AD
AD
AD
play

 

ဒီနေ့ခေတ်မှာ Facebook နဲ့တခြားဆိုရှယ်မီဒီယာတွေကို အသုံးပြုတဲ့သူအရေအတွက် တစ်နေ့တစ်ခြားများလာနေတာ အားလုံးအသိပါပဲ။ ဒီလိုဆိုရှယ်မီဒီယာအသုံးပြုမှုမြင့်တက်လာတဲ့အတွက် လူ့အဖွဲ့အစည်းမှာဆိုးကျိုးတွေရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာဆိုတာ " မီး " လိုပဲ မသုံးတတ်ရင်ဘေးတွေ့နိုင်တဲ့ဆိုးကျိုးတွေရှိ သလို သုံးတတ်ရင် ဘဝကိုအကျိုးပြုမယ့်ကောင်းကျိုးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကိုအသုံးပြု ခြင်းကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေထဲက ၅ မျိုးကိုကောက်နှုတ်ဖော်ပြပေးချင်ပါတယ်။

(၁) ဝေးဝေးနီးနီး ဆက်သွယ်နိုင်ခြင်း

ဆိုရှယ်မီဒီယာတွေကြောင့် အခုဆိုရင် အဝေးကြီးမှာရောက်နေတဲ့ ကိုယ်ချစ်ရ၊ခင်ရသူတွေနဲ့ အလွယ်တကူနဲ့ အသံတင်မက၊ ရုပ်ပါမြင်ရတဲ့အထိဆက်သွယ်နိုင်နေပါပြီ။ ဒါတင်မကသေးပါဘူး။ ကာလကြာရှည်အဆက်အသွယ်ပြတ် နေတဲ့ ဆွေမျိုးတွေ၊သူငယ်ချင်းတွေနဲ့လည်းပြန်ပြီးတွေ့ရှိ အဆက်အသွယ်ရနိုင်ပါသေးတယ်။ Facebook ကနေတဆင့် နှစ်ပေါင်းများစွာကွဲကွာနေတဲ့ ညီအစ်ကိုနှစ်ယောက်ပြန်ဆုံတွေ့သွားတဲ့သတင်းမျိုးတွေ တွေ့ဖူး၊ဖတ်ဖူးကြမယ်ထင်ပါတယ်။

(၂) ပညာရေး

တကယ်သာလေ့လာလိုစိတ်ရှိရင် ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်သိချင်၊တတ်ချင်တဲ့ပညာတွေ၊ ဗဟုသုတတွေကို ရှာမှီးနိုင်ပါတယ်။ အရင်တုန်းက အင်္ဂလိပ်ဘာသာနဲ့ရေးထားတွေကိုသာ အားကိုးရပေမယ့် အခုဆိုရင် မြန်မာဘာသာနဲ့ပဲ အသိပညာ၊အတတ်ပညာတွေဝေမျှပေးနေတဲ့ Facebook Page တွေတောင်အများကြီးရှိနေပြီဖြစ်ပါတယ်။

play

 

(၃) အကူအညီ

သွေးအလှူရှင်အရေးပေါ်လိုအပ်နေလို့ Facebook မှာပို့စ်တင်ပြီး အကူအညီတောင်းတာတွေမြင်ဖူးကြမှာပါ။ ဒါမျိုးအတုအယောင်တွေရှိတယ်ဆိုပေမယ့် တကယ့်ကိုစေတနာအရင်းခံပြီး ကြားကနေကူညီဆောင်ရွက်ပေးနေသူတွေ လည်းရှိတာကြောင့် လိုအပ်နေသူနဲ့ အကူအညီပေးလိုသူတွေ ဆိုရှယ်မီဒီယာပေါ်မှာဆုံတွေ့သွားတဲ့ သာဓကတွေလည်း အများကြီးရှိနေပါတယ်။

(၄) သတင်းအချက်အလက်

အရင်တုန်းကမီးသတ်ကားသံကြားရင် ဘယ်မှာများလောင်နေသလဲ ။ ကိုယ့်ဆွေမျိုးတွေ၊မိတ်ဆွေနဲ့များနီးနေမလား ဆိုပြီး စိုးတထိတ်ထိတ်နဲ့ဖုန်းတွေဆက်ခဲ့ကြရတာပါ။ အခုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနရဲ့ တရားဝင် Facebook Page ထဲဝင်ကြည့်လိုက်ရုံနဲ့ ဘယ်မှာလောင်နေတယ်ဆိုတာကိုသိနိုင်တဲ့အပြင် ဘယ်အခြေအနေရှိနေသလဲဆိုတာကိုတောင် အချိန်နဲ့တပြေးညီသိနိုင်ပါတယ်။ ဒါကနမူနာတစ်ခုပဲရှိသေးပြီး တခြား မိုးလေဝသ၊နိုင်ငံရေး၊စီးပွားရေး၊ အနုပညာသတင်းတွေကိုပါ လူတိုင်းအချိန်နဲ့တပြေးညီသိရှိနေနိုင်ပါပြီ။

play

 

(၅) ကြော်ငြာ

သင်က စားသုံးသူသက်သက်ဆိုရင်လည်း ကိုယ်ဝယ်ချင်တဲ့ပစ္စည်း၊ ဒါမှမဟုတ် စားချင်နေတဲ့အစားအစာကို ဘယ်နေရာမှာ အကောင်းဆုံး ရနိုင်မယ်ဆိုတာကို ဆိုရှယ်မီဒီယာပေါ်မှာအလွယ်တကူရှာဖွေနိုင်ပါတယ်။ တကယ်လို့သင့်မှာ စီးပွားရေးလုပ်ငန်းတစ်ခုခုရှိမယ်ဆိုရင်တော့ အဲဒီလုပ်ငန်းကို လူသိများအောင် ဆိုရှယ်မီဒီယာပေါ်ကနေ ကုန်ကျစရိတ်လုံးဝမရှိဘဲ၊ ဒါမှမဟုတ် အကုန်အကျသက်သက်သာသာနဲ့ ကြော်ငြာနိုင်မှာပဲ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေကိုသုံးပြီးရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောပြပြီးပြီဆိုတော့ Facebook နဲ့ တခြားနေ့စဉ်အသုံးပြုနေရတဲ့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Viber နဲ့ Bee Talk တို့ကို ဖုန်းဘေလ်အကုန်အကျ သက်သက်သာသာနဲ့သုံးလို့ရမယ့်နည်းလမ်းကိုလည်း ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ Ooredoo ရဲ့ Facebook Plus ပါပဲ။ Ooredoo ရဲ့ Facebook Plus ကိုရယူထားမယ်ဆိုရင် Facebook အပြင် Viber နဲ့ Beetalk တို့ကိုပါ 1 MB ကို တစ်ကျပ်နှုန်းနဲ့သက်သက်သာသာအသုံးပြုနိုင်မှာပါ။

Ooredoo ရဲ့ Facebook Plus နဲ့ ဆိုရင် ဆိုရှယ်မီဒီယာတွေကိုကုန်ကျစရိတ်သက်သက်သာသာနဲ့ အကျိုးရှိရှိအသုံးချနိုင်မှာ အသေအချာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD