Lifestyle: မြန်မာစွန့်ဦးတီထွင်သူများကွန်ရက် (Myanmar Entrepreneurs Network) ဆိုသည်မှာ ...

, updated

ပြည်တွင်းက စွန့်ဦးတီထွင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို တွေ့ဆုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေက တစ်ဆင့် ဆက်သွယ်ချိတ်ဆက်မိအောင် ဖန်တီးပေးပါတယ်။

play

 

မြန်မာစွန့်ဦးတီထွင်သူများကွန်ရက် လို့အဓိပ္ပာယ်ရတဲ့ MMEN ဆိုတာ ပြည်တွင်းက စွန့်ဦးတီထွင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို တွေ့ဆုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကနေတစ်ဆင့် ဆုံဆည်းမိအောင် ချိတ်ဆက်ပေးနေတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။

MMEN ကို Living Irrawaddy ခရီးသွားအေဂျင်စီတည်ထောင်သူ သက်ဇင် နဲ့ Ya Kun cafe ရဲ့ Operation & Marketing ဌာနကိုဦးဆောင်နေတဲ့ စင်္ကာပူနိုင်ငံသား တျန့်ဟောင် တို့က ၂၀၁၆ ခုနှစ်နှစ်ဆန်းပိုင်းမှာ စတင်အကောင်အထည်ဖော်ခဲ့ တာပါ။

သက်ဇင်ဟာ စင်္ကာပူနိုင်ငံမှာ Tourism & Hospility Management နဲ့ပတ်သက်လို့ ပညာသင်ယူပြီး လုပ်ငန်းခွင်ဝင်ရောက် ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကိုပြန်လာကာ Living Irrawaddy ခရီးသွားအေဂျင်စီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။  တျန့်ဟောင်ကတော့ မြန်မာနိုင်ငံကို ရောက်နေတာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံက Ya Kun cafe ရဲ့ Operation & Marketing ဌာနအပြင် အခြားစီးပွားရေးလုပ်ငန်းတွေအတွက် Marketing အကြံပေးအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါတယ်။

သက်ဇင်နဲ့ တျန့်ဟောင်တို့ဟာ စင်္ကာပူစွန့်ဦးတီထွင်သူများကွန်ရက် (SEN) ကိုစတင်အကောင်အထည်ဖော်ခဲ့သူ နီကိုလက်စ်ချန်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ စွန့်ဦးတီထွင်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ကွန်ရက်တစ်ခုရှိခြင်းရဲ့ တန်ဖိုးကိုတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အလားတူကွန်ရက်တစ်ခု ဖွဲ့စည်းဖို့ စီစဉ်ခဲ့ကြပြီး မြန်မာစွန့်ဦးတီထွင်သူများ ကွန်ရက်(MMEN) ကို စတင်အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

play

 

MMEN ရဲ့ စွန့်ဦးတီထွင်သူများ တွေ့ဆုံပွဲတွေကို လတစ်လရဲ့ ပထမဆုံးတနင်္လာနေ့တိုင်းမှာ FMI စင်တာက Yakun ကော်ဖီဆိုင်မှာ ပြုလုပ်ခဲ့ရာမှာ အခုဆိုရင် လူငယ်စွန့်ဦးတီထွင်သူတွေအကြား စိတ်ဝင်စားမှုအထူးမြင့်တက်လျက် ရှိကာ အခုဆိုရင် လစဉ်တွေ့ဆုံပွဲတစ်ပွဲကို တက်ရောက်သူအရေအတွက်ဟာ ၃၅၀ လောက်အထိတောင်ရှိနေပြီ ဖြစ်ပါတယ်။

MMEN ရဲ့လစဉ်တွေ့ဆုံပွဲတွေမှာ တွေ့ဆုံကြတဲ့စွန့်ဦးတီထွင်သူတွေဟာ နောက်ပိုင်းမှာ တစ်ဦး Company အတွက် တစ်ဦးက ကုန်ကြမ်းပစ္စည်းသွင်းသူတွေ၊ ဒါမှမဟုတ်ရင်လည်း တစ်ဦး Company မှာ တစ်ဦးက ရင်းနှီးမြှုပ်ပ်နှံသူတွေ ဖြစ်လာလေ့ရှိကြပါတယ်။ တချို့ စွန့်ဦးတီထွင်သူတွေဟာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မယ့်သူရှာဖို့၊ ဒါမှမဟုတ် သူတို့ရဲ့အိုင်ဒီရာတွေအပေါ် အခြားသူတွေရဲ့အမြင်ကို ရရှိဖို့အတွက် တွေ့ဆုံပွဲကိုလာကြတာပါ။ တချို့ကလည်း လုပ်ငန်းနယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်တွေကို တွေ့ဆုံချင်လို့ လာသူတွေလည်း ရှိပါတယ်။ MMENမှ သက်ဇင် နဲ့ တျန့်ဟောင်တို့က လုပ်ငန်းရှင်တစ်ဦးနဲ့ တစ်ဦးကို တတ်နိုင်သမျှကူညီ ချိတ်ဆက်ပေးလျက်လည်း ရှိပါတယ်။

လစဉ်တွေ့ဆုံပွဲတွေမှာ စွန့်ဦးတီထွင်သူ အများအပြားနဲ့တွေ့ဆုံရသည့်အတွက် MMEN အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ စွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ် နဲ့ စားသုံးသူတွေရဲ့ အကြိုက် တို့နဲ့ ပတ်သက်ပြီး ပိုမိုပြီးတော့ ကောင်းကောင်းမွန်မွန်နားလည်ခွင့်ရပါတယ်။ MMEN အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ကုမ္ပဏီတချို့ကို ကူညီပေးခဲ့ပြီးဖြစ်ပြီး အဲဒီကုမ္ပဏီတွေထဲက တချို့က သူတို့ရဲ့စီးပွားရေးလုပ်ငန်း တိုးတက်စေဖို့ အတွက် အကြံဉာဏ်ပေးတာ၊ ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်ပေးနိုင်မလားလို့ စုံစမ်းမေးမြန်းတာတွေလည်း ရှိလာပါတယ်။ ဒါကြောင့် MMEN ရဲ့လစဉ်တွေ့ဆုံပွဲတွေဟာ အတိုင်းအတာတစ်ခုထိ ခရီးရောက်ခဲ့ပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။

MMEN ဟာအခုဆိုရင် လစဉ်ပုံမှန်တွေ့ဆုံပွဲတွေအပြင် စွန့်ဦးတီထွင်သူတွေကို အကျိုးပြုနိုင်မယ့် အကြောင်းအရာအလိုက် အထူးပြုလုပ်ဆောင်တဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကိုလည်း စီစဉ်ကျင်းပလျက်ရှိပါတယ်။

Photos : Myanmar Entrepreneurs Network (MMEN)'s Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ