AD
AD
AD
play

 

Pokemon Go ဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ရေပန်းအစားဆုံး ဂိမ်းတစ်ခု ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီဂိမ်းဟာ အန္တရာယ်များတဲ့ဂိမ်းတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဂိမ်းကစားရင်း ဖုန်းကိုပဲအာရုံစိုက်နေတဲ့အချိန်မှာ ယာဉ်မတော်တဆမှုတွေ၊ တခြားထိခိုက်ဒဏ်ရာရခြင်းတွေနဲ့ အခြားပြဿနာတွေလည်း မကြာခဏကြုံရလေ့ရှိပါတယ်။ ဒါကြောင့် Pokemon Go ကစားမယ်ဆိုရင် အန္တရာယ်ကင်းနိုင်သလောက်ကင်းအောင် ဘယ်လိုကစားမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

play

 

၁။ နားကြပ်တပ်ပြီးမကစားပါနဲ့။

Pokemon Go ဟာ လမ်းမတွေပေါ်မှာ လျှောက်သွားလျှောက်လာရင်း ကစားရတဲ့ ဂိမ်းမို့လို့ ဖုန်းကိုအာရုံစိုက်ထားရတာ တစ်ချိန်လုံးနီးပါးပါ။ ဒီလိုအချိန်မှာ နားကြပ်တပ်ပြီးကစားတဲ့အခါ ဘေးပတ်ဝန်းကျင်ရဲ့အသံနဲ့ တခြားသတိထားစရာအသံတွေဘာမှမကြားတော့ရင် ပိုပြီးအန္တရာယ်ဖြစ်နိုင်ခြေများပါတယ်။

play

 

၂။ နေရာကိုအသိပေး

ဖြစ်နိုင်ရင် ကိုယ်ဘယ်နေရာတွေမှာရှိနေမယ်။ ဘယ်နေရာတွေမှာ အကောင်တွေလိုက်ဖမ်းမယ်ဆိုတာကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ကြိုအသိပေးထားပါ။ ဖြစ်နိုင်ရင် အချိန်အတိုင်းအတာပါပြောပြထားရင် အရေးအကြောင်းဆို ကိုယ်ဒုက္ခတွေ့နေတာမျိုး၊ အကူအညီလိုနေတာမျိုးဆို မိသားစုနဲ့သူငယ်ချင်းတွေက သိဖို့လွယ်ကူပါတယ်။

play

 

၃။ ကားမောင်းရင်းမဆော့နဲ့

Pokemon Go ကို ကားမောင်းတဲ့သူတွေ ကားမောင်းရင်းနဲ့လုံးဝမဆော့သင့်ကြောင်း ဂိမ်းကုမ္ပဏီက တရားဝင်ပြောကြားထားပြီးသားပါ။

play

 

၎။ ကားလမ်းကူးရင် ဖုန်းကိုခဏမေ့ထား

ဘယ်လိုအကောင်ပဲတွေ့နေတွေ့နေ ကားလမ်းကူးတဲ့အချိန်တော့ ကားလမ်းကူးတဲ့အပေါ်မှာပဲ အာရုံစိုက်ထားပါ။

play

 

၅။ ရေကန်၊ မြစ်၊ ချောင်း၊ ပင်လယ်တွေနဲ့အရမ်းမနီးဖို့

ဖြစ်နိုင်ရင် ရေနဲ့နည်းနည်းဝေးဝေးမှာဆော့ပါ။ ဖုန်းလွတ်ကျတာ၊ ဖုန်းကိုရေလာစင်လို့ ဓာတ်လိုက်တာမျိုးတွေ ကြုံနိုင်ပါတယ်။

play

 

၆။ လူပြတ်လွန်းတဲ့နေရာတွေရှောင်

ဒါကတော့ အကြမ်းဖက်ခံရမှုတွေကင်းဝေးအောင် သတိထားရမယ့်အချက်ဖြစ်ပါတယ်။

Source : Wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD