Opinion: စာပေသူခိုးများဆီသို့ ရန့်မေတ္တာစာ

စာခိုးချတယ်​ဆိုတာ ကျ​နော်​တို့ငယ်​ငယ်​ကလို ဤသည်​၍မလွဲခိုးချမှ စာသူခိုးလို့ ​ပြောလို့ရတာမျိုး မဟုတ်​ပါ။

play

 

အမတစ်ယောက်​တိုက်​တွန်းချက်​အရ ​ရေးပါတယ်။ ကျ​နော်​တို့ ဒီ​ခေတ်​ကြီးမှာ စာ​ပေသူခိုး​တွေ၊ ဘာ​တွေ အ​ပြောများလာ​တော့ ကျ​နော့အ​နေနဲ့ စာ​ပေသူခိုးလို့ ယူဆလို့ရတာကို နည်းနည်း​ဆွေး​နွေးချင်​ပါတယ်​။ အဲဒီက​နေဆက်​ပြီး ကျ​နော်​လက်​ခံတဲ့ Remix ​တွေအ​ကြောင်းပါ ထည့်​သွင်း ​ပြောသွားချင်​ပါတယ်​။

စာခိုးချတယ်​ဆိုတာ ကျ​နော်​တို့ငယ်​ငယ်​ကလို ဤသည်​၍မလွဲခိုးချမှ စာသူခိုးလို့ ​ပြောလို့ရတာမျိုး မဟုတ်​ပါ။ ကျ​နော်​တို့နှစ်​မျိုးနဲ့ တိုက်​ဆိုင်​စစ်​​ဆေးတာ ပိုသင့်​​တော်​ပါလိမ့်​မယ်​။ စာ​ပေတင်​ပြပုံနှင့်​​ရေးဟန်​ပါပဲ။

ဒီ​နေရာမှာ​ပြောရမှာက လူတစ်ယောက်​စီတိုင်းမှာ ရေးဟန်​ဆိုတာရှိတယ်​။ အဲဒီရေးဟန်​ကလည်း
လွှမ်းမိုးမှု​တွေရှိတယ်​။ ဥပမာ ကျ​နော့စာ​ရေးဟန်​မှာဆိုရင်​ မူရာကာမီနှင့်​ မြင့်​သန်းကို တုပထားတာ များတယ်​။ ဒါ​ပေမဲ့ ဘယ်​​လောက်​ပင်​ လွှမ်းမိုး​စေကာမှု ကျ​နော့​ရေးဟန်​က ကျ​နော့​ရေးဟန်​ပဲဖြစ်​တယ်​။

ဒီ​နေရာမှာ အလျင်းသင့်​လို့​ပြောရရင်​ ဒုတိယ တာရာမင်း​ဝေ​တွေ ဒုတိယ အကြည်​​တော်​​တွေ တော်​သင့်​ ပါပြီ။
ဟဲမင်း​ဝေး​နောက်​ပိုင်း ဒုတိယဟဲမင်း​ဝေး​တွေ ဘယ်​သူမှမ​အောင်​မြင်​တာကြည့်​ပြီး ကိုယ့်​​ရေးဟန်​ကိုယ့်​ ဟာကိုယ်​ တည်​​ထောင်​သင့်​ပါတယ်​။ ဒီ​နေရာမှာ စာ​ရေးတာဟာ တခြားစာ​ရေးဆရာ​တွေရဲ့လွှမ်းမိုးမှု ရှိမှာအမှန်​ဖြစ်​​ပေမဲ့ ​နောက်​တစ်ခုကို ထည့်​စဉ်းစားရပါမယ်​။ စာ​ပေတင်​ပြပုံပါပဲ။

play

 

ဒီ​နေရာမှာ စာ​ပေ​ရေးသားတယ်​ဆိုတာ ဖန်​တီးမှုပါ။ ဖန်​တီးမှုဆိုတာ ဟန်​နဲ့တင်​ပြပုံ။ တစ်နည်းအားဖြင့်​ Style and Presentation ကို အဓိကစဉ်းစားရမှာပါ အဲဒီနောက်​ကမှ Plot လိုက်​တာပါ။ ဒီ​နေရာမှာ style နီးစပ်​ရင်​​တောင်​ Presentation မတူပါဘူး။

ထပ်​ဥပမာပြပါမယ်​။ (ဒီ​နေရာမှာ Presentation ကို ဖရိမ်​လို့​ ပြောင်းလဲ​ခေါ်ဆိုပါမယ်​)။ မူရာကာမီရဲ့ Norwegians Wood ဟာ Realistic အကျဆုံး ဝတ္တုတစ်ပုဒ်​လို့ ဆိုစမှတ်​ပြုပါတယ်​။ သူ့ဇာတ်​လမ်းရဲ့ ဖရိမ်​ကို ကျ​နော်​တို့ကြည့်​ရ​အောင်။

၁။ သူငယ်​ချင်းသုံး​ယောက်​ရှိတယ်​၊ နှစ်​​ယောက်​ကရည်းစား၊ တစ်​ယောက်​က ဘက်​ပဲ့​နေ
၂။ အတွဲထဲက ​ကောင်​​လေးက သတ်​​သေသွား၊ မင်းသားက အ​ဆောင်​မှာ​နေရင်း မင်းသမီးနဲ့​ပြန်​​တွေ့၊ တူတူလမ်း​တွေ​လျှောက်
၃။ မင်းသားကိုခင်​တဲ့ ​စော်​ကြည်​ဘဲတစ်ပွေနဲ့​ပေါင်းပြီး ​စော်​​တွေရှုပ်
၎။မင်းသမီးက မင်းသားကိုချစ်​​ပေမဲ့ ရူးပြီးအရူး​ထောင်​​ရောက်​သွား၊ အဲဒီအချိန်​ မင်းသားက ​ဒုတိယ မင်းသမီးနဲ့​တွေ့
၅။ ဒုတိယမင်းသမီးကလည်း ရည်းစားရှိရက်​ မင်းသားကိုကြိုက်၊​ ဒါ​ပေမဲ့မင်းသားက မင်းသမီးကိုပဲ
သတိ​တွေရ​နေ
၆။ မင်းသားက မင်းသမီး အရူး​ထောင်​စီသွားလည်​၊ အ​ဒေါ်ကြီး​နောက်​တစ်ယောက်​နဲ့ပါခင်​၊ အဲဒီအ​ဒေါ်ကြီးက ဂစ်​တာ​တွေတီးပြ
၇။ မင်းသားက ဒုတိယမင်းသမီးကို ဂရုမစိုက်​လို့ ကွာပြဲ
၈။ မင်းသမီးက ကိုယ့်​ဟာကိုယ်​သတ်​​သေ၊ အ​ဒေါ်ကြီးက အရူး​ထောင်​က ထွက်​လာပြီး
မင်းသားနဲ့အိပ်
၉။ မင်းသားက ​နောက်​ဆုံးမှာ ဒုတိယမင်းသမီးဆီ ဖုန်းဆက်

play

 

ဒါက Norwegians Woods ရဲ့ ဖရိမ်​ပဲ။ ဒီလိုမျိုး ဇာတ်​လမ်းတူ​ကော ရှိနိုင်​လား​မေးရင်​ ရှိနိုင်​တာ​ပေါ့။ ဒါပေမဲ့ တင်​ပြပုံ၊ ဒါမှမဟုတ်​ ဖရိမ်​ကထပ်​တူကျမ​နေသင့်​ဘူး။ ရေးဟန်​က ပို​တောင်​ကွဲပြားခြားနားရမယ်။ ဒါဟာ စာ​ရေးခြင်းအနုပညာလို့ ​ခေါ်တယ်​။ ဒီ ဖရိမ်​​ကော ​ရေးဟန်​​ကော တူ​နေပြီဆိုတာ မခိုးချပါပဲနဲ့ မဖြစ်​နိုင်​ဘူး။ ဒါ စု တု ပြု မဟုတ်​ဘူး စု တု ခိုး ပဲ။

ဒီ​နေရာမှာ တခြားဘက်​က အမြင်​​လေးကို ​ပြောရဦးမယ်​။ Kirby Ferguson ရဲ့ Embrace The Remix က အ​ကြောင်း​လေးကို နည်းနည်း​ပြောချင်​တယ်​။ Bob Dylan ကို အ​တော်​များများက Voice Of Generation လို့​ခေါ်ကြတယ်​။ လူနည်းစုက​တော့ သီချင်းသူခိုးလို့ သမုတ်​ကြတယ်​။ ဥပမာ Masters of war ဆိုရင်​ Nottamun Town ကို ခိုးချထားတယ်​။ With God On Our Side ဆိုရင်​ The Patriot Game က​နေ ခိုးချထားတယ်​။ Woh's Gonna Your Ribbons က​နေ Don't Think Twice , It's Alright အစရှိသဖြင့်​ ဖြစ်​​နေတယ်​လို့​ပြောကြတယ်​။

ဒီ​နေရာမှာ ​ပြောရမှာက Where is ur creative work contribute ဆိုတဲ့ မေးခွန်းပဲ။ ကျ​နော်​တို့ရဲ့ ကိုယ်​ပိုင်​အ​တွေး​တွေက တခြားဟာက လာတယ်​ဆိုတာ ကျ​နော်​လက်​ခံတယ်​။ ဒါ​ပေမဲ့ ဒီဖရိမ်​အတိုင်း ပြန်​ထွက်​လာတယ်​ဆိုတာ​တော့ ဒါက ခိုးချခြင်းပဲ။ ဒီ​နေရာမှာ ကိုယ့်​အသိဉာဏ်​ဖန်​တီးမှု​ ပေါင်းထည့်ခြင်း ရှိမရှိဟာ အလွန်​အ​ရေးကြီးတဲ့ကိစ္စပဲ။

play

 

ဒီ​နေရာမှာ ကျ​နော့ကိုစာ​ရေးဖို့ တိုက်​တွန်းတဲ့အမရဲ့ စကားကိုပဲ ပြန်​လည်​ညွှန်းဆိုရရင်

"အသိဉာဏ်​သယံဇာတ ကုန်​ခမ်းတာဟာ သဘာဝသယံဇာတ ကုန်​ခမ်းတာထက် ပိုဆိုးတယ်​"

ကျ​နော်​တို့ဟာ ​ကောင်းနိုးရာရာ​လေး​တွေကို Google က​နေ မြန်​မာလိုပြန်​ပြီး Native Content
လုပ်​စားကြ​တော့မှာလား? နာနတ်​သီးက​နေ HIV ကူးပါတယ်​ကို ဘာသာပြန်​ထည့်​ပြီး သတင်းအ​နေနဲ့ထည့်​​တော့မှာလား? အသိဥာဏ်​ကို အဆိပ်​ခပ်​​နေကြ​တော့မှာလား?

အဲဒီတော့ ​နောက်​ဆုံးအ​နေနဲ့ ​ပြောရမှာက ကိုယ်​ပိုင်​ဖလိုး၊ ကိုယ်​ပိုင်​ဖရိမ်​ရှိမှ စာ​ရေးဆရာ
လုပ်​စားသင့်​​ကြောင်း၊ မဟုတ်​ရင်​ စာလုံးမတူတာနဲ့ စာမခိုးဘူး ​ပြောလို့မရဘူးလို့ ထင်​မိ​ကြောင်း
အဓိက စု တု ပြုလား စု တု ခိုးလားဆိုတာ ကိုယ့်​ရဲ့ Creative Work နားလည်​မှု ထည့်​သွင်းနိုင်​စွမ်း​ပေါ် မူတည်​​ကြောင်းပါ။

(ယခု ဆောင်းပါးသည် Social Media Marketing ကျွမ်းကျင်သူ ရန်နိုင်ဦး၏ အတွေးအမြင်လက်ရာ တစ်ခုဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ