Relationships: အွန်လိုင်းမှာပဲ ရည်းစားထားတဲ့ ဆယ်ကျော်သက်တွေ တကယ့်ဘဝ ပြဿနာများကို မဖြေရှင်းနိုင်ဟုဆို

အွန်လိုင်းအတွေ့အကြုံတွေပဲ ရှိတာက လက်တွေ့ဘဝ အခက်အခဲတွေကို ဖြေရှင်းရာမှာ ပိုပြီး ခက်ခဲစေပါတယ်။

play

 

အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာပဲ ရည်းစားထားလေ့ရှိတဲ့ ဆယ်ကျော်သက် အမျိုးသားတွေဟာ ကြီးပြင်းလာတဲ့အခါ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်း မရှိကြောင်း သုတေသန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

play

 

အများအားဖြင့် လူမှုကွန်ယက်တွေကတဆင့် ချစ်သူရည်းစားတွေဆီ အမြဲအဆက်အသွယ် လုပ်လေ့ရှိတဲ့ ဆယ်ကျော်သက်လူငယ်အမျိုးသားတွေဟာ နောက်ပိုင်းမှာ ကြုံတွေ့ရမယ့် ချစ်သူရည်းစား၊ အိမ်ထောင်မှု ပြဿနာတွေကို ရင်ဆိုင်နိုင်စွမ်းမရှိဘူးလို့ အဆိုပါသုတေသနက အခိုင်အမာ စစ်တမ်းထုတ်ထားပါတယ်။ အဓိက အချက်ကတော့ လူမှုကွန်ယက် အလွန်အကျွံသုံးစွဲခြင်းဟာ နောက်ပိုင်းမှာ အတည်တကျ ကြုံတွေ့ရမယ့် အချစ်ရေး ပြဿနာကို ရင်ဆိုင်နိုင်စွမ်း မရှိတာပဲ ဖြစ်ပါတယ်။

play

 

ကာရိုလိုင်းနား မြောက်ပိုင်းတက္ကသိုလ်က ဆယ်ကျော်သက် ၄၈၇ ဦးကို လေ့လာချက်အရ ဒီအဖြေထွက်ခဲ့တာဖြစ်ပါတယ်။ ချစ်သူရည်းစားတွေ ရန်ဖြစ်တဲ့အခါ ဘယ်လို ပြေလည်အောင် ညှိနှိုင်းရမလဲ ဆိုတာကို အမျိုးသားတွေက အမျိုးသမီးတွေလောက် မသိကြပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ