AD
AD
AD
play

 

ဒီနေ့ခေတ်က အိမ်နောက်ဖေးဈေးဆိုင်တည်ဖို့ထက် အွန်လိုင်းပေါ်မှာဈေးဆိုင်တည်ဖို့ စဉ်းစားကြတဲ့ခေတ်ဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ အိမ်နောက်ဖေးမှာ စိုက်ဖို့၊ပျိုးဖို့အတွက် မြေနေရာလွတ်ပိုင်ဆိုင်ဖို့ထက် အွန်လိုင်းပေါ်မှာ ကိုယ့်ကိုယ်ပိုင်တစ်နေရာစာ ရှိနေဖို့က ပိုလွယ်ကူလို့ပါ။

ဒါကြောင့်ပဲ လူတော်တော်များများက စီးပွားရေးလုပ်ငန်းကြီးတစ်ခု အနေနဲ့မဟုတ်ရင်တော့ ကိုယ့်မှာရှိတဲ့အဆက်အသွယ်တွေကို အသုံးချပြီး အပိုဝင်ငွေရဖို့အတွက် အွန်လိုင်းစတိုးလေးတွေ ဖွင့်လှစ်လာကြပါတယ်။

ဆိုင်ခန်းခ၊ ဝန်ထမ်းခတွေမကုန်ကျတာကြောင့် အွန်လိုင်းစတိုးဖွင့်ရတာက အရင်းအနှီးမကြီးမားဘူး ဆိုပေမယ့် မဖွင့်ခင်မှာ ကြိုကြိုတင်တင်စဉ်းစားထားမှအဆင်ပြေမယ့် အခြေခံအချက်တွေရှိနေ ပါတယ်။ အဲဒီအချက်တွေထဲကမှ အခြေခံအကျဆုံးအချက် ၃ ချက်ကတော့ -

(၁) ဘာရောင်းမှာလဲ

ကိုက်မယ့်ထင်တဲ့ပစ္စည်းမျိုးစုံလျှောက်ရောင်းနေတာမျိုးထက် ကုန်ပစ္စည်းအမျိုးအစားတစ်ခုခုကိုပဲ အာရုံစိုက်ရောင်းချတာ က ရေရှည်မှာအောင်မြင်နိုင်ချေပိုများနိုင်ပါတယ်။ ဥပမာ အလှကုန်တွေရောင်းမယ်ဆိုရင် အလှကုန်ပစ္စည်းတွေကိုပဲ ပုံမှန်ရောင်းတာမျိုးကိုပြောတာပါ။

ဒါမှသာလူတွေက ကိုယ်ဝန်ဆောင်မှု ကောင်းရင်ကောင်းသလို၊ ကိုယ့်ပစ္စည်းကောင်းရင်ကောင်းသလို ကိုယ့် အွန်လိုင်းစတိုးလေးကို အချိန်ကြာလာတာနဲ့အမျှ သတိထားမိလာမှာပါ။ ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းရောင်းနေရင် လူတွေကစိတ်ရှုပ်ထွေးပြီး မှတ်မိတော့မှာမဟုတ်ပါဘူး။

play

 

(၂) ဘယ်လိုပို့မှာလဲ

ကိုယ်တိုင်ပို့မှာလား၊ ဝန်ထမ်းခန့်ထားပြီး ပို့ခိုင်းမှာလား၊ ဒါမှမဟုတ် Delivery Service ငှားပြီးပို့မှာလားဆိုတာကို ကိုယ်ရောင်းချတဲ့ကုန်ပစ္စည်းအမျိုးအစား၊ တန်ဖိုးတို့အပေါ်မူတည်ပြီး ကြိုကြိုတင်တင်စဉ်းစားဆုံးဖြတ်ထားရပါမယ်။ ဘယ်နည်းလမ်းက အကောင်းဆုံးရယ်လို့ မရှိဘဲ ကိုယ့်လုပ်ငန်း၊ ကိုယ့်အခြေအနေနဲ့ အကိုက်ညီဆုံးနည်းလမ်းကို ကိုယ်တိုင်ရွေးချယ်ရမှာပါ။

play

 

(၃) ပိုက်ဆံဘယ်လိုလက်ခံမှာလဲ

အများစုကတော့ ပစ္စည်းရောက်၊ငွေချေစနစ်ကိုကျင့်သုံးကြပါတယ်။ တကယ်တော့ ဒီနည်းက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နည်းလမ်းမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ရောင်းတဲ့သူအနေနဲ့ ပစ္စည်းသွားပို့တော့မှ တကယ်မှာတာမဟုတ်ဘဲ လိပ်စာအမှားကြီးနဲ့ နောက်ချင်၊ပြောင်ချင်လို့မှာတာ၊ ဒါမှမဟုတ် ပစ္စည်းရောက်တော့မှ ကိုယ့်ဘက်က ချို့ယွင်းချက်မရှိဘဲနဲ့ မယူတော့ဘူးလို့ပြောတာ၊ ဆက်သွယ်လို့မရတာမျိုးတွေနဲ့ ကြုံရရင်နစ်နာနိုင်သလို ဝယ်သူဘက်ကလည်း ပစ္စည်းရောက်ရင်ငွေချေရမှာဖြစ်တဲ့အတွက် ပစ္စည်းမရောက်မချင်း အိမ်ကနေဘယ်မှသွားမရဘဲ ငုတ်တုတ်ထိုင်စောင့်နေရာတာကြောင့်အဆင်မပြေနိုင်ပါဘူး။

နောက်တစ်နည်းအနေနဲ့ ပိုက်ဆံကိုဘဏ်ကကြိုလွှဲတဲ့ နည်းလမ်းရှိပါတယ်။ ဒါပေမဲ့ ဒီနည်းကလည်း ငွေလွှဲဖို့ဘဏ်ကိုသွားနေရတာကြောင့် ဝယ်သူတော်တော်များများက သဘောမကျကြပါဘူး။ လက်ရှိအချိန်မှာ စတင်အရှိန်ရာလာနေတဲ့ Mobile Money ဝန်ဆောင်မှုတွေကတော့ ဝယ်သူအတွက်ရော၊ ရောင်းသူအတွက်ပါ အတော်လေးအဆင်ပြေပါတယ်။

ဝယ်သူအနေနဲ့ ကိုယ့်ဖုန်းကနေပဲ ငွေကိုလွှဲပေးလိုက်လို့ရသလို ကိုယ်လွှဲလိုက်တဲ့ လူရဲ့ဖုန်းနံပါတ်နဲ့ အချက်အလက်တွေကိုလည်း ဖုန်းထဲမှာတင်ပဲ ကြည့်ရှုလို့ရနေတာကြောင့် အဆင်ပြေသလို ရောင်းသူအနေနဲ့လည်း ငွေဝင်ပြီဆိုရင် ဖုန်းကနေတဆင့် ချက်ချင်းသိနိုင်တဲ့ အပြင် နီးစပ်ရာ ကိုယ်စားလှယ်တွေဆီမှာ အလွယ်တကူထုတ်ယူနိုင်တာကြောင့်အဆင်ပြေပါတယ်။

Mobile Money ကိုအကောင်အထည်ဖော်နေတဲ့သူတွေထဲမှာ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ အူရီဒူးလည်း ပါဝင်ပါတယ်။ Ooredoo ကတော့သူ့ရဲ့ Mobile Money ဝန်ဆောင်မှုကို M-ပိုက်ဆံ လို့နာမည်ပေးထားပြီး တခြား Mobile Money ဝန်ဆောင်မှုတွေထက်ပိုမိုလွယ်ကူပြီး ထိရောက်တဲ့ဝန်ဆောင်မှုမျိုးဖြစ်ဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။

M-ပိုက်ဆံကိုယ်စားလှယ်တွေကိုမြန်မာနိုင်ငံအနှံ့အပြားမှာ ထားရှိပြီး အသုံးပြုသူတွေအနေနဲ့ Mobile Money ဝန်ဆောင်မှုရဲ့အကျိုးကျေးဇူးတွေဖြစ်တဲ့ ငွေသားကိုင်ဆောင်စရာမလိုခြင်း၊ လူတိုင်းအသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံအနှံ့ ငွေလွှဲနိုင်၊ လက်ခံနိုင်ခြင်း စတာတွေကို ပြည့်ပြည့်ဝဝခံစားရအောင် သေသေချာချာလုပ်ဆောင်လျက်ရှိပါတယ်။

အူရီဒူးဟာ မြန်မာနိုင်ငံမှာသုံးစွဲသူ သန်းပေါင်းများစွာရှိပြီးသားဆက်သွယ်ရေးအော်ပရေတာဖြစ်တာကြောင့် သူ့ရဲ့M-ပိုက်ဆံ ဝန်ဆောင်မှုကလည်း လျင်လျင်မြန်မြန်အရှိန်ရပြီးတွင်ကျယ်လာမယ်လို့ ခန့်မှန်းရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD