Opinion: ဘယ်သူက ပူရှိန်းကွန်ဒုံး လိုမှာတုန်း

, updated

wow facts တွေ Cool Facts တွေနဲ့ Content ကို မတည်ဆောက်ပါနဲ့တော့။

play

 

Social Media Marketer တယောက်အနေနဲ့ကိုယ်မှာ တခါတလေကြရင် ကြော်ငြာတွေလိုက်ကြည့် လိုက်ဖတ်ရတယ်။အဲ့ခါကြရင် ကိုယ့်မှာ မထော်မနမ်းတွေ ဖတ်ရတာများတယ်။

ဆရာကြီးတွေကတော့ သိပြီိးသားဖြစ်မှာပါ 2020 မှာကိုကာကိုလာက Content Marketing ဖက်ကို သွားဖို့ဟန်ပြင်နေတယ်။ ကိုယ်တို့ဆီမှာ Agency တွေလည်း များနေပြီိ။ဘယ်သူတွေ Content ကို တကယ်ကိုင်နေကြပြီးလဲ?ကိုယ်မှာလည်း အဖြေမရှိ ဘယ်ဟာကမှန်လည်းဆိုတာ။ ဒါပေမဲ့ ပြောနိုင်တာ တခုတော့ရှိတယ်။

ပူရှိန်းကွန်ဒုံးတော့ ဘယ်သူမှမလိုဘူးဆိုတာပဲ။

ခုနကမှ NF မှာ တက်လာတယ်။ ကွန်ဒုံးကြော်ငြာ Luxury Edition ရွှေရောင်သန်း သစ်ခွနံ့

Double Protection ကတော့ ပူရှိန်းနံ့သင်းသင်းလေး ကဲ ဘယ်သူတွေလိုလည်း အဲ့ ကွန်ဒုံးကို?

တကယ်သုံးတဲ့အခါ သစ်ခွနံ့လေး မိုက်တယ်နော် ပူရှိန်းနံ့လေး မွှေးနေတာပဲ ဘယ်သူကပြောမှာတုံး :3

ကျနော်တို့က Wow Fact နဲ့ Useful ကို မကွဲပြားသလို Audience ကို ကောင်းကောင်း မချိန်ဆတတ်သေးတာအသေအချာပဲ။

play

 

ဒီနေရာမှာ အသေအချာပြောချင်တာက Cool ဆိုတာ ပျောက်လွယ်ပါတယ်။ အသုံးဝင်တာကပဲ နောက်ဆုံးကျန်ရစ်တာ။ ခင်ဗျားက Product တခုတည်ဆောက်တော့မယ် ဆိုရင် အဲ့ဒါကိုတွေးရမှာ။မြင်သာအောင်ပြောရရင် မိန်းမတိုင်း 6 packs နဲ့ ရုပ်ဖြောင့်ဖြောင့်ဘဲကြိုက်သလို

ယောကျာင်္းတိုင်း အချိုးအဆစ်မိုက်တဲ့ မိန်းမကြိုက်တယ်။ ဒါပေမဲ့ တကယ်တွဲတဲ့အခါကြတော့ ဒီအချက်တွေထပ်ပိုပြီး တွေးရမှာတွေရှိလာတယ်။

ကျန်းမာရေးကောင်းကောင်းရှိရဲ့လားဥာဏ်ရှိတဲ့သူဖြစ်ရဲ့လားငါ့ဘဝကို လုံခြုံအောင် လုပ်ပေးနိုင်ပါ့မလား ယုံကြည်စိတ်ချရတဲ့သူဖြစ်ပါ့မလား ငါ့ကို ဦးစားပေးရဲ့လား လုံလောက်တဲ့ပိုက်ဆံရှာနိုင်လား အစရှိတဲ့ ရေရှည်အသုံးဝင်တဲ့ဟာတွေကို ပိုစဉ်းစားလာရတာပဲလေ။ ( အဲ့လိုပြောလို့ Bodybuilding က အရေးမပါဘူးလို့မပြောပါ ကျန်းမာရေးအတွက်အရေးပါသလို ကိုယ့်ဟာကိုယ် ယုံကြည်မှုအတွက် အရေးပါပါတယ်။ )

အဲ့တော့ ဆိုလိုတာက wow facts တွေ Cool Facts တွေနဲ့ Content တွေကို မတည်ဆောက်ပါနဲ့တော့။ Value over Creative ပါ။

အားမနာတမ်းပြောရရင် ဘယ်သူမှ ပူရှိန်းကွန်ဒုံးမလိုပါဘူး :3

 

(ယခု ဆောင်းပါးသည် Social Media Marketing ကျွမ်းကျင်သူ ရန်နိုင်ဦး၏ အတွေးအမြင်လက်ရာ တစ်ခုဖြစ်ပြီး မူရင်းပို့စ်ကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)

https://www.facebook.com/photo.php?fbid=10210309402545190&set=a.1977914641272.115025.1045297407&type=3&theater

 

" data-width="">
">Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ