AD
AD
AD
play

 

ဒီဇင်ဘာဆိုတာကတော့ အားလုံးသိတဲ့အတိုင်းချိုမြိန်တဲ့အမှတ်တရနေ့တွေနဲ့ ပြည့်နေတဲ့ လ တစ်လပါပဲ။ 

ဒီဇင်ဘာရဲ့ ချိုမြိန်တဲ့နေ့ရက်တွေကို ဒီအတိုင်းလက်လွှတ်ခံလိုက်မယ်ဆိုရင် နှမြောစရာကောင်းလွန်းနေမှာပါ။ ဒါကြောင့် ခရစ်မတ်၊ နှစ်သစ်ကူး စတဲ့အမှတ်တရနေ့ရက်တွေမှာ ကိုယ်ချစ်ရ၊ခင်ရသူတွေနဲ့အတူတူ အမှတ်တရစားသောက်ပွဲလေး တွေဖန်တီးနိုင်မယ့် Lotte Hotels Yangon ရဲ့ Restaurant Outlets တွေကဖန်တီးထားတဲ့ Special Menu တွေကို ညွှန်းပေးချင်ပါတယ်။

Lotte Hotel Yangon Restaurant Outlets တွေရဲ့ Special Menu တွေအကြောင်းမပြောခင် Lotte Hotels အကြောင်း နည်းနည်းလောက်ပြောပြပါရစေ။

ကြယ် ၅ ပွင့်အဆင့်ရှိ Lotte Hotel Yangon ကို ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဟိုတယ်လုပ်ငန်းစု ဖြစ်သလိုကမ္ဘာ့အနှံ့မှာ အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လှစ်ထားတဲ့ Lotte Hotels & Resorts ကနေပြီး စက်တင်ဘာလထဲတုန်းကဖွင့်လှစ်ခဲ့တာပါ။

ပြည်လမ်း၊ ၆ မိုင်ခွဲနားက ခမ်းနားလှပတဲ့ ဒီဟိုတယ်ကြီးကို တွေ့မိ၊သတိပြုမိတဲ့လူတွေလည်း ရှိမယ်ထင်ပါတယ်။

Lotte Hotels Yangon မှာ Lotte Hotels Group ရဲ့နိုင်ငံတကာမှာဖွင့်လှစ်ထားတဲ့စံနှုန်းတွေအတိုင်း အဆင့်အတန်း မြင့်မားတဲ့ စားဖိုမှူးတွေရဲ့လက်ရာတွေနဲ့ စားသောက်ဆိုင် ၄ ဆိုင်ထိပါဝင်ပါတယ်။ အဲဒီစားသောက်ဆိုင်တွေကတော့ La Seine All Day Dining Restaurant ၊Mugunghwa Korean Restaurant ၊Toh Lim Chinese Restaurant ၊ Poolside Bar & BBQ Restaurant တို့ပဲဖြစ်ပါတယ်။

အဲဒီစားသောက်ဆိုင်တွေထဲကမှ La Seine All Day Dining Restaurant ၊Mugunghwa Korean Restaurant ၊Toh Lim Chinese Restaurant တို့မှာ ဒီဇင်ဘာလအတွက် Wonderful December Special Menu တွေနဲ့ အထူးပရိုမိုးရှင်းတွေ ရရှိနိုင်မှာပါ။

La Seine All Day Dining Restaurant မှာ ၂၀၁၇ ရဲ့နောက်ဆုံးနေ့ရက်တွေကို နှုတ်ဆက်ပြီး နှစ်သစ်ကိုအကောင်းဆုံး ကြိုဆိုနိုင်ဖို့အတွက် အခမဲ့သောက်စရာတွေနဲ့ ရရှိနိုင်တဲ့ Special Menu တွေကတော့ ၃၉ ဒေါ်လာကျသင့်မယ့် Santa Night နဲ့ Christmas Brunch ဆိုတဲ့ Menu တွေ၊ ၄၉ ဒေါ်လာတန် Christmas Dinner နဲ့ New Year Eve Dinner ၊ ၇ ဒေါ်လာတန် Lunch Salad Bar တို့ ဖြစ်ပါတယ်။

တရုတ်အစားအစာနှစ်သက်သူတွေအတွက် Toh Lim Chinese Restaurant ကလည်း ၅ ဒေါ်လာကနေ ၁၂ ဒေါ်လာ ကြားကျသင့်မယ့် Pork Feast ၊ ၅ ဒေါ်လာကနေစတင်တဲ့ Santa Bag၊ ၅၈ ဒေါ်လာ နဲ့ ၆၈ ဒေါ်လာ နှစ်သက်ရာရွေးချယ် နိုင်တဲ့ Joyful Christmas နဲ့ Prospect New Year ဆိုတဲ့ Menu တွေကိုပြင်ဆင်ထားပြီး ဒီ Menu တွေအတွက် ဝိုင် အခမဲ့သောက်သုံးခွင့်လည်းရဦးမှာပါ။

ကိုရီးယားအစားအစာတွေနဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကိုဖြတ်သန်းချင်တွေအတွက်တော့ Mugunghwa Korean Restaurant ရဲ့ Sweet December ၊ X'mas Special နဲ့ LOTTE Kindness တို့က ချိုမြိန်မှုတွေအပြည့်အဝပေးစွမ်းမှာ အသေအချာပါပဲ။

Lotte Hotels Yangon ရဲ့လိပ်စာက အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာ၊ ပြည်လမ်း၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံ ပါတ်ကတော့ 01-9351000 ပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD