AD
AD
AD
play

 

မိခင်တွေဆိုတာကတော့ ခင်ပွန်းနဲ့သား၊သမီးတွေအတွက်ပဲ အချိန်ပြည့်ပေးထားရပြီး သူ့တို့အတွက် ကိုယ်ပိုင်အချိန်ဆိုတာ မရှိလောက်အောင်ရှားတဲ့ ကြီးမားတဲ့မေတ္တာရှင်တွေဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။

ဒီလိုမိခင်တွေရဲ့ကြီးမားတဲ့မေတ္တာကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ရဲ့ ကြယ် ၅ ပွင့်အဆင့်နိုင်ငံတကာဟိုတယ်ကြီးဖြစ်တဲ့ Lotte Hotel ၊ ကမ္ဘာကျော်မိတ်ကပ်အမှတ်တံဆိပ် L'Oreal Paria နဲ့ နာမည်ကျော်မိတ်ကပ်ပညာရှင် မိတ်ကပ်လင်းလင်းတို့ ပူးပေါင်းပြီး မေလ၊ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ မေမေတို့အတွက် Make Up Tutorial Class တစ်ခုပြုလုပ်ပေးသွားဖို့ရှိနေပါတယ်။

ဒီ Make Up Tutorial Class ကို နာမည်ကျော် အနုပညာရှင်မေမေတွေနဲ့ သမီးတွေအတူတူ တက်ရောက်ပြီး သူတို့ကြားက ကြည်နူးဖွယ်အမှတ်ရစရာ ဖြစ်ရပ်လေးတွေကို ဝေမျှသွားဖို့လည်း ရှိပါတယ်။ ဒါ့အပြင် ပွဲတက်ရောက်လာတဲ့သူတွေကို မေးခွန်းလေးတွေအနည်းငယ်မေးမြန်းပြီး L'Oreal နဲ့ Lotte တို့ပူးပေါင်းကာ မေတ္တာလက်ဆောင်တွေချီးမြှင့်မယ့် Lucky Draw အစီအစဉ်လည်းရှိပါသေးတယ်။

Lotte Hotel ရဲ့စားသောက်ဆိုင်တွေမှာ နေ့လယ်စာစားပြီးတာနဲ့ ပွဲကိုတက်ရောက်နိုင်အောင် အခုလိုစီစဉ်ပေးထားတာပါ။

ဒီ Make Up Tutorial Class လေးကို ကိုယ့်ရဲ့မေမေနဲ့အတူတက်ဖို့စိတ်ဝင်စားလို့ Registration လုပ်မယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၁ ၉၃၅၁၀၀၀ လိုင်းခွဲ ၁၀၈၇ ကိုရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD