AD
AD
AD
play

 

ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးအတွက် Gym ကစားကြတဲ့နေရာမှာ ကိုယ်ကစားတဲ့ Gym က ကျယ်ကျယ်ဝန်းဝန်းရှိပြီး နိုင်ငံတကာစံနှုန်းတွေနဲ့အညီဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ကျန်းမာရေးကို အမှန်တကယ် အထောက်အကူပြုနိုင်မှာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးနိုင်ငံတကာအဆင့်မီအရွယ်အစားရှိပြီး ရန်ကုန်မြို့ရဲ့ အကြီးဆုံး Gym ကတော့ မြန်မာပလာဇာမှာတည်ရှိတဲ့ Power House Fitness Club ပါပဲ။ Power House Fitness Club ဟာနိုင်ငံတကာအဆင့်မီ ကျယ်ဝန်းတဲ့အရွယ်အစားရှိတာကြောင့် တစ်ဦးချင်း လေ့ကျင့်ဖို့ပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်လေ့ကျင့်ရာမှာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်၊ကျယ်ကျယ်ဝန်းဝန်းလေ့ကျင့်နိုင်ပါတယ်။

Power House ဟာအကျယ်အဝန်းမှာတင်နိုင်ငံတကာအဆင့်မီတာမဟုတ်ဘူး လေ့ကျင့်ဖို့အတွက်စက်ပစ္စည်းတွေကို လည်း ကမ္ဘာ့အဆင့်အမှတ်တံဆိပ်တွေဖြစ်တဲ့ Life Fitness နဲ့ Hammer Strength တို့ကိုအသုံးပြုထားတာကြောင့် ထိရောက်မှုအပိုင်းအတွက်ရော၊ ဘေးကင်းမှုအပိုင်းအတွက်ပါစိတ်ချရမှာပါ။

play

 

Trainer တွေဆိုရင်လည်း NASM လို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရထားတဲ့ မြန်မာ Trainer တွေသာမက၊ နိုင်ငံခြားသား Trainer တွေပါရှိပါတယ်။ အဖွဲ့လိုက်လေ့ကျင့်ခန်းတွေအတွက် လူ ၆၀ ခန့်အထိဆန့်တဲ့ ခန်းမရှိပြီး စက်ဘီးနင်း၊ လက်ဝှေ့ကြိုးဝိုင်း နဲ့ Combat Zone တွေလည်း ရှိပါတယ်။

အမျိုးသား၊အမျိုးသမီးသီးသန့် ချွေးထုတ်ခန်းတွေရှိတဲ့အပြင် အဝတ်လဲခန်းတွေဟာဆိုရင်လည်း ကျယ်ဝန်းသပ်ရပ်ကာ အဆင့်အတန်းမြင့်လှတာကိုတွေ့ရမှာပါ။ သွားရ၊လာရလွယ်ကူတဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်က Myanmar Plaza ၄ လွှာမှာတည်ရှိပြီး မနက် ၆ နာရီကနေ ည ၁၂ နာရီထိ ဖွင့်လှစ်တာကြောင့် နောက်ကျတဲ့အထိအလုပ်လုပ်ရတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အချိန်မအားလပ်တဲ့ သူတွေအတွက်တကယ့်ကိုအဆင်ပြေပါတယ်။

play

 

Myanmar Plaza မှာတည်ရှိတာကြောင့် Gym ကစားပြီးတဲ့နောက်မှာ တစ်ခါတည်း ဈေးဝယ်ထွက်တာ၊ ညစာစားတာ၊ ဒါမှမဟုတ် သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ ချိန်းပြီးတွေ့ဆုံတာ၊ Night Out ထွက်ပြီး Bar နဲ့ Club တွေသွားတာမျိုးတွေကို တစ်နေရာတည်းမှာတင် အဆင်ပြေပြေလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Power House ကနေပြီး လာမယ့် မေလ ၁၁ ရက် သောကြာနေ့မှာဆိုရင် ဗိုလ်ချုပ်လမ်းမပေါ်ရှိ Junction City၊ ၄ လွှာမှာပါ Power Studio အမည်နဲ့ Power House ရဲ့ Standard တွေ၊ Facility တွေအတိုင်း ထပ်မံဖွင့်လှစ်သွားဦးမှာ ဖြစ်တာကြောင့် ကိုယ့်အတွက်ပိုအဆင်ပြေတဲ့နေရာကို ပိုပြီးရွေးချယ်လို့ရသွားမှာ ဖြစ်တဲ့ အကြောင်းလည်း တစ်ခါတည်းသတင်းကောင်းပါးလိုက်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD