Lifestyle: Power Bank မဝယ်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

မိုဘိုင်းလ်ဖုန်းတွေက အရေးပါလာတဲ့ခေတ်မှာ ဖုန်းတွေအတွက် power bank တွေကလည်း လိုအပ်လာပြန်ပါတယ်။

play

 

သွားရင်းလာရင်း ဖုန်းအားကုန်သွားတာမျိုး မဖြစ်ရအောင် Power Bank လေးတွေ ဆောင်လာကြပါပြီ။ Power Bank တစ်လုံး ဝယ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်ဖို့ လိုပါတယ်။

၁။ သိုလှောင်နိုင်စွမ်း

ကိုယ်ဝယ်ယူမယ့် Power Bank ရဲ့သိုလှောင်မှုနဲ့ ကိုယ့်ဖုန်းရဲ့ဘက်ထရီကို ချိန်ဆသင့်ပါတယ်။ တစ်ကြိမ်ပဲ အားသွင်းပေးနိုင်တဲ့ Power Bank မျိုးထက်စာရင် ၃ ကြိမ်လောက် အားသွင်းနိုင်တာမျိုးက ပိုကောင်းပါတယ်။ သိုလှောင်အားများလေ အရွယ်အစား ကြီးလေ၊ ပိုမိုလေးလံလေ၊ ဈေးကြီးလေ ဖြစ်ပါတယ်။

၂။ ဖုန်းရဲ့လျှပ်စစ်အဝင်

စမတ်ဖုန်းအများစုရဲ့ လျှပ်စစ်အဝင်က USB မှ တစ်ဆင့်ဖြစ်ပြီး 1A (5V) ဖြစ်ပါတယ်။

၃။ Power Bank ရဲ့လျှပ်စစ်အဝင်

play

 

Battery pack အများစုက 0.8A နဲ့ 1.5A ကြားရှိ လျှပ်စစ်စီးကြောင်းကို လက်ခံနိုင်လို့ 15,000mAh ရှိတဲ့ Power Bank တစ်လုံးကို အားအပြည့်သွင်းဖို့ဆို တစ်ညလောက် အချိန်ပေးရမှာပါ။

၎။ Port အရေအတွက်

Port များတာ ကောင်းပါတယ်။ တခြားဖုန်းတွေကိုပါ တပြိုင်နက်တည်း အားသွင်းနိုင်တာပေါ့။

၅။ ဆိုလာစနစ်သုံး Power Bank

play

 

လျှပ်စစ်မီး မရနိုင်တဲ့ နေရာဒေသတွေကို သွားမယ်ဆိုရင် ဆိုလာစနစ်သုံး Power Bank တွေက အသုံးတည့်ပါတယ်။ နေရောင်ခြည်ရှိနေသမျှ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

 

Source : Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ