play

တိုးတက်လာတဲ့နည်းပညာတွေကြောင့် သင်အိမ်မှာမရှိတဲ့အချိန်တွေမှာသင့်အိမ်နဲ့မိသားစုလုံခြုံရေးကို သင့်ဖုန်းကနေ တဆင့်ပဲ စောင့်ရှောက်လို့ရနေပါပြီ။

စီးပွားရေးလုပ်ငန်းအတွက်မဟုတ်ဘဲ ကိုယ့်ရဲ့အိမ်၊ အခန်းနဲ့ မိသားစုဝင်တွေကိုစောင့်ကြည့်ဖို့အတွက်ပဲဆိုရင် ကုန်ကျစရိတ် ကြီးမားတဲ့ CCTV ကင်မရာကြီးတွေတောင်တပ်နေစရာမလိုတော့ပါဘူး။ ဝိုင်ဖိုင်နည်းပညာသုံး ကင်မရာလေးတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ပြည်တွင်းမှာတင်အလွယ်တကူဝယ်ယူလို့ရနေပါပြီ။

ဒီကင်မရာလေးတွေဟာ အသုံးပြုရလွယ်ကူသလို သင့်ရဲ့ဖုန်းမှာလိုအပ်တဲ့ App ထည့်ထားရုံနဲ့ သင်ဘယ်နေရာရောက် နေနေ ကင်မရာကမြင်ကွင်းတွေကို သင့်ဖုန်းကနေတဆင့် အင်တာနက်ကိုအသုံးပြုပြီးစောင့်ကြည့်နေနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလိုကင်မရာတွေဝယ်ယူအသုံးပြုရာမှာ သတိပြုရမယ့်အချက်တချို့တော့ရှိပါတယ်။

play

(၁) အမျိုးအစားနဲ့အရည်အသွေး

လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲမှာ ဝိုင်ဖိုင်ကင်မရာတွေကို ဈေးနှုန်း သောင်းဂဏန်းကနေ သိန်းဂဏန်းထိ အမျိုးအစား အမျိုးမျိုးဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ အရည်အသွေးနိမ့်တဲ့ကင်မရာတွေကိုဝယ်ယူမိရင် ခနလေးနဲ့ပျက်တာ၊ အပူလွန်တာ မျိုးတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ဈေးကြီးတိုင်းလည်း အရည်အသွေးအာမခံချက်မရှိနိုင်တာကြောင့် မဝယ်ခင်မှာ အွန်လိုင်းကနေ လေ့လာပြီး စိတ်ချရတဲ့အမှတ်တံဆိပ်နဲ့အရည်အသွေးမျိုးရှိတဲ့ ကင်မရာကိုသာရွေးချယ်ဝယ်ယူ သင့်ပါတယ်။

(၂) လျှပ်စစ်မီး

အိမ်မှာလူမရှိတဲ့အချိန် အိမ်ကိုစောင့်ကြည့်ဖို့အတွက် ဝိုင်ဖိုင်ကင်မရာတပ်ထားမယ်ဆိုရင် အဲဒီကင်မရာအတွက် လျှပ်စစ်မီး ပေးထားဖို့တော့လိုမှာပါ။ ဒီလိုဝိုင်ဖိုင်ကင်မရာကိုလျှပ်စစ်မီးပေးထားနိုင်ဖို့ အပြင်သွားတဲ့အချိန် Breaker ကိုမချဘဲထားခဲ့ဖို့ ကျတော့အဆင်မပြေနိုင်လောက်ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် ဝိုင်ဖိုင်ကင်မရာတစ်ခုတည်းအတွက်သီးသန့် ပလပ်ပေါက် နဲ့ မီးခလုတ်ဆင်ထားသင့်ပါတယ်။

(၃) နေရာ

သင့်အနေနဲ့ ဝိုင်ဖိုင်ကင်မရာတွေအများကြီးဝယ်ပြီး အိမ်အနှံ့တပ်ထားလို့တော့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အရေးကြီးပြီးအချက်အချာကျတဲ့နေရာကိုသေချာရွေးချယ်ပြီး အဲဒီနေရာမှာကင်မရာကိုတပ်ဆင်ထားသင့်ပါတယ်။

play

 

ဒါတွေကတော့ ဝိုင်ဖိုင်ကင်မရာဝယ်ယူအသုံးပြုရာမှာ သတိပြုရမယ့်အချက်တွေပဲဖြစ်ပါတယ်။ ဝိုင်ဖိုင်ကင်မရာ အသုံးပြုပြီး သင့်အိမ်နဲ့ မိသားစုကိုအဝေးကနေစောင့်ကြပ်ကြည့်ရှုဖို့အတွက် အရေးကြီးဆုံးလိုအပ်တာကတော့ အင်တာနက်ပါပဲ။ ဒီအတွက်လည်း တစ်လကို သိန်းချီပေးရတဲ့အင်တာနက်လိုင်းတွေ ချိတ်ဆက်ထားဖို့မလိုပါဘူး။ မိုဘိုင်းလ်ဖုန်းဆင်းမ်ကဒ် တစ်ကဒ်ဝယ်ယူပြီး အသုံးပြုလိုက်ရုံပါပဲ။

အင်တာနက်အသုံးပြုမှုအတွက် ဒေတာခတွေအများကြီးမကုန်ကျဖို့အတွက်ကို တော့ Ooredoo ရဲ့ ဖလန်းဖလန်း အင်တာနက် အစီအစဉ်ကိုဝယ်ယူအသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖလန်းဖလန်း အင်တာနက် အစီအစဉ်နဲ့ဆိုရင် အင်တာနက်ကို ဘယ်အချိန်သုံးသုံး၊ ဘာအတွက်သုံးသုံး 1MB ကို ၅ ကျပ်သာကျသင့်လို့ပါ။  တခြား အော်ပရေတာတွေနဲ့ဆိုရင် 1MB ကို ၈ ကျပ်အထိကျသင့်မယ့်အချိန်မှာ Ooredoo ရဲ့ ဖလန်းဖလန်းအင်တာနက်နဲ့ ဆိုရင် 1 MB ကို ၅ ကျပ်သာကျသင့်မှာဖြစ်တာကြောင့် ၄၀ရာခိုင်နှုန်းနီးပါးထိ ကုန်ကျစရိတ်သက်သာမှာပဲဖြစ်ပါတယ်။တခြား အော်ပရေတာတွေရဲ့ Night Package တွေလို ညဘက်မှာသုံးမှဈေးသက်တာမဟုတ်ဘဲ တစ်နေ့ ၂၄ နာရီလုံးလုံး 1 MB ကို ၅ ကျပ်သာဖြစ်တာကြောင့် နေ့ညအချိန်မရွေး စိတ်ကြိုက်သုံးလို့လည်း ရပါတယ်။ ဒါ့အပြင် Ooredoo ရဲ့မြန်နှုန်းမြင့် 4G နက်ဝပ်ကိုရရှိမှာဖြစ်တာကြောင့် အင်တာနက်လိုင်းအမြန်နှုန်းအတွက်လည်း စိတ်ပူဖို့ လည်းမလိုတော့ပါဘူး။ ဒါကြောင့်သင့်အိမ်ရဲ့လုံခြုံရေးအတွက် စောင့်ကြည့်ဖို့အတွက်သာမက တခြားအင်တာနက်အသုံးပြုမှုတွေကို ကုန်ကျစရိတ်သက်သက်သာသာ၊ လိုင်းကောင်းကောင်းနဲ့  အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video