Lifestyle: ရန်ကုန်လမ်းညွှန်၊မန္တလေးလမ်းညွှန်ထုတ်ဝေသူ MMRDက မြန်မာ့ပထမဆုံးFacebookကြော်ငြာဝန်ဆောင်မှုလုပ်ငန်း Real Resultမိတ်ဆက်ပွဲကျင်းပ

Real Result ဟာ Facebook ကိုအသုံးပြုပစ်မှတ်ထားတဲ့ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး Facebook ရဲ့ တရားဝင် Marketing Partner ဖြစ်တဲ့ GotU နဲ့ ပူးပေါင်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ GotU ဟာဆိုရင် ၂၀၁၆ ခုနှစ် FB Innovation Award ဆုကိုရရှိထားတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။

play

 

ရန်ကုန်လမ်းညွှန် နဲ့ မန္တလေးလမ်းညွှန်တို့ကို ထုတ်ဝေလျှက်ရှိတဲ့ MMRD Publication ကနေပြီး မြန်မာ့ ပထမဆုံး Facebook ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း Real Result မိတ်ဆက်ပွဲကို အောက်တိုဘာလ၊ ၁၃ ရက်နေ့က ရန်ကုန်မြို့ ၊ Chatrium ဟိုတယ်မှာ ကျင်းပသွားခဲ့ပါတယ်။

Real Result ဟာ Facebook ကိုအသုံးပြုပစ်မှတ်ထားတဲ့ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး Facebook ရဲ့ တရားဝင် Marketing Partner ဖြစ်တဲ့ GotU နဲ့ ပူးပေါင်းဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ GotU ဟာဆိုရင် ၂၀၁၆ ခုနှစ် FB Innovation Award ဆုကိုရရှိထားတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။

play

 

MMRD ရဲ့ Managing Director ဖြစ်တဲ့ ဦးမိုးကျော်က “MMRD နဲ့ GotU ပူးပေါင်းဆောင်ရွက်မှုက မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ Facebook ကြော်ငြာ ဝန်ဆောင်မှုမှတစ်ဆင့် တိကျ စစ်မှန်ပြီး တန်ဖိုးရှိတဲ့ ရလဒ်တွေကို ရရှိသွားစေနိုင်မှာပါ” လို့ Real Result မိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

GotU ရဲ့ CEO ဖြစ်တဲ့ Amedeo Guffanti ကလည်း “ GotU အတွက်တော့ MMRD နဲ့ ပူးပေါင်းဆောင်ရွက်မှု ဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ။ ကျွန်တော်တို့ရဲ့ Facebook ကြော်ငြာ နည်းပညာဟာ မြန်ဆန်စွာ တိုးတက်နေတဲ့ မြန်မာ့စီးပွားရေးရဲ့ အဓိကကျောရိုးဖြစ်တဲ့ လုပ်ငန်းရှင်ပေါင်းများစွာကို စီးပွားရေး အခွင့်အလမ်းသစ်များဖြင့် ကူညီနိုင်မှာပါ၊” လို့ ပြောကြားသွားခဲ့ပါတယ်။

play

 

အဲဒီလို Real Result ကိုစတင်မိတ်ဆက်တဲ့နေ့မှာ ဝန်ဆောင်မှုသစ်ရဲ့ ထူးခြားတဲ့ အချက်အလက်တွေကို မိတ်ဆက်ပေးသွားခဲ့တာကိုလည်းတွေ့ရပါတယ်။ Real Result ကပေးအပ်မယ့် ကြော်ငြာ ဝန်ဆောင်မှုတွေရဲ့ ထူးခြားချက်တွေကတော့ -

မြန်မာပြည် ဈေးကွက်အတွက် သီးသန့်ပြုလုပ်ထားတဲ့အတွက် ပိုမိုထိရောက်တဲ့ ကြော်ငြာတွေ ကိုဖန်တီးနိုင်ခြင်း

အသုံးပြုသူ အရေအတွက် နဲ့ ကြော်ငြာကို အသုံးပြုသူတစ်ယောက်ချင်းဆီက မြင်နိုင်မယ့် အကြိမ် အရေအတွက်ကို အာမခံထားခြင်း။ ဒါကြောင့် target အသုံးပြုသူများမှ Facebook ပေါ်မှ ကြော်ငြာကို မြင်၍ ဆိုင်ကို ရောက်ရှိလာနိုင်မယ့် အခွင့်အလမ်းများပြားခြင်း၊

Real Results မှ Facebook ကြော်ငြာ လိုအပ်ချက်များအတွက် အစအဆုံး ဝန်ဆောင်မှုပေးခြင်း။ (ပစ်မှတ် ဈေးကွက် ရွေးချယ်ခြင်း၊ ကြော်ငြာ ဖန်တီးခြင်း၊ အချိန်နှင့်တပြေးညီ ထုတ်လွှင့်သော ကြော်ငြာများကို ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်း နှင့် ကြော်ငြာ အချိန်အတိုင်းတာ ပြီးဆုံးချိန်တွင် သင့်ထံသို့ campaign report ပို့ပေးခြင်းတို့ကို Real Results ကျွမ်းကျင်ဝန်ထမ်းများမှ အလုပ်အပ်နှံသူ၏ လုပ်ငန်းရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ဆောင်ရွက်ပေးခြင်း) တို့ပဲ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ MMRD Publications ဟာ မြန်မာပြည်ရဲ့ နာမည်ကျော် လမ်းညွှန်စာအုပ်ထုတ်ဝေသူဖြစ်ပြီး ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန်တို့ကို ထုတ်ဝေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသအထူးပြု နဲ့ ဈေးကွက်အထူးပြု လမ်းညွှန် ၁၅ခုမှ တစ်ဆင့် MMRD ဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လုပ်ငန်းရှင်တွေကို Marketing ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးလျက်လည်းရှိပါတယ်။

MMRD နဲ့ပူးပေါင်းဆောင်ရွက်တဲ့ GotU ကတော့ လန်ဒန်အခြေစိုက် ကြော်ငြာနည်းပညာ ဝန်ဆောင်မှုကို လုပ်ငန်းရှင်များ၊ MMRD ကဲ့သို့ လမ်းညွှန်စာအုပ် ထုတ်ဝေသူများ၊ ဆိုင်ခွဲအများအပြားရှိတဲ့ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်များကို ဝန်ဆောင်မှုပေးလျက်ရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ GotU ရဲ့ ကြော်ငြာ နည်းပညာဖြစ်တဲ့ Real Results ဟာ ဂျူလိုင်လ ၂၀၁၆ခုနှစ်မှာ “Facebook Innovation Spotlight” ဆုကို ရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ ၁၂ နိုင်ငံမှာ လက်ရှိ အသုံးပြုလျက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ