ထိုင်းလိုဆိုရင် (tod man pla) လို့ခေါ်တဲ့ ထိုင်းငါးအသားပြားကြော်ဟာ ထိုင်းနိုင်ငံမှာတော့ လမ်းဘေးအစားအစာထဲမှာ ဘုရင်တစ်ပါးပါပဲ။

ထိုင်းလိုဆိုရင် (tod man pla) လို့ခေါ်တဲ့ ထိုင်းငါးအသားပြားကြော်ဟာ ထိုင်းနိုင်ငံမှာတော့ လမ်းဘေးအစားအစာထဲမှာ ဘုရင်တစ်ပါးပါပဲ။ ထိုင်းနိုုင်ငံမြို့ကြီးတွေရဲ့ ညဈေးတန်းတွေ၊ လမ်းဘေးဆိုင်တွေမှာ ရောင်းချပြီး သရေစာအဖြစ်၊ ထမင်းနဲ့ တွဲဖက်စားလို့ရတဲ့ ဟင်းလျာတစ်မျိုးအဖြစ် စားသုံးနိုင်ပါတယ်။ အဲဒီလို ထိုင်းနိုင်ငံမှာ နာမည်ကျော် street food တစ်မျိုးဖြစ်တဲ့ ထိုင်း ငါးအသားပြားကြော်ကို အိမ်မှာကိုယ်တိုင်လုပ်စားနိုင်အောင် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းတွေကတော့... လတ်ဆတ်တဲ့ အရိုးထုတ်ပြီးသား ငါးအသား (ဥပမာ။ ငါးကြီးဆီထုတ်လို့ရတဲ့ ပင်လယ်ငါးကြီးအသား) (၁) ပေါင်ခွဲခန့်၊ ကြက်ဥ (၂) လုံး၊ ငရုပ်ကောင်းမှုန့် (၁/၂) ဇွန်း၊ နံနံပင် နုတ်နုတ်စင်းပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ စပါးလင် နုတ်နုတ်စင်းပြီး လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်၊ ကြက်သွန်မြိတ် (၃) ပင်ခန့်၊ ကြက်သွန်နီဥ အသေး (၂) လုံး၊ ပဲသီးစိမ်း (၁/၂) ပေါင်၊ သံပုရာရည် (၁) ဇွန်း၊ ပုဇွန် အနှစ် (၁) ဇွန်း၊ ငံပြာရည် (၁) ဇွန်း၊ ငရုပ်သီးခြောက် (၁၀) တောင့်ခန့်၊ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (၁) ခွက်တို့ပဲ ဖြစ်ပါတယ်။

စတင်ပြုလုပ်တော့မယ်ဆိုရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ နံနံပင်၊ သံပုရာရည်၊ ထောင်းပြီးသား ငရုပ်သီးခြောက်၊ ဆားနဲ့ ပုဇွန်အနှစ်တို့ကို ကြိတ်စက်ထဲထည့်ပြီး ရောမွှေလိုက်ပါ။ တစ်သားတည်းကျသွားသည်အထိပေါ့။ ပြီးရင် ရလာတဲ့ဟင်းအနှစ်နဲ့ ငါးကို အသားကြိတ်စက်ထဲမှာ ရောမွှေလိုက်ပါ။

 

ပြီးပြီဆိုုရင် ရလာတဲ့ငါးအသားလုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ (၂) လုံးရယ်၊ ငံပြာရည်ရယ်ထည့်ပြီး နယ်ပေးလိုက်ပါ။ ပြီးရင် ပဲသီးစိမ်း ပဲတောင့်ရှည်ကို ပါးပါးလှီးပြီး ငါးအသားလုံးထဲမှာ ရောပေးလိုက်ပါဦး။ ပါဝင်ပစ္စည်းအားလုံးစုံပြီဆိုရင် လက်အိတ်အပါးတစ်ထည်စွပ်ပြီး ငါးအသားနဲ့ တခြားပါဝင်ပစ္စည်းတွေကို နံ့စပ်သွားအောင် (၇) မိနစ်ခန့်လုံးပေးလိုက်ပါ။ ပြီးရင် (၁၀) မိနစ်လောက် ဒီတိုင်းနှပ်ထားပေးလိုက်ပါ။

ပြီးရင် လက်ကိုဟင်းသီးဟင်းရွက်ဆီ နည်းနည်းစွတ်ပြီး ငါးအသားလုံးကို စက်ဝိုင်းပုံုသဏ္ဍာန် ငါးအသားပြားလေးတွေဖြစ်အောင် ပုံသွင်းပေးလိုက်ပါ။ ပုံစံဝင်အောင် ဇွန်းလေးတစ်ချောင်းနဲ့ ဖိပေးလို့လည်း ရပါတယ်။ ပြီးရင် ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက်ဆီကိုထည့်ပြီး အပူပေးလိုက်ပါ။

ဆီပူပြီဆိုတော့မှ ငါးအသားပြားလေးတွေကို ဆီပူထဲထည့်ပြီး ရွှေအိုရောင် သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။ ကြော်ပြီးလို့ရတဲ့ ငါးအသားပြားကြော်လေးတွေကိုတော့ စက္ကူတစ်ရှူးပေါ်မှာ ဆီစစ်ပေးလိုက်ပါ။ ပြီးရင်တော့ သခွားသီးသုပ် (သို့) ထမင်းဖြူနဲ့ တွဲဖက်စားသုံးပေးနိုင်ပါတယ်။

Source: 196flavors

Share

Loading Next Article...
က္က