AD
AD
AD
play

 

မေလ၊ ၁၃ ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့အတွက် ဒီလထဲမှာ ကိုယ့်ရဲ့မိခင်ကို ထူးထူးခြားခြား အမှတ်တရလေးတစ်ခု စီစဉ်ပေးဖို့ စိတ်ကူးထားပါသလား...။ မိခင်တို့အတွက်  ဒီလိုထူးခြားတဲ့ လတစ်လမှာ မိသားစုတစ်ခုလုံးပျော်ရွှင်စရာ အချိန်လေးတွေရောဖန်တီးဖို့ရော စဉ်းစားနေပါသလား။

အဖြေက Yes ဆိုရင်တော့ ရန်ကုန်မြို့ရဲ့ကမ္ဘာ့အဆင့်မီ ကြယ် ၅ ပွင့်ဟိုတယ်ကြီးဖြစ်တဲ့ Lotte Hotels Yangon ရဲ့ မေလအတွက် Special Package တွေကိုသိထားဖို့လိုနေပါပြီ။

ပထမဆုံးအနေနဲ့ မိခင်တွေအတွက် အမှတ်တရလေးတွေဖန်တီးပေးနိုင်မယ့် Mommy is Superstar ဆိုတဲ့ Package အကြောင်းပြောပြချင်ပါတယ်။ ဒီ Package မှာဆိုရင် အပန်းဖြေအနားယူဖို့ Premier Lake Room တစ်ခန်း၊ လူ ၂ ယောက်စာအတွက် Lotte ရဲ့နာမည်ကျော် La Seine All Day Dining Restaurant မှာ မနက်စာနဲ့ညစာ၊ Professional ဓါတ်ပုံဆရာတွေနဲ့ အမှတ်တရဓါတ်ပုံရိုက်ကူးခွင့်၊ ရိုက်ကူးထားတဲ့ပုံတွေထဲက စိတ်ကြိုက်တစ်ပုံကို 10x12'' အရွယ် ဓါတ်ပုံထုတ်ယူခွင့်၊ အမေများနေ့ (မေလ၊ ၁၃ ရက်) မှာပြုလုပ်မယ့် Make Up Tutorial Session ကိုအခမဲ့ဝင်ရောက်ခွင့်၊ Half kg cake ၊ နောက်တစ်ရက်မှာ ညနေ ၄ နာရီထိ အပန်းဖြေနိုင်မယ့် late check out ခံစားခွင့်တို့ပါဝင်ပါတယ်။ ဒီ Package ကို မေလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း booking လုပ်ယူနိုင်တာကြောင့်  မိသားစု အားလပ်တဲ့နေ့၊ အဆင်ပြေတဲ့နေ့မျိုးကို ရွေးချယ်၍ booking တင်နိုင်ပါတယ်။ ဒီ Special Package ရဲ့ဈေးနှုန်းက Tax တွေအပါအဝင်မှ ၂၆၅,၀၀၀ ကျပ်သာကျသင့်မှာပဲ ဖြစ်ပါတယ်။

play

 

နောက်ထပ် Package တစ်ခုက ကလေးတွေပျော်ရမယ့် Kiddo Day Package ပါ။ ဒီ Package မှာ Premier Room တစ်ခန်း၊ လူကြီး ၂ ယောက်နဲ့ ၁၂ နှစ်အောက်ကလေးတစ်ယောက်စာ La Seine All Day Dining Restaurant မှာ Buffet Breakfast သုံးဆောင်ခွင့်ရယ် Sunday Brunch၊ La Seine All Day Dining Restaurant မှာ ကလေးကစားခန်း၊ ကလေးတွေ(အများဆုံး ၂ ယောက်)နဲ့ လူကြီးတစ်ယောက်အတွက် တစ်ပတ်စာ ရေကူးကန်ဝင်ရောက်ခွင့်၊ နောက်တစ်ရက်မှာ ညနေ ၄ နာရီထိ အပန်းဖြေနိုင်မယ့် late check out ခံစားခွင့်တို့ပါဝင်ပါတယ်။ မေလ ၁ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အတွင်း စနေ၊ တနင်္ဂနွေနေ့တွေမှာ ပဲ booking လုပ်ယူ နိုင် မှာ ဖြစ်ပါတယ်။ ဒီ Package အတွက် ဈေးနှုန်းက တော့၂၁၅,၀၀၀ ကျပ်ပါ။

play

 

နောက်ဆုံးအနေနဲ့ ပြောပြပေး ချင်တဲ့ Package ကတော့ မိသားစုအားလုံးပျော်ရမယ့် Family Kingdom Package ပါပဲ။ ဒီ Package မှာလည်း Premier Room တစ်ခန်း၊ လူကြီး ၂ ယောက်နဲ့ ကလေးတစ်ယောက်စာ La Seine All Day Dining Restaurant မှာ Buffet Breakfast ၊ ကလေးတို့အတွက် Lotte Hotel Service Apartment ရဲ့ Kid World access အ ပြင် Kids ရေကူးကန်ကို ဝင်ရောက်ခွင့်၊ GX Program (ကြိုတင်စာရင်းပေးရန်လို)၊ B&A Day & Night Cream၊ Spa at B&A (30% Discount) ၊ Bottle of Wine ၊  Spa at B&A (30% Discount) ၊ Delica Hans မှ လွဲ၍ တခြား Outlet တွေအားလုံးမှာ သုံးစွဲ ကျ သင့် ခဲ့တဲ့ total Bill အပေါ် မှ လည်း ၂၀ ရာခိုင်နှုန်းသက်သာခွင့်၊ နောက်တစ်ရက်မှာ ညနေ ၄ နာရီထိ အပန်းဖြေနိုင်မယ့် late check out ခံစားခွင့်တို့ပါဝင်ပါတယ်။ ပရိုမိုးရှင်းကာလက မေလ ၁ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိပါ။ ဒီ Package အတွက်ဈေးနှုန်းက တော့ မြန်မာငွေ ၁၈၀,၀၀၀ ကျပ်သာကျသင့်မှာပဲ ဖြစ်ပါတယ်။

play

 

ဒီ Package တွေနဲ့ပတ်သက်လို့ အသေးစိတ်ထက်မံ၍သိရှိလိုရင်တော့ Lotte Hotels Yangon ရဲ့လိပ်စာက အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာ၊ ပြည်လမ်း၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံ ပါတ်ကတော့ 01-9351000 ပဲဖြစ်ပါတယ်။

ကြယ် ၅ ပွင့်အဆင့်ရှိ Lotte Hotel Yangon ကို ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဟိုတယ်လုပ်ငန်းစု ဖြစ်သလိုကမ္ဘာ့အနှံ့မှာ အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လှစ်ထားတဲ့ Lotte Hotels & Resorts ကနေပြီး စက်တင်ဘာလထဲတုန်းကဖွင့်လှစ်ခဲ့တာပါ။ အခုလောက်ဆို ပြည်လမ်း၊ ၆ မိုင်ခွဲနားက ခမ်းနားလှပတဲ့ ဒီဟိုတယ်ကြီးကို တော်တော်များများ သတိပြုမိပြီးသား ဖြစ်နေ လောက်ပြီထင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD