ်ဖုန်းတွေက ပေးနိုင်တဲ့ ကင်မရာစွမ်းဆောင်ရည်မျိုးတွေနဲ့ မတူညီဘဲ ထူးခြားတဲ့ စွမ်းဆောင်ရည်မျိုးတွေကို ထိတွေ့ကြည့်ချင်တယ် ၊ အနုပညာဆန်ပြီး ထူးခြားတဲ့ဓါတ်ပုံမျိုးတွေကို ရိုက်ကူးကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ Huawei P9 ကအထူးသင့်လျော်တယ်လို့ သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ