Relationships: အချစ်ရေး ခိုင်မြဲဖို့ အမှီအခိုကင်းတဲ့ဘဝ ရှိသင့်တဲ့ အကြောင်းရင်း (၅) ခု

, updated

တစ်ယောက်တည်းလည်း နေတတ်ဖို့ လိုပါတယ်။

play

 

ကိုယ်တိုင်က အမှီအခိုကင်းနေမှသာ ရင့်ကျက်တည်ငြိမ်သူဖြစ်ပြီး ကိုယ်ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာလုပ်သင့်တယ်ဆိုတာကို သေချာ တွေးခေါ်နိုင်မှာ ဖြစ်သလို ကိုယ့်ရဲ့အချစ်ရေးကို ခိုင်မြဲအောင် ဘယ်လို တည်ဆောက်ရမယ်ဆိုတာလည်း သိနိုင်မှာ ဖြစ်ပါတယ်။

၁။ သူနဲ့ ပတ်သက်ပြီး အားလုံးကို သဘောကျတယ်ဆိုတာ သေချာစေဖို့

လူတစ်ယောက်အနားမှာ အမြဲနေနေရင် သူနဲ့ ပတ်သက်ပြီး အမှန်အတိုင်းမြင်တတ်ဖို့ ခက်ပါတယ်။ သင့်ချစ်သူအပေါ် မျက်ကန်းတစ်ယောက်လို အရူးအမူးချစ်ရုံ သက်သက်မဟုတ်ဘူးဆိုတာ သေချာဖို့ သူနဲ့ ခဏလောက် ဝေးဝေးနေပြီး သုံးသပ်နိုင်ဖို့ လိုပါတယ်။

၂။ သင်ဘာလိုချင်သလဲဆိုတာ အာရုံစိုက်နိုင်ဖို့

နှစ်ယောက်အတူ ဆုံးဖြတ်ကြတဲ့ ကိစ္စတွေ ရှိပေမဲ့ ကိုယ်တစ်ဦးတစ်ယောက်တည်းအနေနဲ့ ဘာလိုအပ်သလဲ ဆိုတာကိုလည်း အာရုံစိုက်ဖို့ လိုပါတယ်။ တခြားတစ်ယောက်အတွက်ကြောင့် သင့်ရဲ့ ကိုယ်ပိုင် လိုအပ်ချက်တွေ ပျောက်မသွားသင့်ပါဘူး။

play

 

၃။ အမှီအခိုကင်းတဲ့ လူတစ်ယောက်ဖြစ်စေဖို့

သင့်ကို ကူညီအားပေးနိုင်တဲ့သူ ဘယ်လောက်ပဲရှိရှိ သင့်ဘာသာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှုရှိအောင် တည်ဆောက်နိုင်ပြီဆိုရင် ဆက်ဆံရေး (relationship) တွေကနေ သင်ဘာလိုချင်သလဲဆိုတာ သိနိုင်ပါတယ်။

၎။ တစ်ကိုယ်တည်းအတွေ့အကြုံတွေ ရရှိဖို့

သင့်ဘဝက ပြည့်စုံကောင်းမွန်လေ သင့်ရဲ့အချစ်ရေးက စိတ်ဝင်စားစရာကောင်းလေပါပဲ။ ကိုယ်တိုင်အတွေ့အကြုံရယူပြီး အမြင်မတူတဲ့သူတွေနဲ့ အဲဒီအတွေ့အကြုံတွေကို ဆွေးနွေးခြင်းအားဖြင့် သင်ယူလေ့လာနိုင်ပါတယ်။ အတွေ့အကြုံရင့်ကျက်မှသာ ရင့်ကျက်တည်ငြိမ်တဲ့ဘဝကို တည်ဆောက်နိုင်မှာ မဟုတ်လား။

play

 

၅။ အမြဲမတွေ့ရမှ သူ့ကို မြင်ရတာ ရင်ခုန်စရာကောင်းမှာပါ

လူတစ်ယောက်ကို အချိန်ပြည့်မြင်နေရရင် ငြီးငွေ့သွားနိုင်ပါတယ်။ လူတစ်ယောက်ကို လွမ်းနေရတဲ့ အချိန်တွေ ရှိမှသာ သူနဲ့ တွေ့ချိန်မှာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ