Lifestyle: OPPO F1s ကို အံ့သြစရာကောင်းသော ဈေးနှုန်းဖြစ်သည့် ၂၆၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး Pre-order များကို သြဂုတ်လ ၂၅ ရက်နေ့အထိ လက်ခံသွားမည်

OPPO F1s ကို အံ့သြစရာကောင်းသော ဈေးနှုန်းဖြစ်သည့် ၂၆၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး Pre-order များကို သြဂုတ်လ ၂၅ ရက်နေ့အထိ လက်ခံသွားမည်

 

play

 

OPPO က တစ်မူထူးခြားတဲ့ Selfie ရိုက်ကူးမှုကို ဖန်တီးပေးမယ့် OPPO F1s မိတ်ဆက်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့ကရန်ကုန်မြို့ရှိ NOVOTEL MAX HOTEL မှာခမ်းနားစွာ ကျင်းပခဲ့ပြီး အခမ်းအနားကို အနုပညာရှင်တွေ၊ နယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားသူတွေနဲ့ မီဒီယာပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ OPPOရဲ့ ထုတ်ကုန်သစ် F1s စမတ်ဖုန်းကို ထူးခြားအံ့သြလောက်တဲ့ ဈေးနှုန်းဖြစ်တဲ့ ၂၆၉,၀၀၀ ကျပ်တည်းနဲ့ ရောင်းချပေးသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလို ဈေးနှုန်းသင့်တင့်ပြီး ထူးခြားကောင်းမွန်တဲ့ အရည်အသွေးမြင့် ကင်မရာတွေပါဝင်တဲ့ OPPO F1s စမတ်ဖုန်းတွေကို သြဂုတ်လ ၂၇ ရက်နေ့မှစတင်ကာ ရောင်းချပေးသွားမှာဖြစ်ပြီး ဖုန်းတွေကို ဦးစွာဝယ်ယူနိုင်ဖို့အတွက် သြဂုတ်လ ၁၇ ရက် မှ သြဂုတ်လ ၂၅ ရက်နေ့အတွင်း ကြိုတင်မှာယူမှုတွေကို နီးစပ်ရာ OPPO အရောင်းဆိုင်တွေမှ ကြိုတင်မှာယူစာရင်းပေးသွင်းသွားနိုင်ပြီဖြစ်ပါတယ်။ကြိုတင်မှာယူစာရင်းပေးသွင်းသူတွေအတွက် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ OPPO မှအထူးမေတ္တာလက်ဆောင်များ ထပ်ဆောင်းပေးအပ်သွားဦးမှာဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးထားတဲ့သူတွေဟာ OPPO F1s စတင်ရောင်းချတဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ လသာလမ်းရှိ OPPO Showroom နှင့် Myanmar Plaza နှင့် မန္တလေးမြို့ ရှိ Skywalk Shopping Mall အရောင်းဆိုင်တွေမှာ OPPO F1s ကိုဝယ်ယူအားပေးခြင်းဖြင့် OPPO ရဲ့ Special Limited Edition Barcelona အမှတ်တံဆိပ် ကျောပိုးအိတ်နဲ့ OPPO Official Selfie Stick Package အထူးလက်ဆောင်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

“ညီမကိုဆီကို ဟိုနေ့က Customer တစ်ဦးကတော့ စိတ်ဝင်စားတယ်ပေါ့နော်။ F1s ကို ကြော်ငြာနေကတည်းက ဈေးနှုန်းမသတ်မှတ်သေးတဲ့အတွက် သူရဲ့ Function တွေကိုပဲ လေ့လာနေရတယ်။ Internet တွေကနေ စောင့်ကြည့်နေတာလို့ သူပြောတယ်။ Live လွှင့်နေတုန်းက ဈေးနှုန်းကို ၂သိန်းကျော်နဲ့ဆိုတော့ သူ အရမ်းပျော်သွားတယ်။ အရမ်းတန်တဲ့အတွက် သူလာပြီးတော့ Pre-order ပေးလို့ရပြီဆိုတဲ့ နေ့ရောက်တော့ သူဆိုင်ကို လာပေးတယ်။ အဲတော့ Customer တွေအနေနဲ့ကတော့ ဒါတွေ စိတ်ဝင်စားတယ်။ Model အသစ်၊ Design ပိုင်းလေးနဲ့ သူ့မှာပါတဲ့ Function တွေ စိတ်ဝင်စားတယ်။ ဈေးနှုန်းကလည်း မျှတတဲ့အတွက်ကြောင့် ကြိုက်ကြတယ်” လို့ Unique မှ Retail Sales and Operation Manager ဖြစ်သူ မဇာခြည်ဝင်းကပြောပါတယ်။

ဒါပေမဲ့ ၀ယ်ယူသူတွေအနေနဲ့ OPPO F1s နဲ့အတူ အထူးလက်ဆောင်အဖြစ်ရရှိမယ့် Limited Edition Barcelona အမှတ်တံဆိပ်ကျောပိုးအိတ်ဟာ ကြိုတင်စာရင်းပေးသွင်းသူတွေအတွက်သာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာ ကိုယ်တိုင်လာရောက်ဝယ်ယူမှသာ ရရှိနိုင်မယ်ဆိုတာကိုတော့ သတိပြုဖို့လိုမှာ ဖြစ်ပါတယ်။ OPPO Official Selfie Stick Package လက်ဆောင်ကို ဦးစွာဝယ်ယူအားပေးသူတွေကို အရေအတွက်ကန့်သက်ချက်နဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

“ညီမတို့ တစ်ဆိုင်လုံးအနေနဲ့ ခြုံငုံကြည့်မယ်ဆိုရင် တချို့ customer တွေက သုံးသိန်းဝန်းကျင်လောက်နဲ့ screen size ကြီးကြီးလိုချင်ကြတယ်။ ROM များတာ လိုချင်တယ်။ ဒီနောက်ပိုင်း game တွေဆိုလည်း အခုဆို Pokemon Go တို့ဘာတို့လည်းပေါ်လာတယ်။ screen size ကြီးတာလိုချင်တယ်။ fingerprint ပါတာ လိုချင်တယ်။ ပြီးတော့ internal memory များများလိုချင်တယ်။ 4G support ပေးတာကို သုံးသိန်းဝန်းကျင်လောက်နဲ့ customer တွေက လိုချင်ကြတယ်ဆိုတော့ အဲ့ဒီအချက်တွေက ဒီ OPPO F1s မှာ ပါတဲ့အတွက် customer တော်တော်များများက ကြိုက်မယ်လို့ ညီမယုံကြည်ချက်ရှိပါတယ်” လို့ RV Mobile မှ ဆိုင်တာဝန်ခံမခိုင်သဇင်စိုးက ရှင်းပြခဲ့ပါတယ်။

OPPO F1s ဖုန်းဟာ မျက်နှာပြင် 5.5 လက်မ အရွယ်အစားရှိပြီး ရုပ်ကြွခံစားချက်ရရှိစေမယ့် 2.5D Arc Edge screen နဲ့ ပေါင်းစပ်ပေးထားကာ မျက်နှာပြင်အကြမ်းခံစေဖို့အတွက် Corning Gorilla Glass 4 ဖြင့်ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် အလင်းကဲ့သို့မြန်ဆန်ပြီး တစ်စက္ကန့်ရဲ့ ၅ပုံတစ်ပုံကျော်ဖြစ်တဲ့ ၀.၂၂ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးနိုင်မယ့် Fingerprint နည်းပညာသစ်ကိုလည်း အသုံးပြုပေးထားပါတယ်။ လှပသေသပ်တဲ့ သတ္ထုစပ်ကျောဘက် ကိုယ်ထည်နဲ့အတူ ၁၀ဒီဂရီအချိုးရှိ ဘေးဘောင်ထောင့်အနေအထားကြောင့် ကိုင်ဆောင်အသုံးပြုရာမှာ ပြေပြေပြစ်ပြစ် နဲ့ သက်သောင့် သက်သာရှိစေမှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာပိုင်းမှာ OPPO F1s ရဲ့အထူးခြားဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး Beautify Mode 4.0 ပေါင်းစပ်ပေးထားတဲ့ 16MPရှိ ကင်မရာအမျိုးအစားပဲ ဖြစ်ပါတယ်။ နောက်ကင်မရာမှာ လက်ရှိစမတ်ဖုန်း ဈေးကွက်မှာ စံအဖြစ်အသုံးပြုနေကြတဲ့ 13MP အမျိုးအစားဖြစ်ပြီး Full HD Video တွေကို အကောင်းဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ RAM 3GB နဲ့ 1.5GHz မြန်နှုန်းရှိ Octa-core processor ကိုအသုံးပြုပေးထားတာကြောင့် မြန်ဆန်သွက်လက်တဲ့ ထိတွေ့သုံးစွဲမှုတွေကို ခံစားရစေမှာ ဖြစ်ပါတယ်။ Slot ပေါက် ၃ခုပါဝင်တဲ့အတွက် SIM ကဒ် ၂ကဒ်နဲ့ 128GB အထိ ထပ်တိုးစိုက်နိုင်မယ့် SD ကဒ်တို့ကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေပြီး 4G ကွန်ရက်စနစ်ကိုပါ ထောက်ပံ့ပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ