AD
AD
AD
play

 

ကိုရီးယားရဲ့အကြီးဆုံးဟိုတယ်လုပ်ငန်းစုကြီးဖြစ်တဲ့ Lotte Hotels & Resorts ကရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ကြယ် ၅ ပွင့်အဆင့်ရှိ Lotte Hotels Yangon ကနေပြီး မြန်မာနိုင်ငံရဲ့ အကြီးကျယ်အခမ်းနားဆုံး Wedding Show ပွဲကြီးတစ်ခုကို ၂၀၁၈ ခုနှစ်၊ဇူလိုင်လ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တို့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

Lotte Hotels Yangon ကပထမဆုံးအကြိမ်ကျင်းပတဲ့ Wedding Show ဖြစ်တာနဲ့အညီ The First Wedding Show လို့အမည်ပေးထားတဲ့ဒီပွဲကြီးကို မင်္ဂလာပွဲအတွက်လိုအပ်သမျှဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းမှာ စုံစုံလင်လင်နဲ့ လွယ်ကူစွာရရှိနိုင်စေဖို့ ရည်ရွယ်ပြီးကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

Lotte Hotels Yangon ရဲ့ The First Wedding Show ပွဲကြီးမှာ မင်္ဂလာပွဲတစ်ပွဲအတွက် အဓိကလိုအပ်တဲ့ မင်္ဂလာဝတ်စုံတွေ၊ မိတ်ကပ်အပြင်အဆင်တွေ၊ လက်ဝတ်ရတနာဒီဇိုင်းတွေ၊ အခမ်းအနားအပြင်အဆင်တွေအတွက် တကယ့်နာမည်ကျော် ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေရဲ့ဖန်တီးမှုလက်ရာတွေကို စုံစုံလင်လင်ပြသသွားမှာပဲ ဖြစ်ပါတယ်။

The First Wedding Show ပွဲကြီးမှာ မင်္ဂလာဝတ်စုံဒီဇိုင်းတွေအတွက် နိုင်ငံကျော် ဒီဇိုင်နာတွေဖြစ်တဲ့ ဒီဇိုင်နာ ကောင်းမြတ်၊ စန္ဒီလင်းနိုင်၊ Dress Gallery နဲ့ ဒီဇိုင်နာ သျှတရ တို့က သူတို့ကိုယ်ပိုင် ရင်သပ်ရှုမောလောက်စရာ မင်္ဂလာဝတ်စုံဒီဇိုင်းတွေကို ပြသသွားမှာပါ။

play

 

အဲဒီလိုပဲ မိတ်ကပ်ပညာရှင်တွေဖြစ်တဲ့ မိတ်ကပ်မေဦးမောင်၊ မိတ်ကပ်လင်းလင်းတို့က ပြပွဲမှာ မိတ်ကပ်စပွန်ဆာတွေအဖြစ် ပါဝင်ကူညီကြမှာဖြစ်ပြီး ပန်းအလှဆင်ပညာရှင် မာမီကျော်ကလည်း ပါဝင်ပြသသွားဦးမှာပါ။

ဒါ့အပြင် မင်္ဂလာပွဲအစီအစဉ်အတွက် Show Program တွေ၊ ခန်းမအပြင်အဆင်တွေ၊ နောက်ဆုံးပေါ်နည်းပညာသုံ မီးအလင်းအမှောင်စနစ်တွေနဲ့ ပန်းအလှဆင်ပုံဖော်မှုတွေကိုပါ ထူးထူးခြားခြားထည့်သွင်းပြသသွားဦးမှာဖြစ်ပါတယ်။

မင်္ဂလာပွဲအတွက် မောင်င်္ဂလာမောင်နှံတွေကုန်ကျမယ့် ကုန်ကျစရိတ်တွေအတွက် အတိုးသက်သာတဲ့ UAB ဘဏ်ရဲ့ UAB Signature Wedding Package (Wedding Loan Package) ကို The First Wedding Show ပွဲအတွင်းမှာ ရှင်းလင်းပြသပေးသွားမယ့် အစီအစဉ်လည်း ရှိနေပါသေးတယ်။

ရန်ကုန်မြို့၊ ပြည်လမ်း ၆ မိုင်ခွဲရှိ Lotte Hotels Yangon ရဲ့ The First Wedding Show ပွဲကို Signature Wedding and Event Planning ကပါဝင်ကူညီထားပြီး Main Sponsor အဖြစ် Win & San Diamond and Fine Jewelry ၊ Gold Sponsored တွေအဖြစ် Lynn & Win နဲ့ Dress Gallery ၊ Silver Sponsors တွေအဖြစ် Khit Sunn Yin Lotus ၊ Silk & Cotton Hand Weaving Center ၊ UAB Bank ၊ Life & Place Magazine ၊ စိန်နန်းတော်တို့နဲ့အတူ MNA လေကြောင်းလိုင်းမှ Airline Partner အဖြစ်ပါဝင်ကူညီထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD