Relationships: အမျိုးသားတွေ သဘောမကျတဲ့ အမျိုးသမီးတွေရဲ့ပုံစံ (၁၀) မျိုး

ဒီလိုအကျင့်မျိုး၊ ပုံစံမျိုးတွေရှိရင် ဆွဲဆောင်မှုကို ကျဆင်းစေပါတယ်။

play

 

အမျိုးသမီးတစ်ဦးမှာ လိုအပ်တာထက် တစ်ခုခု လွန်ကဲနေရင် အမျိုးသားတွေ  သဘောမကျတတ်ပါဘူး။

၁။ ထူးခြားလွန်းတဲ့ဆံပင်စတိုင်

play

 

သဘာဝကို အရမ်းဆန့်ကျင်လွန်းတဲ့ ဆံပင်အရောင်ဆိုးထားတာတို့၊ ခေါင်းမှာ ကလစ်တွေ အများကြီးထိုးတာတို့ လုပ်ပြီး မိန်းကလေးအချို့က သူများနဲ့ မတူ ထူးခြားဆန်းပြားအောင် စတိုင်ထွင်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုပုံစံတွေကို အမျိုးသားတွေက သဘောမကျပါဘူး။

၂။ မိတ်ကပ်ထူပြစ်နေအောင် လိမ်းခြင်း

play

 

အရုပ်ကြီးတစ်ရုပ်လိုဖြစ်အောင် ပြင်လွန်းတာမျိုးကိုလည်း အမျိုးသားတွေက စိတ်ပျက်ပါတယ်။

၃။ မျက်တောင်တွေ စီးကပ်နေခြင်း

play

 

မက်စ်ကာရာသုံးတာများသွားရင် မျက်တောင်တွေက ထူပိန်းပြီး တစ်ခုနဲ့တစ်ခု ကပ်သွားတတ်ပါတယ်။  ဒါ့အပြင် အခန့်မသင့်ရင် အနက်ရောင်တွေက မျက်လုံးနားတစ်ဝိုက်မှာ ပေသွားတတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့ မိန်းကလေးတွေကိုလည်း ယောက်ျားတွေက နှာခေါင်းရှုံ့ချင်ပါတယ်။

၎။ မျက်နှာ ပြောင်လက်အောင် ခြယ်ထားခြင်း

play

 

ပြောင်ပြောင်လက်လက်တွေပါတဲ့ ပါးနီနဲ့ အိုင်းရှဲဒိုးတွေကို အလွန်အကျွံသုံးရင်လည်း အမျိုးသားတွေက မနှစ်သက်ပါဘူး။

၅။ သွားတွေဝါပြီး ခံတွင်းနံ့ဆိုးခြင်း

play

 

ခံတွင်းနံ့ဆိုးသူကို ဘယ်သူမှ သဘောမကျသလိုပဲ သင့်ချစ်သူဆိုရင်တောင် သင့်ကို စိတ်ကုန်သွားပါလိမ့်မယ်။

၆။ ခန္ဓာကိုယ်ကို ဂရုစိုက်မှုနည်းခြင်း

play

 

လက်သည်းခြေသည်းတွေကို လှပအောင် မညှပ်တာ၊ ချိုင်းမွေးတွေ ရှည်နေတာဟာ ယောက်ျားတွေ အလွန်စိတ်ပျက်တဲ့အရာတွေပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတာကို မိတ်ကပ်တွေ၊ အဝတ်အစားအကောင်းစားတွေနဲ့ ဖုံးအုပ်လို့ မရပါဘူး။

၇။ အသားခြောက်လွန်း၊ အဆီပြန်လွန်းခြင်း

play

 

အသားတွေ ခြောက်ပြီး အကွက်ကွက်တွေ ထနေတာတို့၊ မျက်နှာမှာ အဆီတဝင်းဝင်းဖြစ်နေတာတို့ကလည်း ဘယ်လိုမှ နှစ်သက်စရာမကောင်းပါဘူး။ အက်ကွဲနေတဲ့ နှုတ်ခမ်းသားတွေနဲ့လည်း ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ။

၈။ လူကြားထဲ အလှပြင်ခြင်း

play

 

သင် လှပဆွဲဆောာင်မှုရှိအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ ယောက်ျားတွေက မမြင်တွေ့ချင်ကြပါဘူး။

၉။ နှုတ်ခမ်းသားတွေမဲနေခြင်း

play

 

နဂို နှုတ်ခမ်းသားမဲနေတာပဲဖြစ်ဖြစ် နှုတ်ခမ်းနီအရောင်ရွေးတာ မှားသွားတာကြောင့်ပဲဖြစ်ဖြစ် နှုတ်ခမ်းသားတွေက မဲညစ်ညစ်ဖြစ်နေတာမျိုးကိုလည်း သူတို့တွေ မုန်းပါတယ်။ တတ်နိုင်သမျှ အရောင်လွင်လွင်လေးတွေ၊ တောက်တောက်လေးတွေ ဆိုးသင့်ပါတယ်။

၁၀။ ရေမွှေးနံ့မွှန်ထူနေခြင်း

play

 

ရေမွှေးနံ့ကို အမျိုးသားတွေ နှစ်သက်ပေမဲ့ လွန်ကဲလာရင် ဘယ်အရာမှ မကောင်းပါဘူး။ ရေမွှေးကောင်းကောင်းလေးကို နားနောက်ရယ်၊ လက်ကောက်ဝတ်ရယ်၊ လည်ပင်းရယ်မှာ စွတ်ပါ။  အဲဒါဆို လုံလောက်ပါပြီ။

Source & Photos :Family

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ