Lifestyle: မြန်မာနိုင်ငံမှာ တစ်နေ့တစ်ခြားတွင်ကျယ်လာနေတဲ့ Mobile Banking အကြောင်း သိကောင်းစရာ

, updated

Mobile Banking ဟာ ကိုယ့်ရဲ့လက်ကိုင်ဖုန်းထဲကနေပဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေနဲ့ ငွေကြေးစီးဆင်းမှုတွေကို လွယ်လွယ်ကူကူ၊မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ Mobile Banking စနစ်ကိုအသုံးပြုခြင်းဖြင့် ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုဖျက်စရာမလိုဘဲ အချိန်ကုန်၊လူပင်ပန်းသက်သာတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တဲ့ စနစ်လည်းဖြစ်ပါတယ်။

 

play

 

Mobile Banking ဟာ ကိုယ့်ရဲ့လက်ကိုင်ဖုန်းထဲကနေပဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေနဲ့ ငွေကြေးစီးဆင်းမှုတွေကို လွယ်လွယ်ကူကူ၊မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ Mobile Banking စနစ်ကိုအသုံးပြုခြင်းဖြင့် ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုဖျက်စရာမလိုဘဲ အချိန်ကုန်၊လူပင်ပန်းသက်သာတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တဲ့ စနစ်လည်းဖြစ်ပါတယ်။

Mobile Banking ဝန်ဆောင်မှုကိုအသုံးပြုပြီးကိုယ့်ရဲ့ကိုယ်ပိုင်ဘဏ်စာရင်းမှ ငွေလွှဲပို့ခြင်း၊ ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေလိုသူထံစာရင်းလွှဲပြောင်း ငွေပေးချေခြင်း တို့ကိုလွယ်ကူ အဆင်ပြေစွာဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် MasterCard / VISA Card Top-Up ပြုလုပ်နိုင်ခြင်း၊Credit Card သို့ငွေပြန်လည်ပေးချေနိုင်ခြင်းနဲ့ Mobile Top-Up နဲ့ ဖုန်းငွေဖြည့်ခြင်း တို့ကိုပါ ၂၄နာရီ ခုနှစ်ရက်ပတ်လုံး ဘယ်နေရာရောက်နေနေ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ Mobile Banking ကိုသုံးစွဲတဲ့သူတွေအနေနဲ့ ခရီးသွားနေတဲ့ အချိန်မှာတောင် အချိန်မရွေး ငွေထုတ်ယူသုံးစွဲနိုင်မယ့်အပြင် ကိုယ့်ရဲ့ဘဏ်စာရင်းကိုလည်း အချိန်မရွေး စစ်ဆေးလို့ရပါတယ်။

ဒီနေ့ကမ္ဘာကြီးဟာ အချိန်နဲ့အမျှ လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေတာကြောင့် ပြိုင်ဆိုင်မှုအားကောင်းလှတဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ နည်းပညာရဲ့ပံ့ပိုးကူညီမှုက အလွန်အရေးကြီးတဲ့နေရာက ပါဝင်လျက်ရှိပါတယ်။ Mobile Banking စနစ်ဟာဆိုရင် အထက်မှာပြောခဲ့တဲ့အားသာချက်တွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ တိုးတက်အောင်အထောက်အကူပြုပေးနိုင်မှာပါ။

အဲဒီလို စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးလည်ပတ်စီးဆင်းမှုတွေ လွယ်ကူမြန်ဆန်စေတဲ့ Mobile Banking ကို မြန်မာနိုင်ငံမှာ CB Bank က ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ CB Bank ရဲ့ Mobile Banking ကို မြန်မာတစ်နိုင်ငံလုံး မိုဘိုင်းဖုန်းအသုံးပြုနိုင်တဲ့ ဘယ်နေရာမှာမဆို အသုံးပြုနိုင်အောင်စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် CB Bank ရဲ့ Mobile Banking ဟာ ကမ္ဘာ့အဆင့်မီနည်းပညာနဲ့ လုံခြုံရေးအဆင့်မြင့်မားတဲ့ ဆွစ်ဇာလန်အခြေစိုက် Temenos Banking Software Company ရဲ့ နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားတာကြောင့် စာရင်းပိုင်ရှင်ရဲ့လျှို့ ၀ှက်ကုဒ်နံပါတ် PIN ဟာငွေစာရင်းကို အခြားသူတစ်ဦးက အလွယ်တကူအသုံးမပြုနိုင်စေဖို့ အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။ လုံခြုံရေးအရအဆင့်မြင့်မားပေမဲ့ CB Bank Mobile Banking ဝန်ဆောင်မှုဟာ အသုံးပြုရလွယ်ကူရိုးရှင်းတာကြောင့် မည်သူမဆို အသုံးပြုနိုင်တာကိုလည်း တွေ့ရှိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး