AD
AD
AD
play

 

တပေါင်း-တခူးဆိုတာကတော့ အားလုံးသိတဲ့အတိုင်း မြန်မာတို့ရဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတဲ့ မင်္ဂလာရှိတဲ့ အခါသမယပါပဲ။ ဒီလိုနှစ်သစ်ကူးအချိန်အခါမှာ တစ်နှစ်တာပင်ပန်းနွမ်းနယ်ခဲ့ရသမျှတွေကို အကောင်းဆုံးအနားယူ ဖြေဖျောက်ဖို့ လိုအပ်လှပါတယ်။

ဒါကြောင့်ပဲ ရန်ကုန်မြို့ရဲ့ ကြယ် ၅ ပွင့်အဆင့်ရှိဟိုတယ်ကြီး Lotte က နှစ်သစ်ကူးအချိန်အခါမှာ အကောင်းဆုံးအနားယူ ရင်း ရန်ကုန်-ဘန်ကောက် အသွားအပြန်လေယာဉ်လက်မှတ်ပါကံထူးနိုင်မယ့် Heart Of Padauk ဆိုတဲ့အထူး Package ကို April 1 ရက်နေ့ကနေ April 30 ရက်နေ့အထိ သူတို့ရဲ့ customer တွေအတွက်ဖန်တီးပေးထားတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်။

Heart Of Padauk Package မှာဆိုရင် အင်းလျားကန်ကိုမျက်နှာမူထားတဲ့ Premier Lake View Room အခန်း၊ နှစ်ယောက်စာအတွက် La Seine All Day Dining Restaurant မှာမနက်စာ Buffet ၊ Dinner အတွက် Pool Side Bar မှာ ညနေ ၆နာရီက ၁၀နာရီအတွင်း ၂ ယောက်စာ BBQ Platter နဲ့ ၂ နာရီအတွင်းစိတ်ကြိုက်သောက် Beer Free Flow ၊ နောက်တစ်ကြိမ် လာရောက်အသုံးပြုရန် ရေကူးကန် အသုံးပြုခွင့်လက်မှတ်၊ check-in ဝင်ပြီးတဲ့နောက် လန်းဆန်းသွားစေမယ့် Fruit Platter ၊ လက်ဆောင်အဖြစ်ပေးမယ့် Before & After Esthetic & Massage ရဲ့ Moisturizing Top Cream နှင့် ပုံမှန်ထက်အချိန်ပိုပြီး ညနေ ၄ နာရီအထိဟိုတယ်မှာ နေနိုင်တဲ့ Late Check Out Time တို့ပါဝင်မှာပဲ ဖြစ်ပါတယ်။

ဒါတွေအပြင် Local Customer တွေအတွက် ရန်ကုန်-ဘန်ကောက် အသွားအပြန်လေယာဉ်လက်မှတ် ကံထူးနိုင်မယ့် Lucky Draw အစီအစဉ်လည်းရှိနေပါသေးပြီး တစ်လအတွင်း ကံထူးသူ ၄ ဦးအထိ ရွေးချယ်ချီးမြှင့်ပေးသွားမှာပါ။

Heart Of Padauk Package အတွက်ကျသင့်မယ့် ကုန်ကျစရိတ်ကတော့ USD 195 Nett ဖြစ်ပါတယ်။

ကြယ် ၅ ပွင့်အဆင့်ရှိ Lotte Hotel Yangon ကို ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဟိုတယ်လုပ်ငန်းစု ဖြစ်သလိုကမ္ဘာ့အနှံ့မှာ အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လှစ်ထားတဲ့ Lotte Hotels & Resorts ကနေပြီး စက်တင်ဘာလထဲတုန်းကဖွင့်လှစ်ခဲ့တာပါ။ အခုလောက်ဆို ပြည်လမ်း၊ ၆ မိုင်ခွဲနားက ခမ်းနားလှပတဲ့ ဒီဟိုတယ်ကြီးကို တော်တော်များများ သတိပြုမိပြီးသား ဖြစ်နေ လောက်ပြီထင်ပါတယ်။

Lotte Hotels Yangon ရဲ့လိပ်စာက အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာ၊ ပြည်လမ်း၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံ ပါတ်ကတော့ 01-9351000 ပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD