AD
AD
AD
play

 

ပါးစပ်ပါရွာရောက်တဲ့ခေတ်က အတိတ်မှာကျန်ခဲ့ပါပြီ။ ဒီနေ့ခေတ်က Google Map ရှိရင်သွားချင်တဲ့နေရာ ရောက်အောင်သွားနိုင်တဲ့ခေတ်ဖြစ်လို့နေပါပြီ။ Google Map ကိုဖုန်းကနေတဆင့် လူတော်တော်များများသုံးနေကြပေမယ့် ပိုပြီးထိထိရောက်ရောက်သုံးနိုင်မယ့် ဒီနည်းလမ်းလေးတွေကိုတော့ လူတိုင်းမသိသေးတာကြောင့် ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ့်ရဲ့အိမ်နဲ့ရုံးလိပ်စာတွေကို Save ထားမယ်

ကိုယ့်ရဲ့ အိမ်နဲ့ ရုံးလိပ်စာတွေကို Google Map မှာ Save ထားလိုက်မယ်ဆိုရင် အိမ်ကနေ၊ ဒါမှမဟုတ် ရုံးကနေ တစ်နေရာရာကိုသွားချင်ရင်ပဲဖြစ်ဖြစ်၊ တစ်နေရာရာကနေပြန်တဲ့အခါမှာပဲဖြစ်ဖြစ် အနီးဆုံးလမ်းကြောင်းကို အလွယ်တကူ ရှာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို အိမ်နဲ့ ရုံးလိပ်စာကို Save ထားဖို့အတွက် ဖုန်းမျက်နှာပြင်ရဲ့ အပေါ်၊ဘယ်ဘက်ထောင့်နားက မျဉ်း ၃ ကြောင်းပုံကိုနှိပ်ပြီး Menu ကိုဖော်ပါ။ အဲဒီနောက်ပေါ်လာတဲ့ Menu ထဲက Your Places ကိုနှိပ်လိုက်ရင် Home နဲ့ Work ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီထဲကို ဝင်ပြီးကိုယ့်ရဲ့လိပ်စာကို ထည့်လိုက်ရင်ရပါပြီ။

play

 

(၂) ကိုယ်ရောက်နေတဲ့နေရာကို တခြားသူတွေကို ပြမယ်

ကိုယ်လက်ရှိရောက်နေတဲ့နေရာကို လိပ်စာရေးပေးနေတာထက် Google Map မှာတစ်ခါတည်း Location ကိုပြလိုက်တာ ပိုပြီးတိကျသလို၊ ရှာရမယ့်လူအတွက်လည်းပိုပြီး လွယ်ကူစေပါတယ်။ ကိုယ်ပြချင်တဲ့ Location တစ်ခုကို Screenshot ဖမ်းစရာမလိုဘဲ တခြားသူတွေကို အလွယ်တကူ Share လို့ရပါတယ်။ Google Map မှာကိုယ်လက်ရှိရောက်နေတဲ့နေရာ ကို ပြနေတဲ့ အပြာရောင်အစက်လေးရှိပါတယ်။ အဲဒါလေးကို ဖိလိုက်တဲ့အခါပေါ်လာတဲ့စာရင်းထဲက Share Your Location ကိုနှိပ်လိုက်ရင် မက်ဆေ့ခ်ျ၊ Facebook ၊Messenger Email စတဲ့နည်းလမ်းတွေထဲက ကိုယ်နှစ်သက်ရာ နည်းလမ်းကိုရွေးပြီး တခြားသူတွေကို Share လို့ရပါပြီ။

play

 

(၃) လမ်းကြောင်းခပ်မြန်မြန်ရှာမယ်

ကိုယ်ရောက်နေတဲ့နေရာကနေ ကိုယ်သွားချင်တဲ့နေရာကို အနီးဆုံး၊အမြန်ဆုံးဖြစ်မယ့် လမ်းကြောင်းကို Google Map ကပြပေးနိုင်ပါတယ်။ အခုဆိုရင် Satellite ပုံရိပ်တွေကတဆင့် ယာဉ်ကြောပိတ်ဆို့မှုတွေကိုတောင် Google Map ကပြပေးနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်သွားချင်တဲ့နေရာကို အမြန်ဆုံးရောက်နိုင်မယ့်လမ်းကြောင်းကို Google Map ကနေခပ်မြန်မြန်ကြည့်ဖို့ဆိုရင် ဘယ်ဘက်အောက်ထောင့်နားက Go ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲဒီနောက် From နေရာမှာ Your Location လို့အလိုလိုပေါ်နေမှာဖြစ်ပြီး To နေရာမှာတော့ ကိုယ်သွားချင်တဲ့နေရာကိုထည့်လိုက်ရုံပါပဲ။ ဒါဆိုရင် google map ကအနီးဆုံးနဲ့အမြန်ဆုံးရောက်မယ့် လမ်းကြောင်းကိုပြပေးပါလိမ့်မယ်။

ကဲဒါတွေကတော့ Google Map ကိုထိထိရောက်ရောက်သုံးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးခဲ့တာပါ။ Google Map ကိုအကျိုးရှိရှိသုံးနိုင်ဖို့ မရှိမဖြစ်လိုအပ်တာကတော့ မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာတဲ့အင်တာနက်ပါပဲ။ ဒီအတွက်တော့ Ooredoo နဲ့ ဖလန်းဖလန်းအစီအစဉ်ကိုအသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Ooredoo ဟာဆိုရင်လက်ရှိမြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့အမြန်ဆုံး 4G ကွန်ယက်ကိုပိုင်ဆိုင်ထားပြီး အမြဲမပြတ်တိုးချဲ့တည် ဆောက်မှုတွေလည်းလုပ်ဆောင်လျက်ရှိလို့ပါ။ ဒါ့အပြင် Ooredoo ရဲ့ ဖလန်းဖလန်းအစီအစဉ်ဟာဆိုရင်လည်း ၁ မီဂါဘိုက်ကို ၅ ကျပ်သာကျသင့်တာကြောင့် တခြားအော်ပရေတာတွေထက်ဈေးနှုန်းသက်သာပြီး လက်ရှိဈေးကွက်ထဲမှာ ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်နေလို့ပါပဲ။ *555# ကို ဖုန်းခေါ်ဆိုပြီး ရယူနိုင်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD