တစ်နေ့ကို ရေ (၆) ခွက်ကနေ (၈) ခွက်ကြား သောက်ပေးမယ်ဆိုရင် ရေဓာတ်ပြည့်ဝစေပါတယ်။

ဝိတ်ချဖို့ကြိုးစားနေတာပဲဖြစ်ဖြစ်၊ ပိုမိုကျန်းမာချင်လို့ပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာမလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ရေသောက်ပေးတာပါပဲ။ တစ်နေ့ကို ရေ (၆) ခွက်ကနေ (၈) ခွက်ကြား သောက်ပေးမယ်ဆိုရင် ရေဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ် ကိုယ်တွင်းကလီစာတွေကိုလည်း ကောင်းကောင်း အလုပ်လုပ်အောင် ကူညီပေးနိုင်ပါတယ်။

 

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ရေချည်းပဲသောက်မယ့်အစား ရေထဲမှာတချို့ပါဝင်ပစ္စည်းလေးတွေ ရောထည့်လိုက်ရင် အာနိသင်ကို (၂) ဆတိုးသွားစေတာပါပဲ။ အောက်မှာဖော်ပြပေးမှာကတော့ ပြုလုပ်ရတာလည်း လွယ်ကူမြန်ဆန်တဲ့ ရသာရေ လေးတွေပြုလုပ်ဖျော်စပ်နည်းပါပဲ။

၁။ ဂျင်းပြုတ်ရည် (ချင်းပြုတ်ရည်)

AdobeStock_69793311.jpg 

သိပ်ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။ ဂျင်းစိမ်း (ချင်းစိမ်း) တစ်တက်ကို ရေထဲထည့်စိမ်ပြီး ဒယ်အိုးထဲထည့်၊ အပူပေးလိုက်ရုံပါပဲ။ ပြီးရင် (၁၅) မိနစ်လောက် အအေးခံပြီး သောက်ပေးရုံပါပဲ။ ဘာတွေကောင်းလဲဆိုတော့ ဂျင်းပြုတ်ရည်ကို ဓမ္မတာလာပြီးနောက် အမျိုးသမီးတွေ နာကျင်မှုဝေဒနာခံစားရမှုတွေ၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေ၊ ခေါင်းမူူးခြင်းတွေ၊ အော့အန်ခြင်းတွေကို ကုသဖို့အတွက် သောက်သုံးကြပါတယ်။ တချို့ကတော့ ဂျင်းပြူတ်ရည်ကို သောက်လို့ပိုမိုအဆင်ပြေအောင်ဆိုပြီး ထန်းလျက်နဲ့ ရောကြိုကြပါတယ်။

၂။ သခွားသီးရေ (Cucumber water)

Cucumber-water.jpg 

ဒါလေးကိုပြုလုပ်ရတာလည်း လွယ်ကူပါတယ်။ အရင်ဆုံး သခွားသီးတစ်လုံးကို အခွံချွတ်ပြီး လက်မဝက်အရွယ် အဝိုင်းလေးတွေဖြစ်အောင်လှီးလိုက်ပါ။ ထိပ်နှစ်ဖက်ကိုတော့ ချန်ထားလိုက်ပါ။ ပြီးရင်တော့ သခွားသီးစိတ်လေးတွေရယ်၊ ရေရယ်ကို ခရားကြီးတစ်လုံးထဲမှာထည့်ပြီး တစ်နာရီလောက်စိမ်ထားပေးလိုက်ပါ။ အေးအေးလေးဖြစ်အောင် ရေခဲသေတ္တာထဲထည့်ထားလို့လည်း ရပါတယ်။

သခွားသီးရေသောက်ခြင်းရဲ့ကောင်းကျိုးတွေကတော့ ကြွက်သားအတွက်ကောင်းမွန်တာပါပဲ။ သခွားသီးမှာ ဆီလီကာဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးပါဝင်ပြီး အဲဒီဓာတ်ပေါင်းက အရိုးအဆက်တစ်ရှူးတွေကို ကျန်းမာစေတဲ့အရာတစ်မျိုးပါပဲ။ နောက်တစ်ခုက သခွားသီးရေသောက်ခြင်းက မျက်နှာပေါ်ကို သခွားသီးကပ်သလိုပဲ။ အရေပြားကို ကျန်းမာသန့်စင်စေပါတယ်။

၃။ နှင်းဆီရေ (Rose water)

rose-water.jpg 

လတ်ဆတ်သင်းပျံ့တဲ့နှင်းဆီပန်းလေးတွေကို ရွေးချယ်ပြီး ပွင့်ချပ်လေးတွေချည်း ခြွေလိုက်ပါ။ ပြီးရင် အဲဒီပွင့်ချပ်တွေကို ဒယ်အိုးတစ်လုံးထဲမှာ ရေနဲ့ရောလိုက်ပါ။ ပြီးရင်တော့ အဖုံးပိတ်ပြီး အပူခပ်ပျော့ပျော့ ပေးလိုက်ပါ။ ပြီးရင် ဇကာတစ်ခုနဲ့ အရည်တွေကိုချည်း စစ်ထုတ်လိုက်ပါ။

နှင်းဆီရေကတော့ အရေပြားပေါ်က pH လယ်ဗယ်ကို ထိန်းညှိပေးပြီး အဆီပိုတွေကိုလည်း စစ်ထုတ်ပေးပါတယ်။ ဒါကြောင့် အလှအပမြတ်နိုးသူမိန်းကလေးတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ နောက်တစ်ခုက နှင်းဆီရေဟာ အရေပြားယားယံခြင်း၊ နီရဲခြင်း၊ ဝက်ခြံနဲ့ နှင်းခူနာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ဆံပင်ကိုဆွတ်ပေးမယ်ဆိုရင်လည်း ပျော့ပျောင်းတောက်ပ စေမှာပါ။

Source: indianspot

Share

Loading Next Article...
က္က