Relationships: ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဝတ်သင့်တဲ့အရောင်

, updated

အညိုရောင်တော့ မဝတ်ပါနဲ့။ အရောင်လည်းမှိုင်းသလို ဆွဲဆောင်မှုလည်းအားနည်းပါတယ်။

play

 

ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်လာမလားလို့ ရည်မှန်းထားတဲ့လူနဲ့ ပထဆုံးချိန်းတွေ့တော့မယ်ဆို သူ့ဘက်က ကိုယ့်ကိုမြင်မြင်ချင်း စိတ်ပျက်မသွားအောင်တော့ ကြိုးစားရမှာပါ။  ကိုယ့်မှာရှိပြီးသား ပင်ကိုယ်အရည်အချင်းတွေအပြင် သပ်ရပ်တဲ့အပြင်အဆင်လည်း လိုအပ်တာပေါ့။ အဝတ်အစားဝတ်ရင်လည်း သူစိတ်ဝင်စားမယ့်အရောင်ကို ရွေးချယ်ရင် ပိုကောင်းပါတယ်။

play

 

အမေရိကန်ရဲ့ လက်ကားအရောင်းကုမ္ပဏီကြီးဖြစ်တဲ့ Buy T-Shirts Online က ပထမဆုံးချိန်းတွေ့မှုနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ်။ ပထမဆုံးချိန်းတွေ့ချိန်မှာ ဘာအရောင်ကို သဘောကျလဲဆိုတဲ့ မေးခွန်းကို လူ ၁၀၀၀ ကို မေးမြန်းခဲ့တာပါ။

play

 

များသောအားဖြင့် အနက်ရောင်လို့ ဖြေကြပြီး အနက်ရောင်ဝတ်ဆင်သူတွေက အကောင်းမြင်သမား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူ၊ ထက်မြက်ပြီး ဆက်စီကျသူလို့ မြင်ကြပါတယ်။ အတော်များများကလည်း ပထမဆုံးချိန်းတွေ့ရာမှာ အနက်ရောင်ဝတ်ကြပါသတဲ့။ အမျိုးသားတွေကတော့ အနီရောင်ဝတ်တဲ့အမျိုးသမီးကို ပိုသဘောကျတယ်လို့ ပြောကြားပါတယ်။ ပထမဆုံးချိန်းတွေ့ချိန်မှာ အနီရောင်ဝတ်တဲ့အမျိုးသမီးဟာ ဆွဲဆောင်မှုရှိတယ်လို့လည်း မြင်မိကြောင်း အမျိုးသားတွေက ဆိုပါတယ်။

Source : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ