Lifestyle: ဆိုနီရဲ့ PlayStation 4 ရောင်းချရမှု သန်း ၃၀ ကျော် မြင့်တက်လာ

မတ်လတုန်းက ၂၀.၂ သန်း ရောင်းချခဲ့ရပြီးတော့ ယခု ပိတ်ရက်အရောင်းရာသီမှာ အရောင်းမြင့်တက်လာခဲ့တာပါ။

play

 

ဆိုနီ ကော်ပိုရေးရှင်းရဲ့ PlayStation 4 ဂိမ်းကို ရောင်းချရမှုဟာ ယခင်နှစ်နှစ်ရဲ့ ရောင်းအားကို လွန်လာခဲ့ပါတယ်။

မတ်လတုန်းက ၂၀.၂ သန်း ရောင်းချခဲ့ရပြီးတော့ ယခု ပိတ်ရက်အရောင်းရာသီမှာ အရောင်းမြင့်တက်လာခဲ့တာပါ။ နိုင်ငံပေါင်း ၁၂၄ နိုင်ငံမှာ စုစုပေါင်း ရောင်းချရမှု ၃၀.၂ သန်းတောင် ရှိသွားခဲ့ပြီလို့ ဆိုနီ ကော်ပိုရေးရှင်းက နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲလကတော့ မိုက်ခရိုဆော့ရဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ Xbox One က အောက်တိုဘာလ ရောင်းအားအကောင်းဆုံးနေရာယူမှာ ရပ်တည်ခဲ့ပြီးနောက်မှာ ဆိုနီကလည်း သူ့ရဲ့ အရောင်းမြင့်တက်လာမှုကို ကြေညာလိုက်တာပါ။

ဆိုနီရဲ့ PlayStation 4 ဂိမ်းကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒေါ်လာ ၃၅၀ ခန့်နဲ့ ရောင်းချနေပါတယ်။

Source and Photo : www.engadget.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ