AD
AD
AD

Louis Vuitton က အိမ်သာကမုတ်တွေများ ထုတ်လိုက်ပြီလားလို့ ဇဝေဇဝါဖြစ်သွားတာလား။ သိန်းထောင်ချီတန်တဲ့ အိမ်သာကမုတ်ကိုတော့ LV က ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအိမ်သာကမုတ်ကိုတော့ တကယ့် LV ပစ္စည်းတွေနဲ့ချည်း လုပ်ထားတာ။

play

 

Illma Gore ဆိုတဲ့ ပညာရှင်တစ်ဦးက ဘယ်သူမှ မစဉ်းစားမိတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကိုယ်တုံးလုံးပန်းချီကိုလည်း ဆွဲခဲ့ဖူးလို့ ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။ ခုလည်း LV ရဲ့ တန်ဖိုးကြီးအိတ်တွေကို အသုံးပြုကာ အိမ်သာလုပ်ပစ်လိုက်ပြန်တယ်လေ။

 

play

LV ရဲ့ အိတ်အမျိုးအစားပေါင်း ၂၄ မျိုးကို အသုံးပြုကာ သုံးလကြာ အချိန်ယူဖန်တီးခဲ့တယ်လို့ ဆိုတယ်။ အိတ်တွေရဲ့တန်ဖိုးက စုစုပေါင်း ဒေါ်လာ ၁၅,၀၀၀ တန်ပါတယ်။ အဲ့ဒီထဲမှာ ဒေါ်လာ ၃၀၀၀ တန် ခရီးဆောင် လက်ဆွဲသေတ္တာ (suitcase) တစ်လုံးလည်း အပါအဝင်ပဲ။ အိမ်သာကို LV တွေနဲ့ မွမ်းမံလိုက်တာ ဖြစ်ပါတယ်။

play

 

ဒီအိမ်သာကို ဝယ်ချင်ရင်တော့ ဒေါ်လာတစ်သိန်း (မြန်မာငွေ သိန်းတစ်ထောင့်သုံးရာခြောက်ဆယ် ဝန်းကျင်)နဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ မွန်နီကာမြို့က Tradesy ပြခန်းမှာ ပြသထားပါတယ်။

Source : Vogue

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD