In partnership with  logo
မျက်တောင်ကော့ဆေးဆို ရေစိုခံမှ အဆင်ပြေမယ်လို့ တွေးနေရင်တော့ ဒါလေးကိုဖတ်ကြည့်ပါဦး။

အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေကို ရောက်တာနဲ့ မျက်တောင်ကော့ဆေးဝယ်မယ်ဆို မဒီလေးတို့ အရင်ဆုံးစဉ်းစားမိတာ ဘာဖြစ်မလဲနော်။ အခုက မိုးရာသီဆိုတော့ waterproof ကိုပဲ ဦးစားပေးရွေးကြတယ်မဟုတ်လား။ မျက်တောင်ကော့ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ရေစိုခံ (waterproof) ကိုရော ရိုးရိုးမျက်တောင်ကော့ဆေးကိုရော ထုတ်လေ့ရှိကြပါတယ်။ ရေစိုခံမျက်တောင်ကော့ဆေးတွေ သုံးကြတဲ့အပေါ် အရေပြားအထူးကုဆရာဝန် (dermatologist) တွေကတော့ ဒါလေးတွေ သတိထားဖို့ ပြောကြပါတယ်။

၁။ မျက်တောင်ကျွတ်စေတတ်တယ်

Waterproof-Mascara-Perfectly1.jpg 

ရေစိုခံမျက်တောင်ကော့ဆေးတွေက ရေစိုခံ၊ ချွေးစိုခံပါတယ်။ အခန့်မသင့်လို့ မျက်ရည်ကျရင်တောင်မှ မျက်တောင်ကော့ဆေးတွေပျော်ကျပြီး ရုပ်ဆိုးသွားတာမျိုးမရှိဘူး။ ဒါပေမဲ့လည်း ရေစိုခံအောင်ပြုလုပ်ထားတဲ့ မျက်တောင်ကော့ဆေးဟာ ကိုယ့်ရဲ့မူလမျက်တောင်တွေကို ခြောက်သွေ့စေလို့ ရှိရင်းစွဲမျက်တောင်လေးတွေ ကျွတ်သွားပါတယ်။

၂။ သေသေချာချာပြန်ဖျက်ပါ

 

ရေစိုခံ၊ ချွေးစိုခံ မျက်တောင်ကော့ဆေးတွေက လွယ်လွယ်နဲ့မပျက်ပါဘူးနော်။ ညရောက်လို့ မျက်တောင်ကော့ဆေးတွေကို ပြန်ဖျက်မယ်ဆို စနစ်တကျနဲ့ ပြန်ဖျက်ပေးသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ကို ထိခိုက်စေနိုင်လို့ပါ။ ရေစိုခံမျက်တောင်ကော့ဆေးတွေကိုဖျက်တာက တစ်ကြိမ်တည်းဖျက်လို့မရဘူး။ အထပ်ထပ်ဖျက်ရပါတယ်။ မျက်စိကိုမှိတ်ပြီး တစ်ရှုးစိုနဲ့ မျက်တောင်တစ်လျှောက် ဆွဲသပ်ချလိုက်ပါ။ Zig Zaz ပုံသဏ္ဍန် (ဘယ်ပြန်ညာပြန်) ပွတ်မယ်ဆို မျက်တောင်တွေ ကျွတ်ကုန်ပါလိမ့်မယ်နော်။ ကျွန်မကတော့ တစ်ရှုးစိုနဲ့ဖျက်ပြီးရင် တစ်ရှုးကို သံလွင်ဆီလေးပွတ်ပြီး နောက်တစ်ခေါက် ထပ်ဖျက်ပါတယ်။ သံလွင်ဆီက လိမ်းထားတဲ့ မျက်တောင်ကော့ဆေးတွေကို ပျက်သွားစေပြီး မူရင်းမျက်တောင်လေးတွေကို ပိုရှည်စေတယ်လေ။

၃။ ဖျက်တိုင်းအဆင်မပြေဘူးလား

bottom-lashes-mascara-application.jpg 

မဒီလေးတို့ သုံးနေတဲ့ မျက်တောင်ကော့ဆေးဟာ ကြာကြာခံတာတော့ဟုတ်ပါရဲ့၊ ပြန်ဖျက်တိုင်း ဒုက္ခရောက်ရတယ်ဆိုရင်တော့ မသုံးစေချင်တော့ဘူးနော်။ မျက်တောင်ကော့ဆေးဖျက်တိုင်း နာကျင်ရတယ်၊ မျက်တောင်တွေကျွတ်လာတယ်ဆိုရင်တော့ အဲ့ဒီမျက်တောင်ကော့ဆေးကို ဆက်မသုံးဖို့ အလှအပရေးရာ ကျွမ်းကျင်သူပညာရှင်တွေက ပြောကြလို့ပါ။

Source : Self

Share

Loading Next Article...
က္က