Lifestyle: Ovaltine ရဲ့ ဆဋ္ဌမမြောက် ကျပ်သိန်း ၁၀၀ ဆု ကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦး ဆွတ်ခူး

ဒီတစ်ကြိမ် Ovaltine ရဲ့ကျပ်သိန်း ၁၀၀ ဆုကို ဆွတ်ခူးသွားသူကတော့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဦးအေးမင်းပဲ ဖြစ်ပါတယ်။

play

 

Ovaltine ရဲ့ ၂၀ ဂရမ်အထုပ်ငယ်တွေထဲမှာ ထည့်သွင်းပေးထားတဲ့ ကျပ်သိန်း ၁၀၀ ဆုကို ကံထူးသူတွေ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားကနေ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာလျှက်ရှိရာမှာ အခုဆိုရင် ဆဋ္ဌမမြောက် ကျပ်သိန်း ၁၀၀ ဆုရှင် ပေါ်ထွက်လာခဲ့ပါပြီ။

ဒီတစ်ကြိမ် Ovaltine ရဲ့ကျပ်သိန်း ၁၀၀ ဆုကို ဆွတ်ခူးသွားသူကတော့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဦးအေးမင်းပဲ ဖြစ်ပါတယ်။

ဦးအေးမင်းဟာ ကလေးဖြစ်သူကို ကျူရှင်ကြိုပြီးပြန်အလာ ည ၉ နာရီခွဲလောက်မှာ အိမ်အနီးက ကုန်စုံဆိုင်က ၀ယ်ယူခဲ့ တဲ့ Ovaltine ၂၀ ဂရမ်အထုပ်ငယ်ထဲကနေ ကျပ် သိန်း ၁၀၀ ဆုကို ကံထူးသွားခဲ့တာပဲဖြစ်ပါတယ်။

၂၀၀ ကျပ်တန် Ovaltine ၂၀ ဂရမ်အထုပ်ငယ်တစ်ထုပ်ထဲဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီလို တစ်ထုပ်တည်းဝယ်ယူခဲ့တဲ့ Ovaltine အထုပ်ငယ်ကနေပဲ ကျပ်သိန်း ၁၀၀ ပေါက်သွားခဲ့တာပါ။

အဲဒီလို Ovaltine ရဲ့ ၂၀ ဂရမ်အထုပ်ငယ်ထဲကနေ ကံထူးခဲ့တဲ့ ကျပ်သိန်း ၁၀၀ ကို ဦးအေးမင်းဟာ ဇနီးဖြစ်သူရဲ့ မကြာသေးခင်ကကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးပြီးအလှူအတန်းပြုလုပ်ဖို့နဲ့ ကလေးပညာရေးစရိတ်အတွက် အသုံးပြုသွားမယ်လို့ MRTV ရဲ့ မင်္ဂလာပါအစီအစဉ်မှာတွေ့ဆုံမေးမြန်းစဉ်မှာ ဦးအေးမင်းနဲ့သူ့ရဲ့ဇနီးဖြစ်သူတို့က ပြောကြားသွားခဲ့ပါတယ်။

ဦးအေးမင်း ကျပ်သိန်း ၁၀၀ ကံထူးခဲ့တဲ့ Ovaltine အထုပ်ငယ်ရောင်းချပေးလိုက်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ခက်ခက်ကို လည်း Ovaltine က ဆုငွေ ကျပ် ၁ သိန်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့တာကိုတွေ့ရပါတယ်။

ယခုအချိန်မှာ Ovaltine ရဲ့ သိန်း(၁၀၀)ဆု ၆ ဆုအထိထွက်ပေါ်သွားပြီဖြစ်ပြီး စုစုပေါင်း ၁၀ ဆုအထိထည့်သွင်း ထားတာကြောင့် ကျပ် သိန်း(၁၀၀) ဆု ၄ ဆုကျန်ရှိနေပါသေးတယ်။ Ovaltine ရဲ့ကံစမ်းမဲကာလက ၂၀၁၆ ခုနှစ်၊ ဇွန်လ မှ သြဂုတ်လအထိ ဖြစ်ပြီး သိန်း ၁၀၀ ကံထူးရှင်များ အနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ထုတ်ယူရမှာဖြစ်တယ်လို့ Ovaltine ရဲ့ ကြေညာ ထားချက်အရ သိရပါတယ်။

Ovaltine ရဲ့ ဆဋ္ဌမမြောက်သိန်း (၁၀၀) ကံထူးရှင် နဲ့ MRTV 4 တို့တွေ့ဆုံမေးမြန်းထားတဲ့ ဗွီဒီယိုကိုအောက်ပါ link မှာကြည့်ရှု့နိုင်ပါတယ်။

ဗွီဒီယိုကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ