Lifestyle: အင်တာနက်မှာ ရေပန်းစားနေတဲ့ PPAP

, updated

ပြည်တွင်းရော ပြည်ပမှာပါ PPAP တွေ ဖြစ်ကုန်ကြပါပြီ။

play

 

လတ်တလော အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံးအရာကို ညွှန်ပြရမယ်ဆို PPAP ပါပဲ။ ကလေးကဗျာလိုလို ရွတ်ဆိုရတဲ့ သီချင်းတိုလေးဟာ ကမ္ဘာတစ်ဝန်းလုံးအထိကို ပျံ့နှံ့နေပါတယ်။ မြွေရေခွံပုံစံ အဝါရောင်ဝမ်းဆက်ကို ကျားသစ်ကွက်ဒီဇိုင်း မာဖလာနဲ့ပတ်ပြီး သီဆိုကပြခဲ့တဲ့သီချင်းဟာ အတော်ကို ဂယက်ရိုက်နေတာဖြစ်ပါတယ်။

play

 

Pen Pineapple Apple Pen (PPAP) ကို တေးရေးတေးဆို ပီကိုတာရို (Piko-Taro)က ရေးစပ်ခဲ့တာပါ။ DJ Kosaka Daimaou က ပီကိုတာရိုကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

play

 

ပန်းသီးတစ်လုံး ဘောပင်တစ်ချောင်းနဲ့ စာသားလေးသုံးပိုဒ်ဟာ မထင်မှတ်ဘဲ လူကြိုက်များသွားခဲ့တာဖြစ်ပြီး အာရှနဲ့ အမေရိကအထိပါ ရောက်ရှိသွားခဲ့ပါတယ်။ YouTube ပေါ်မှာလည်း PPAP ကို သီဆိုကပြထားတဲ့သူတွေ အလျှိုလျှို ပေါ်ထွက်လာတာကို တွေ့မြင်ရမှာပါ။

PPAP သီချင်းစာသား

I have a pen

I have an apple

ugh

Apple pen.

I have a pen

I have pineapple

ugh

Pineapple pen.

Apple pen

Pineapple pen

ugh

Pen pineapple apple pen.

ှSource  : 9GAG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ