AD
AD
AD
play

 

နွေရာသီဆိုတာ ပူလွန်း၊အိုက်လွန်းလို့ အစားအသောက်ပျက်တတ်ကြတဲ့ရာသီတစ်ခုပါပဲ။ ဒီလိုကာလမှာ စိတ်ရော၊လူပါ အပန်းဖြေရင်း ကြယ် ၅ ပွင့်ဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ Lotte Hotel ရဲ့စားသောက်ဆိုင်တွေမှာ နွေရာသီနဲ့လိုက်ဖက်ညီတဲ့ အထူးဟင်းလျာတွေကိုစားရင်း ခံတွင်းမြိန်စေဖို့ မတ်လအထူးပရိုမိုးရှင်းတွေရှိနေပါတယ်။

Lotte Hotels Yangon မှာ Lotte Hotels Group ရဲ့နိုင်ငံတကာမှာဖွင့်လှစ်ထားတဲ့စံနှုန်းတွေအတိုင်း အဆင့်အတန်း မြင့်မားတဲ့ စားဖိုမှူးတွေရဲ့လက်ရာတွေနဲ့ စားသောက်ဆိုင် ၄ ဆိုင်ထိရှိပါတယ်။ အဲဒီစားသောက်ဆိုင်တွေကတော့ La Seine All Day Dining Restaurant ၊Mugunghwa Korean Restaurant ၊Toh Lim Chinese Restaurant ၊ Poolside Bar & BBQ Restaurant တို့ပါပဲ။ ကဲ ဒီစားသောက်ဆိုင်တွေရဲ့ မတ်လအတွက်အထူးဟင်းလျာတွေနဲ့ပရိုမိုးရှင်းတွေကို ကြည့်လိုက်ရအောင်။

La Seine All Day Dining & Buffet Restaurant

ပင်လယ်စာနှစ်သက်သူတွေအတွက် La Sein မှာ Ocean Delight Seafood Buffet ကို အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်းရရှိနိုင်မှာပါ။ USD 32++ ဆိုရင် သောက်စရာအချိုရည်တစ်ခုခုတွဲဖက်ပါဝင်မှာဖြစ်ပြီး USD 39++ ဆိုရင်တော့ ဝိုင်၊ဘီယာ၊ ဒါမှမဟုတ် အချိုရည်တစ်မျိုးမျိုးကို Free Flow ရရှိမှာပဲဖြစ်ပါတယ်။

အသီးအရွက်ကြိုက်သူတွေအတွက် Salad Bar ကို USD 7++ နဲ့ရရှိနိုင်ပြီး အဓိကဟင်းလျာတစ်မျိုးနဲ့တွဲဖက် မှာယူရင်တော့ USD 3++ သာကျသင့်မှာဖြစ်ပါတယ်။ Salad Bar ကိုအပတ်စဉ် တနင်္လာနေ့ကနေ စနေနေ့အထိ ရရှိနိုင်ပါတယ်။

ဒါ့အပြင် အားလပ်ရက်တနင်္ဂနွေနေ့တွေမှာ အိပ်ရာနောက်ကျမှထပြီး အင်းလျားကန်အလှကို ရှုစားရင်းစားသောက်နိုင်မယ့် နေမြင့်စာ INYA BRUNCH ကိုလည်း USD 32 နဲ့ USD 39 ဆိုပြီး ၂ မျိုးရရှိနိုင်ပါသေးတယ်။ USD 32++ တန်မှာ သောက်စရာအချိုရည်တစ်မျိုးမျိုးပါဝင်မှာ ဖြစ်ပြီး USD 39++ ဆိုရင်တော့ ဝိုင်၊ Myanmar Premium ဘီယာ နဲ့ အချိုရည် တို့ အခမဲ့ပါဝင်ဦးမှာပါ။ နောက်ပြီးအထူးအစီအစဉ်အနေနဲ့ တနင်္ဂနွေနေ့တိုင်းမှာ La Seine ရဲ့ ကျွမ်းကျင်စားဖိုမှူးတွေက ဆူရှီး၊ တက်ပန်ယာကီ နဲ့ ပီဇာ လုပ်နည်းတွေကိုပြသပေးမယ့်အစီအစဉ်လည်းရှိတာကြောင့် အချက်အပြုတ်ဝါသနာပါသူ တွေအနေနဲ့ လေ့လာခွင့်ရဦးမှာလည်း ဖြစ်ပါတယ်။

Mugunghwa Korean Restaurant

play

 

Mugunghwa Korean Restaurant မှာတော့ နွေအပူဒဏ်ကြောင့် အစားအသောက်မပျက်ဘဲ ခံတွင်းမြိန်စေဖို့ Wine & Fun ဆိုတဲ့အထူးပရိုမိုရှင်းရှိပါတယ်။ နှစ်သက်ရာ ဝိုင် ၃ ခွက်ကို USD 16 ++ ပဲကျသင့်မှာဖြစ်ပြီး နေ့စဉ် နေ့လယ်စာ နဲ့ ညစာ အချိန်တိုင်းရရှိနိုင်ပါတယ်။

နောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်အထူးပြင်ဆင်ထားတဲ့ Healthy Business Lunch Set Menu ကိုလည်း နေ့စဉ် နေ့လယ်စာချိန်တိုင်း USD 19++/set နဲ့ရရှိနိုင်ပါသေးတယ်။

Poolside BBQ & Bar

play

 

ရေကူးကန်ဘေးက Poolside BBQ & Bar မှာ ဝိုင်နဲ့ ညစာတွဲဖက်သုံးဆောင်နိုင်ဖို့ Wine & Dine ကို မတ်လ ၂၃ ရက်နေ့မှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ USD 50 Net နဲ့ ရရှိနိုင်မယ့်အစီအစဉ်ရှိနေပါတယ်။ စိတ်ချရအောင် ကြိုတင်ပြီး Booking လုပ်ထားဖို့တော့လိုမှာပါ။

Poolside BBQ & Bar ရဲ့ မတ်လအတွက်နောက်ထပ် ပရိုမိုးရှင်းတစ်ခုကတော့ Carlsberg ဘီယာအေးအေးလေးကို အချိန် ၂ နာရီကြာသောက်နိုင်သလောက်သောက်ခွင့်နဲ့ အမြည်းအဖြစ် ငါးနဲ့အားလူးချောင်းကြော်တို့ကို USD 19++ နဲ့ရရှိနိုင်မယ့် Saint Patrick's Promotion ပါပဲ။ နေ့စဉ် ညနေ ၆ နာရီကနေ ၁၀ နာရီအထိရရှိနိုင်မှာပါ။

ဒါ့အပြင် အမျိုးသမီးတွေအတွက် သောက်စရာအဖျော်ယမကာတွေအပေါ်မှာ ၂၀ ရာခိုင်နှုန်းလျှော့ပေးမယ့် အစီအစဉ်လည်းရှိပါသေးတယ်။

Toh Lim Chinese Restaurant

play

 

တရုတ်အစားအစာကိုမှနှစ်သက်သူတွေအတွက် Toh Lin Chinese Restaurant မှာ ခံတွင်းမြိန်စေမယ့် တရုတ်ဟင်းလျာ အမျိုးမျိုးပါဝင်ပြီး ကျန်းမာရေးနဲ့အထူးညီညွတ်တဲ့ Chinese Healthy Moment Menu ကို USD 6++ ကနေ USD 35++ အတွင်း စိတ်တိုင်းကျမှာယူစားသောက်နိုင်ပါတယ်။ နေ့စဉ် နေ့လယ်စာအတွက်ရော၊ ညစာအတွက်ပါရရှိမှာပါ။

Dim Sum ကြိုက်တတ်ရင်တော့ Appetizer နှစ်မျိုး၊ Soup၊ စားဖိုမှူးရဲ့လက်ရွေးစင် Dim Sum ၅ မျိုး၊ ထမင်း ဒါမှမဟုတ် ခေါက်ဆွဲ၊ သစ်သီး နဲ့ တရုတ်စာအချိုပွဲတို့ပါဝင်တဲ့ Dim Sum Set Lunch ကို Toh Lim မှာနေ့လယ်စာချိန်တိုင်း ရရှိနိုင်ကြောင်း လက်တို့ချင်ပါတယ်။

ကြယ် ၅ ပွင့်အဆင့်ရှိ Lotte Hotel Yangon ကို ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဟိုတယ်လုပ်ငန်းစု ဖြစ်သလိုကမ္ဘာ့အနှံ့မှာ အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လှစ်ထားတဲ့ Lotte Hotels & Resorts ကနေပြီး စက်တင်ဘာလထဲတုန်းကဖွင့်လှစ်ခဲ့တာပါ။ Lotte Hotels Yangon ရဲ့လိပ်စာက အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာ၊ ပြည်လမ်း၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံ ပါတ်ကတော့ 01-9351000 ပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD