AD
AD
AD
play

 

ဒီနေ့ခေတ်မှာ Facebook ဆိုတာကလူတိုင်းနီးပါးမကင်းနိုင်တဲ့ ဆိုရှယ်မီဒီယာတစ်ခုပါပဲ။ Facebook ကိုအသုံးပြုတာကြာ လာတာနဲ့အမျှ ကိုယ့်ရဲ့အချက်အလက်တွေကလည်း Facebook ပေါ်မှာများသထက်များလာတော့တာပါပဲ။ ဒီအချက်အလက်တွေလုံခြုံဖို့၊ မဆုံးရှုံးဖို့နဲ့ ဒီအချက်အလက်ကိုစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အသုံးချခံရမှုနည်းသွားဖို့ အတွက် အသုံးဝင်မယ့် Facebook ရဲ့လုပ်ဆောင်ချက် ၃ ခုကိုဖော်ပြပေးချင်ပါတယ်။

(၁) ကြော်ငြာတွေကိုကန့်သတ်မယ်

Facebook ကိုအသုံးပြုတဲ့အခါ News Feed မှာကိုယ့်သူငယ်ချင်းတွေ၊ ကိုယ်စိတ်ဝင်စားလို့ Follow လုပ်ထားတဲ့ Page တွေ၊ Join ထားတဲ့Groupတွေကပို့စ်တွေအပြင် Sponsored Content လို့ခေါ်တဲ့ ကြော်ငြာပို့စ်တွေလည်းပါနေတာကို တွေ့ရမှာပါ။ ဒီကြော်ငြာပို့စ်တွေဟာ သင် Facebook နဲ့အင်တာနက်မှာ စိတ်ဝင်စားလို့ကြည့်မိတဲ့၊ရှာမိတဲ့ အကြောင်းအရာ တွေ၊ သင့်ရဲ့အသက်အရွယ်၊ ကျား၊မ ၊ နေထိုင်ရာဒေသစတဲ့အချက်အလက်တွေပေါ်မူတည်ပြီး သင့်ကိုပြပေးနေတာပါ။ ဒါကြောင့် Facebook ကသင့်အနေနဲ့ဘယ်လိုအကြောင်းအရာတွေကိုစိတ်ဝင်စားတယ်လို့မှတ်သားထားတယ်ဆိုတာကို သင့်အနေနဲ့သိထားသင့်ပြီးလိုအပ်ရင် Edit လုပ်ထားဖို့လိုပါတယ်။ ဒီလို Edit လုပ်ဖို့အတွက် ပထမဆုံး Account Setting ထဲကိုသွားပါ။ ပြီးရင် Ads ဆိုတာကိုရှာပါ။ Ads ထဲကိုဝင်ပြီးပြီဆိုရင် အောက်ဆုံးထိသွားလိုက်ရင် your ads preferences ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီထဲကိုဝင်လိုက်ရင်တော့ Facebook ကမှတ်သားထားတဲ့သင်စိတ်ဝင်စားတဲ့အကြောင်းအရာ တွေကိုတွေ့ရမှာဖြစ်ပြီး သင့်အနေနဲ့မကိုက်ညီတာတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ Ads ထဲမှာပဲ သင့်ရဲ့အချက်အလက် တွေကို Facebook ကိုကြော်ငြာပြသဖို့အတွက်အသုံးပြုခွင့်ပေး၊မပေးဆိုတာကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

play

 

(၂) ကိုယ့်ရဲ့ Facebook Data တွေကိုအကုန်လုံးကို Download လုပ်မယ်

သင့်ရဲ့ Facebook ကနေတင်ခဲ့သမျှ ဓါတ်ပုံတွေ၊စာတွေ၊ ဗွီဒီယိုတွေကို Download ယူထားလို့ရပါတယ်။ ဒီလို Download လုပ်ဖို့အတွက် ကွန်ပြူတာကနေပဲလုပ်လို့ရမှာပါ။ သင့်ရဲ့ Facebook အကောင့် Setting ထဲကိုဝင်ပြီး General ထဲကိုဝင်ပါ။ အောက်ဆုံးမှာ အပြာရောင်နဲ့ Download a copy လို့ရေးထားတာကိုတွေ့ပါလိမ့်မယ်။ အဲဒါကိုနှိပ်လိုက်ရင်ရပါပြီ။ Download လုပ်တဲ့ထဲမှာ သင် Click လုပ်တဲ့ ကြော်ငြာတွေ၊ ကြော်ငြာအကြိမ်အရေအတွက်တို့လို အချက်အလက်တွေလည်းပါဝင်တာကြောင့် သင့်အနေနဲ့ Facebook ကသင့်ရဲ့အချက်အလက်တွေကိုဘယ်လို အသုံးပြု တယ်ဆိုတာကိုပါသိရှိနိုင်ဦးမှာပါ။

play

 

(၃) ခိုးပြီးဝင်ကြည့်တဲ့သူရှိ၊မရှိစစ်မယ်

သင့် Facebook ရဲ့ Password ကိုတခြားသူတစ်ယောက်ယောက်က တစ်နည်းနည်းနဲ့ရထားပြီး သင်မသိအောင် ဝင်ကြည့်နေသလားဆိုတာကို သိနိုင်မယ့်နည်းလမ်းလည်းရှိပါတယ်။ သင့် Facebook ရဲ့ Account Setting ထဲက Security and Log In ထဲကိုဝင်လိုက်ရင် သင် Log In ဝင်ထားတဲ့ Device တွေကိုတွေ့ရမှာပါ။ အဲဒီထဲမှာ သင်အသုံးမပြုတဲ့ Device တစ်ခုခုနဲ့ဝင်ထားရင် ဒါဟာသင့် အကောင့်ကိုခိုးပြီးဝင်တဲ့သူရှိနေတယ်ဆိုတဲ့သဘောပါပဲ။ သင့်အနေနဲ့ အဲဒီ Device မှာသင့်ရဲ့အကောင့် Log Out ဖြစ်သွားအောင်လုပ်လို့ရမှာဖြစ်ပြီး Password ကိုပြောင်းပေး ဖို့လည်း လိုမှာပဲ ဖြစ်ပါတယ်။

Facebook ပေါ်ကကိုယ့်ရဲ့အချက်အလက်တွေလုံခြုံရေးအတွက်သိထားသင့်တာတွေပြောပြပြီးပြီဆိုတော့ အခု Facebook နဲ့ တခြားနေ့စဉ်အသုံးပြုနေရတဲ့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Viber နဲ့ Bee Talk တို့ကို ဖုန်းဘေလ်အကုန်အကျ သက်သက်သာသာနဲ့သုံးလို့ရမယ့်နည်းလမ်းကိုဆက်ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ Ooredoo ရဲ့ Facebook Plus ဆိုတဲ့ Social Pack ပါပဲ။ Ooredoo ရဲ့ Facebook Plus ကိုရယူထားမယ်ဆိုရင် Facebook အပြင် Viber နဲ့ Beetalk တို့ကိုပါ 1 MB ကို တစ်ကျပ်နှုန်းနဲ့သက်သက်သာသာအသုံးပြုနိုင်မှာပါ။

အပေါ်ကပြောခဲ့တဲ့လုပ်ဆောင်ချက် ၃ ခုရယ်၊ Ooredoo ရဲ့ Facebook Plus ရယ်နဲ့ဆိုရင် ခေတ်ကိုမျက်ခြေမပြတ်ရအောင် ဆိုရှယ်မီဒီယာတွေကို နေ့စဉ်ကုန်ကျစရိတ်သက်သက်သာသာ၊ လုံခြုံမှုရှိရှိနဲ့ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD