Lifestyle: Mac Book Air ထက် ပိုမိုပါးလွှာသည့် Mi Notebook Air ကို Xiaomi မိတ်ဆက်

Xiaomi ကထုတ်လုပ်တဲ့ ပထမဆုံး လက်ပ်တော့ကွန်ပျူတာ ဖြစ်ပါတယ်။

play

 

တရုတ် နည်းပညာကုမ္ပဏီ Xiao Mi က ကုမ္ပဏီရဲ့ ပထမဆုံး လက်ပ်တော့ကွန်ပျူတာကို မိတ်ဆက် ပြသလိုက်ပါတယ်။ Mi Notebook Air လို့ အမည်ပေးထားတဲ့ အဆိုပါကွန်ပျူတာဟာ Apple က ထုတ်လုပ်ထားတဲ့ Mac Book နဲ့ ဒီဇိုင်းခပ်ဆင်ဆင်တူပြီး ပါးလွှာတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။

play

 

မျက်နှာပြင် ၁၂.၅ လက်မ အရွယ်အစားနဲ့ ၁၃.၃ လက်မ အရွယ်အစား နှစ်မျိုးထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပြီး ဈေးအနည်းဆုံး ပစ္စည်းက ကန်ဒေါ်လာ ၅၂၅ ဒေါ်လာက စတင်ရောင်းချမယ်လို့ သိရပါတယ်။ တရုတ်ဈေးကွက်အတွင်း အရင်ဆုံးဖြန့်ချိမှာဖြစ်ပြီး လာမယ့် သြဂုတ်လက စတင်ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မျက်နှာပြင် အရွယ်အစား ပိုမိုကြီးမားတဲ့ ၁၃.၃ လက်မ အမျိုးအစားမှာ Core i5 ကိုထည့်သွင်းအသုံးပြု တည်ဆောက်ထားပါတယ်။ အရွယ်အစား ပိုပြီးသေးငယ်တဲ့ ၁၂.၅ လက်မအရွယ်အစားမှတော့ Core M3 ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အမျိုးအစားနှစ်ခုလုံးမှာ 1080 အရည်အသွေးရှိတဲ့ display ကိုခံစားနိုင်မှာ ဖြစ်ပါတယ်။

play

 

အရွယ်အစားသေးငယ်တဲ့ အမျိုးအစားက ပိုမိုပါးလွှားပြီး ၁၂.၉ မီလီမီတာသာ ရှိပါတယ်။ ပိုကြီးမားတဲ့ အမျိုးအစားကတော့ ၁၄.၈ မီလီမီတာ အရွယ်အစားရှိတယ်လို့ ဆိုပါတယ်။ ဈေးအကြီးဆုံး လက်ပ်တော့က ကန်ဒေါ်လာ ၇၅၀ ပေးရမှာ ဖြစ်ပါတယ်။

Source : anandtech.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ