AD
AD
AD
play

 

အားလုံးပဲ မကြာသေးခင်ကမှ ပြည်လမ်း ၆ မိုင်ခွဲနားမှာဖွင့်လှစ်လိုက်တဲ့ ရန်ကုန်မြို့ရဲ့ ကြယ် ၅ ပွင့်အဆင့်ရှိ Lotte ဟိုတယ်ကို သိကြမယ်ထင်ပါတယ်။

Lotte Hotel ဆိုတာက ကိုရီးယားရဲ့အကြီးဆုံးဟိုတယ်လုပ်ငန်းစုဖြစ်သလို ကမ္ဘာအနှံ့မှာဟိုတယ်တွေအများကြီးဖွင့်လှစ် ထားတဲ့ Lotte Hotels & Resort ကနေရန်ကုန်မြို့အတွက်ဖွင့်လှစ်လိုက်တဲ့ Hotels & Services Apartment ပဲဖြစ်ပါတယ်။

Lotte ဟာကမ္ဘာ့အဆင့်မီဟိုတယ်ဖြစ်သလိုသူ့ရဲ့ Gym ကလည်းကမ္ဘာ့အဆင့်မီ Gym Facilities တွေနဲ့ပြည့်စုံတာကြောင့် Gym ကစားသူတွေအတွက် ညွှန်းပေးချင်တာပါ။

Lotte Hotel ရဲ့ Gym မှာဆိုရင် Gym ကစားဖို့၊ ယောဂကစားဖို့အတွက် Tread Mill ၊ Skill Mill၊ Climb၊ Bike ၊ Dumbbells Set စတဲ့ နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့အပြင် ရေကူးကန်အနေနဲ့လည်း Indoor Pool ၊ Outdoor Pool ၊ ရေနွေးစိမ်ကန်၊ နေပူဆာလှုံဖို့ Sunbed တွေလုံလုံလောက်လောက်ရှိတဲ့အပြင် အမျိုးသားနဲ့အမျိုးသမီးအတွက် သီးခြားအဝတ်လဲခန်းတွေ ပါဝင်ပါတယ်။

play

 

ဒါ့အပြင် Gym ကစားပြီးတဲ့နောက် ကြွက်သားနာကျင်၊ကိုက်ခဲမှုတွေပြေပျောက်ပြီး အားအင်ပြည့်ဝလန်းဆန်းစေမယ့် ချွေးထုတ်ခန်း(Sauna) လည်းရှိပြီး Dry Sauna ၊ Basalt Sauna ၊ Waterfall Shower တို့စုံစုံလင်လင်ရှိပါတယ်။

ရေပူ၊ရေအေး ရေစိမ်ကန်တွေနဲ့ လုံလုံလောက်လောက်ဖြစ်အောင်စီစဉ်ပေးထားလို့ စောင့်နေရတာမျိုးမရှိဘဲ အေးဆေးသက်သာ အနားယူရေချိုးနိုင်မှာပါ။

play

 

အညောင်းအညာပြေဖို့ အနှိပ်ခံမယ်ဆိုရင် တစ်ယောက်ခန်း၊နှစ်ယောက်ခန်းတွေရှိပြီး လုံခြုံရေးမြင့်မားတဲ့ Locker ခန်းတွေလည်းဝန်ဆောင်မှုပေးထားပါတယ်။ Locker ခန်းတွေက တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေထည့်ဖို့၊ ဖိနပ်ထည့်ဖို့ နဲ့ အဝတ်အစားထည့်ဖို့ဆိုပြီးသီးခြားခွဲပေးထားတာကြောင့် ပစ္စည်းတွေအကုန်စုပြုံထည့်စရာမလိုဘဲ အဆင်ပြေတာကိုတွေ့ရမှာပါ။

ဒီလိုကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးက ကမ္ဘာ့အဆင့်မီ Facilities တွေနဲ့ Gym မှာကစားမယ်ဆိုရင် Member ကြေးအနေနဲ့ တစ်လကို USD 300 ၊ ၃ လကို USD 800 ၊ ၆ လကို USD 1600 နဲ့ တစ်နှစ်စာသွင်းမယ်ဆိုရင် USD 3000 သာကျသင့်မှာ ဖြစ်ပါတယ်။

Lotte Hotel Gym ရဲ့ Member တွေအားလုံးဟာ Regular Class ဖြစ်တဲ့ Zumba ၊ Yoga၊ Pilates၊ Aerobic ၊ Stretching ၊ Weight loss Class စတဲ့အတန်းတွေကို အခမဲ့ပါဝင်တက်ရောက်ခွင့်ရဦးမှာပဲ ဖြစ်ပါတယ်။

ကဲ...ဒီလို ကမ္ဘာ့အဆင့်မီဟိုတယ်ကြီးရဲ့ Gym မှာစနစ်တကျနဲ့ နိုင်ငံတကာအဆင့်မီမီ လေ့ကျင့်လို့ရနေပြီဆိုမှတော့ စိတ်ကူးမှားပြီးတခြားနေရာတွေလျှောက်သွားမနေနဲ့တော့နော် ....။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD