Lifestyle: အင်တာနက်ပေါ်က meme ကြောင့် ဘဝပျက်လုနီးပါး ဖြစ်ခဲ့သူ

play

 

ထိုင်ဝမ်မော်ဒယ်တစ်ဦးဟာ မျက်နှာခွဲစိပ်ပြုပြင်တဲ့ဆေးခန်းတစ်ခုအတွက် ကြော်ငြာရိုက်ပေးခဲ့ပြီးတဲ့ နောက်ပိုင်း အင်တာနက်ပေါ်မှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့်ပဲ သူမရဲ့အသက်မွေးဝမ်းကြောင်း မော်ဒယ်အလုပ်ကို များစွာထိခိုက်ခဲ့ရတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

“ဒီဖြစ်ရပ်တွေကြောင့် ကျွန်မခဏခဏငိုခဲ့ရတယ်။ အိပ်လို့လည်းမပျော်ခဲ့ဘူး” လို့သူမက ပြောပါတယ်။ Heidi Yeh လို့အမည်ရတဲ့သူမဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့သူမရဲ့ ကြောငြာဓါတ်ပုံကြောင့် ထူထူထောင်ထောင် ပြန်ဖြစ်လာဖို့ အတော်ရုန်းကန်ခဲ့ရပါတယ်။ “ကျွန်မမော်ဒယ်အလုပ်ကို ဆက်မလုပ်ချင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်” လို့ Yeh ကဆက်ပြောခဲ့ပါသေးတယ်။ သူမက မော်ဒယ်တစ်ယောက်သာ ဖြစ်တဲ့အတွက် လူတွေကို ပြန်တုန့်ပြန်လို့မရသလို ဒီဖြစ်ရပ်ကို ဖုံးကွယ်ချင်စိတ်ပဲ ရှိခဲ့တာပါ။

play

 

မျက်နှာခွဲစိပ်ပြုပြင်ပေးတဲ့ဆေးခန်းအတွက်ကြော်ငြာကို ၂၀၁၂ ခုနှစ်မှာသူမရိုက်ပေးခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ် ခွဲစိပ်ဆေးခန်းတစ်ခုက မျက်နှာခွဲစိတ်ချင်သူတွေကို စွဲဆောင်တဲ့ကြော်ငြာဖြစ်ပြီး သူမနဲ့ အမျိုးသားတစ်ဦးက ရုပ်ရည်လုံးဝကွဲပြားတဲ့ ကလေးငယ်သုံးဦးနဲ့ ဓါတ်ပုံရိုက်ပေးခဲ့ရတာဖြစ်ပါတယ်။

play

 

အဲဒီကြော်ငြာဓါတ်ပုံကို သတင်းစာတွေမှာ စတင်သုံးခဲ့ပြီးတဲ့နောက်ပိုင်း အင်တာနက်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ အချို့သောအင်တာနက်အသုံးပြုသူတွေကတော့ ဒီဓါတ်ပုံဟာ သူမရဲ့မိသားစုဓါတ်ပုံအစစ်လို့ ထင်ခဲ့ပြီး မှတ်ချက်အမျိုးမျိုး ပေးကြပါတယ်။ မော်ဒယ် Yeh ကတော့ ဒီဖြစ်ရပ်ကြောင့် သူမဝင်ငွေတွေ လျော့ကျသွားခဲ့ရတယ်လို့ ပြောပြီး ဒီကြော်ငြာကိုဖန်တီးခဲ့တဲ့ ကြော်ငြာအေဂျင်စီနဲ့ ဆေးခန်းကို တရားစွဲသွားဖို့ ပြင်နေပါပြီ။

Ref : bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ