Lifestyle: မြန်မာငွေ ၂ သိန်းကျော်နဲ့ရရှိနိုင်တဲ့ အရည်အသွေး မြင့်စမတ်ဖုန်း Oppo F1s

မြန်မာငွေ ၂ သိန်းကျော်နဲ့ ရနိုင်တဲ့ အရည်အသွေးမြင့်စမတ်ဖုန်းတွေထဲက လက်ရှိ Selfie ကင်မရာအရည်အသွေးအကောင်းဆုံး ဖုန်းဖြစ်တဲ့ Oppo F1s အကြောင်း ပြောပြပါရစေ။

 

play

 

လက်ရှိမြန်မာနိုင်ငံစမတ်ဖုန်းဈေးကွက်ထဲမှာ အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းတွေအများကြီးရှိပေမဲ့ အများစုက အရည်သွေးမြင့်သလောက် ဈေးတွေကလည်း မြင့်မားကြပါတယ်။ ဒါပေမဲ့ သေချာရွေးချယ်ဝယ်ယူတတ်မယ်ဆိုရင် မြန်မာငွေ ၂ သိန်းကျော်နဲ့ ရနိုင်တဲ့ အရည်အသွေးမြင့်စမတ်ဖုန်းတွေလည်းရှိနေပါတယ်။ အဲဒီလို ၂ သိန်းကျော်နဲ့ ရနိုင်တဲ့ အရည်အသွေးမြင့်စမတ်ဖုန်းတွေထဲကမှ လက်ရှိ Selfie ကင်မရာအရည်အသွေးအကောင်းဆုံး ဖုန်းဖြစ်တဲ့ Oppo F1s အကြောင်း ပြောပြပါရစေ။

Oppo F1s ရဲ့ အထူးခြားဆုံးအရည်အသွေးကတော့ Selfie ဘုရင်ဆိုတဲ့အတိုင်း ဖုန်းရဲ့အရှေ့ကင်မရာက 16MP ထိရှိတာပဲ ဖြစ်ပါတယ်။ အနောက်ဘက်ကင်မရာကလည်း 13MP ပါ။ ဒါကြောင့် ရုပ်ထွက်အကောင်းဆုံး Selfie ပုံရိပ်တွေကို ဖမ်းယူနိုင်မှာဖြစ်သလို အနောက်ဘက်ကင်မရာနဲ့လည်း လှပတဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ကင်မရာ လုပ်ဆောင်ချက်တွေလည်း အများအပြားပါဝင်ပါသေးတယ်။

F1s ဟာ ကင်မရာစွမ်းဆောင်ရည်က မြင့်မားသလို၊ ဖုန်းရဲ့တခြားစွမ်းဆောင်ရည်တွေကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ၅ လက်မခွဲအရွယ်ရှိတဲ့မျက်နှာပြင်ဟာ IPS LCD Display ဖြစ်ပြီး 294 ppi နဲ့ HD ရုပ်ထွက်အရည်အသွေး ကိုပေးစွမ်းနိုင်ပါတယ်။ အဲဒီလိုကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးပြသပေးတဲ့ မျက်နှာပြင်ကို Gorilla Glass 4 နဲ့ ဖုံးအုပ် ပေးထားတာကြောင့် တော်ရုံတန်ရုံထိခိုက်မှုတွေလောက်ကို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။

ဒီဇိုင်းပိုင်းမှာလည်း သတ္ထုကိုယ်ထည်ဘေးဘောင်အကွေးနဲ့ အမြင်အရသားနားသလောက် ကိုင်တွယ်ရတာလည်း အဆင်ပြေတဲ့ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ ဘက်ထရီက 3075mAh ရှိတာကြောင့် ဘက်ထရီခဏလေးနဲ့ကုန်တဲ့ ဒုက္ခမျိုးတွေ မကြုံရနိုင်သလို အားအပြည့်သွင်းထားရင် သီချင်းနားထောင်တာ၊ ဖုန်းပြောတာ၊ ဂိမ်းဆော့တာတွေကို စိတ်အေးလက်အေး လုပ်လို့ရတဲ့အနေအထားမှာ ရှိပါတယ်။

play

 

Mediatek MT6750 Chipset ကိုသုံးထားပြီး CPU က Octa-Core 1.5 GHz Cortex-A53 ဖြစ်ကာ GPU ကတော့ Mali-T860MP2 ဖြစ်ပါတယ်။ RAM 3GB နဲ့ Storage က 32 GB Built-in ပါဝင်ကာ micro SD ကတ်စိုက်ပြီး 256 GB ထိတိုးမြှင့်နိုင်ပါတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့် F1s ဟာ ဂိမ်းမရွေး၊ အက်ပလီကေးရှင်းမရွေးအဆင်ပြေပြေ ထည့်သွင်း အသုံးပြုနိုင်ပြီးဖုန်းနဲ့ရုပ်ရှင်ကြည့်ရတာ ဝါသနာပါသူတွေအနေနဲ့လည်း ဖုန်းထဲကို SD ကတ်နဲ့ရုပ်ရှင်တွေထည့် ကာ အရည်အသွေးမြင့်မြင့်မားမားနဲ့ ကြည့်ရှု့လို့ရပါတယ်။

Oppo F1s မှာ GSM ဆင်းမ်ကတ် ၂ ကတ်တစ်ပြိုင်နက်ထည့်သွင်းအသုံးပြုနိုင်ပြီး 4G LTE အထိ ချိတ်ဆက်လို့ရပါတယ်။ စမတ်ဖုန်းတစ်လုံးမှာပါဝင်ရမယ့် Wifi ၊ Bluetooth ၊ GPS တို့လိုလုပ်ဆောင်ချက်တွေပါဝင်တယ်ဆိုတာကိုတော့ ပြောနေစရာမလိုလောက်တော့ဘူး ထင်ပါတယ်။

ဒီလိုမြင့်မားတဲ့စွမ်းဆောင်ရည်တွေပါဝင်တဲ့ Oppo F1s ရဲ့ဈေးနှုန်းဟာ ၂၆၉၀၀၀ ကျပ်သာရှိတာကြောင့် လက်ရှိဈေးကွက် ထဲက ဈေးနှုန်းအသင့်လျော်ဆုံး အရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ